၂၀၂၃ မှာ အပင်နဲ့ အကောင် မျိုးစိတ်သစ် ထောင်နဲ့ချီပြီး တွေ့ရှိခဲ့

၂၀၂၃ မှာ အပင်နဲ့ အကောင် မျိုးစိတ်သစ် ထောင်နဲ့ချီပြီး တွေ့ရှိခဲ့

သိပ္ပံပညာရှင်တွေက အပင်နဲ့ အကောင် မျိုးစိတ်သစ်တွေကို ဆက်လက်ရှာဖွေနေရာ ၂၀၂၃ တုန်းက မျိုးစိတ်သစ် ထောင်နဲ့ချီပြီး တွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒိအထဲမှာ အချို့သော မျိုးစိတ်တွေက လူတွေမသိလိုက်ရဘဲနဲ့ မျိုးသုဉ်းပျောက်ကွယ်သွားတာတွေလည်း ရှိနေပါတယ် ။ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဇီဝမျိုးကွဲများစွာက အကျပ်အတည်းနဲ့ရင်ဆိုင်နေရပေမဲ့ ၂၀၂၃ မှာတော့ ဗြိတိန်သဘာဝသမိုင်းပြတိုက်က မျိုးစိတ်သစ် ၈၁၅ မျိုး စံချိန်တင် စုဆောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်ုပ်တို့မသိသေးတဲ့ အရာကို ကာကွယ်နိုင်စွမ်းမရှိသည့်အပြင် မျိုးစိတ်သစ်များကို ဖော်ပြခြင်းသည် သဘာဝကမ္ဘာအနှံ့ရှိ ဇီဝမျိုးစုံမျိုးကွဲများ ကျဆင်းလာမှုကို ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြောင်းပြန်လှန်ခြင်း တွင် အလုပ်များစွာကို အထောက်အပံဖြစ်စေသည့် အဓိကကျသော ရှုထောင့်တစ်ရပ်ဖြစ်သည်” ဟု ပြတိုက်က ရေးသားထားပါတယ်။
ဗြိတိန်သဘာဝသမိုင်းပြတိုက်အဆိုအရ ၂၀၂၃ ခုနှစ်က နကျယ်ကောင်နှစ်လို့ပြောရမှာဖြစ်ပြီး နကျယ်မျိုးစိတ် ၆၁၉ မျိုးအထိ အသစ်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ယင်းတို့အနက် အများစုသည် Encyrtidae လို့ခေါ်တဲ့ အုပ်စုဝင်ဖြစ်ပါတယ် ။
Doctor Who ၏ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် Dalek အမည်ဖြင့် နကျယ်ကောင် မျိုးစိတ် ၁၄ မျိုးကို နာမည် ပေးအပ်ရန် သိပ္ပံပညာရှင်များက ဆုံးဖြတ်ခဲ့ကြပါတယ်။ ။ ‘ဒါဟာ မျိုးရိုးအတွက် နာမည်ကောင်းတစ်ခုလို့ ကျွန်တော်ထင်ခဲ့ပြီး ငယ်ငယ်က Doctor Who ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ရတာ ပျော်ရွှင်စရာလို့ ကျွန်တော်ထင်ပါတယ်’ လို့ ရှာဖွေတွေ့ရှိမှုမှာ လုပ်ဆောင်ခဲ့တဲ့ ဒေါက်တာ John Noyes က ပြောပါတယ်။
နောက်မျိုးတစ်ခုကတော့ ရေငုပ်သမားများနှင့် ငါးပြတိုက်စောင့်သူများက ဆယ်စုနှစ်များစွာ သိကျွမ်းခဲ့ပေမဲ့ ၎င်းကို လက်တင်အမည်ဖြင့် တရားဝင်ဖော်ပြခဲ့တာက မနှစ်ကမှစခဲ့တာပါ။ သာမှန်အားဖြင့် မီးသီးကောင်လို့ သိကြတဲ့ မက္ကဆီကိုပင်လယ်ကွေ့မှာတွေ့ရတဲ့ ကြည်လင်နေတဲ့ရေနေပင်လယ်သတ္တဝါဖြစ်ပါတယ်။ အခုတော့ Bellactic lux လို့ တရားဝင်ခေါ်ဝေါ်ပြီး ၎င်းသည် သားကောင်ကို ကိုက်ဖမ်းရန် ကျောက်ဆောင်အပေါက်များတွင် ခိုလှုံနေတတ်ပါတယ်။ အရွယ်က ၁ လက်မလောက်ပဲ ရှိတဲ့အတွက် သိရှိဖို့က မလွယ်ကူပေမဲ့ ကျောက်ဆောင်တွေပေါ်မှာ အထစ်ထစ် ဖြစ်နေရင် အဲ့ ကောင်တွေရှိနေတတ်တယ်ဆိုတာကို သိနိုင်ပါတယ်။
အီကွေဒေါနိုင်ငံ အမေဇုန်တွင် ယခုနှစ်အတွင်း အလွန်အရွယ်အစားကြီးတဲ့ ပင့်ကူတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒိနိုင်ငံရဲ့ မျိုးစိတ်သစ်တွေ့ရှိမှုမှာ ပထမဆုံးဖြစ်ခဲ့ပါတယ်။ Pedro Peñaherrera-R နှင့် Diego Cisneros-Heredia သည် အီကွေဒေါနိုင်ငံရှိ Tiputini ဇီဝမျိုးစုံမျိုးကွဲစခန်းအနီးတွင် ညဥ့်အချိန်ခရီးသွားနေစဉ်တွင် ဧရာမ ကဏန်းပင့်ကူကြီးဖြစ်သော ကဏန်းပင့်ကူကြီးအား ထိမိ၍ လဲကျသွားသည်။ Peñaherrera-R ၏အဘိုးကို ဂုဏ်ပြုသောအားဖြင့် မျိုးစိတ်သစ် Sadala rauli ဟု အမည်ပေးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ကြီးမားတဲ့ သားရဲက မျက်လုံး ရှစ်လုံး ၊ ခြေရှစ်ချောင်းနှင့် လိမ္မော်ရောင် အနီရောင်ဝမ်းဗိုက်တို့ ရှိပါတယ် ။ ၎င်းက သစ်ရွက် သို့မဟုတ် အင်းဆက်ပိုးမွှားများကို ကျော်ဖြတ်ရန် အဆင်သင့်ဖြစ်နေကာ သစ်ပင်ရဲ့ ပင်စည်ပေါ်ကနေ ချောင်းမြောင်း နေတတ်ပါတယ်။
၂၀၂၃ မှာ သိပ္ပံပညာရှင်များက ခရုစားသော မြွေအသစ်ငါးကောင်ကိုတွေ့ရှိခဲ့ပါသေးတယ်။ သစ်ပင်များမှာ နေထိုင်တဲ့ မျိုးစိတ်ဖြစ်ပြီး လက်တင်ဘာသာဖြင့် DiCaprio ၏ခရုစားသောမြွေ သို့မဟုတ် Sibon irmelindicaprioae ဆိုပြီးနာမည်ပေးထားပါတယ်။ အဲ့ဒိအမည်က ဟောလီးဝုဒ်နာမည်ကြီး မင်းသား (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူ) လီယိုနာဒို ဒီကာပရီယိုရဲ့ နာမည်နဲ့တူနေပေမဲ့ တကယ်တော့သူရဲ့အမေ Irmelin အား ဂုဏ်ပြုပြီးပေးခဲ့တာပါ။ အဲ့ဒိမြွေတွေကို ပနားမားနှင့် ကိုလံဘီယာ ဒေသများတွင် တွေ့ရှိရပါတယ်။
နယူးဇီလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် လွန်ခဲ့သောနှစ်ပေါင်း သန်း ၅၀ ခန့်က ထိုဒေသတွင် ကျင်လည် ကျက်စားခဲ့သည့် ဧရာမပင်ဂွင်းမျိုးစိတ်နှစ်ခု၏ အရိုးများကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Kumimanu fordycei သည် ပန်ဒါကြီးတစ်ကောင်လောက် အလေးချိန်ရှိလောက်ပါတယ် ။ “အစောပိုင်း ရုပ်ကြွင်းပင်ဂွင်းအများအပြားသည် ကြီးမားတဲ့ အရွယ်အစားတွေရှိကြပါတယ်။ မျိုးစိတ်သစ် Kumimanu fordycei သည် ရှာဖွေတွေ့ရှိဖူးသမျှ အကြီးမားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းပင်ဂွင်းဖြစ်တယ်” လို့ မျိုးစိတ်ဖော်ပြချက်ကို ပူးတွဲရေးသားခဲ့သူ Cambridge တက္ကသိုလ်မှ သုတေသီ Dr Daniel Field က ပြောကြားခဲ့ပါတယ်။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply