ဧဝရတ်တောင် ရေခဲထုကို အကြီးအကျယ်ခြိမ်းခြောက်နေသော ရာသီဥတု ပြောင်းလဲမှု

ဧဝရတ်တောင် ရေခဲထုကို အကြီးအကျယ်ခြိမ်းခြောက်နေသော ရာသီဥတု ပြောင်းလဲမှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ကမ်ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရတ်တောင်၏ သိပ်သည်းသော ရေခဲထုများကိုပင် ခြိမ်းခြောက်လာပြီဖြစ်သည်။
သုတေသီများ၏ လေ့လာတွေ့ရှိချက်တစ်ခုအရ ရာသီဥတုပြောင်းလဲမှုကြောင့် ဧဝရတ်တောင်တွင် လျင်မြန်သောအရှိန်ဖြင့် ရေခဲပျော်ကျမှုများ ဖြစ်ပေါ်နေပြီး ထိုသို့ရေခဲပျော်ဆင်းမှုကြောင့် ပြီးခဲ့သည့် ၂၅ နှစ်အတွင်း ၂ဧဝရတ်တောင်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော South Col ရေခဲတောင်၏ ရေခဲထု ၅၄ မီတာ၊ ၁၈၀ ပေ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၇,၉၀၆ မီတာ၊ ၂၅,၉၃၈ ပေခန့်တွင်ရှိသော South Col ရေခဲတောင်၏ မျက်နှာပြင်ရေခဲထု ဖြစ်ပေါ်လာသောနှုန်းထက် အဆ ၈၀ ခန့် မြန်ဆန်စွာပျော်ဆင်းနေကြောင်း၊ ထို့ကြောင့် ရေခဲထုမှာ ပါးလွှာလာကြောင်း University of Maine က ဦးဆောင်ပြုလုပ်သည့် လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားပြီး ရာသီဥတု ပူနွေးမှု၊ အပူချိန်မြင့်တက်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ရေခဲပျော်ဆင်းမှုများ မြန်ဆန်လာခြင်းဖြစ်သည်ဟု ဆိုသည်။
၁၉၉၀ ပြည့်လွန်နှစ်များကတည်းက နှစ်ပေါင်း ၂၀၀၀ ခန့်ကြာ စုဆောင်းထားရတဲ့ရေခဲတွေ လျင်မြန်စွာ ပျော်ဆင်းလာခဲ့သည်ဟု သုတေသီများက ပြောသည်။ အတွင်းပိုင်းရေခဲနက်များအထိ နေရောင်ထိတွေ့မှုကလည်း အရည်ပျော်မှုဖြစ်စဉ်ကို အရှိန်မြှင့်ပေးကြောင်း လေ့လာမှု၏ ဦးဆောင်သုတေသီတစ်ဦးဖြစ်သည့် ဒေါက်တာ Mariusz Potocki က မှတ်ချက်ပြုသည်။
(ပုံစာ၊ ဧဝရတ်တောင် အမြင့်ပေ ၂၇၀၀၀ တွင် ရေခဲအူတိုင် တူးဖော်စမ်းသပ်နေသည့် သုတေသီများ)
Greeness
ref-Livescience
Photo-Dirk Collins

About The Author

greenness_mm

No Comments

Leave a Reply