၂၀၂၅ မှာ မက်ဒေါနယ် စားသောက်ကုန်တွေ မှာ ပလက်စတစ် လုံးဝမပါစေရဘူးလို့ အာမခံ

၂၀၂၅ မှာ မက်ဒေါနယ် စားသောက်ကုန်တွေ မှာ ပလက်စတစ် လုံးဝမပါစေရဘူးလို့ အာမခံ

ကမ္ဘာ့ စာသောက်ကုန် လုပ်ငန်း ဘီလူကြီး မက်ဒေါနယ်က သူ့ရဲ့စားသောက်ကုန်တွေကို လာမယ့် ၂၀၂၅ မှာပလက်စတစ်နဲ့ ပက်သက်တဲ့အရာ တစ်ခုမှာ မပါစေရဘူးလို့ အာမခံလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကတည်းက ကလေးတွေအတွက် စားသောက်ကုန်တွေမှာ အပေါစားပလက်စတစ် အရုပ်ကလေး ထည့်သွင်းတာတွေကိုလည်း ရပ်တန့်လိုက်တော့မယ်လို့လည်း ဆိုပါတယ်။ အဲ့ဒိအပေါစား အရုပ်တွေက ခဏပဲကစားလို့ ရတာဖြစ်တဲ့အတွက် အမှိုက်အဖြစ် ကမ္ဘာမြေပေါ်ကိုရောက်ရှိသွားပါတယ်။ ကုမ္ပဏီက ကစားစရာအရုပ်တွေ ထည့်ပေးတဲ့ ကိစ္စကို ဆက်လုပ်ပေးဦးမှာ ဖြစ်ပေမယ့် ဂေဟစနစ်နဲ့ လျော်ညီတဲ့ အခြားအမျိုးအစားတွေကို အစားထိုးဖို့အတွက်စဉ်းစားနေတယ်လို့ ဆိုပါတယ်။

သူတို့ က “ အပျော်တွေကိုထိန်းသိမ်းထားရင်း ကမ္ဘာကြီးကို ကာကွယ်ကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကလေးတွေအတွက် Happy Meal တွေ ကို ထုတ်လုပ်မယ်လို့ ဆိုထားပါတယ်။ ‘ ကျနော်တို့ က ပလက်စတစ်အစားထိုးဖို့အတွက် အပင်ထွက်ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဂိမ်းအစိတ်အ ပိုင်းတွေ ၊ ကတ်ပြားတွေ ၊ အရောင်ခြယ်စက္ကူတွေ နဲ့ သက်ရှိတွေကရတဲ့ ပစ္စည်းတွေနဲ့ လုပ်တဲ့ အရုပ်တွေကို ထည့်သွင်းပေးသွားမှာပါ။ ကျနော်တို့ရဲ့ အရုပ်နဲ့ ကစားစရာပစ္စည်းတွေက ပြန်လုပ်လို့ ရမယ့် ၊ ပြန်သုံးလို့ရမယ့်၊ ပလက်စတစ် ၉၀% မပါဘူးဆိုတဲ့ ထောက်ခံစာပါတဲ့ ပစ္စည်းဖြစ်ရမယ်ဆိုတာ အာမခံပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက မက်ဒေါနယ်က ကစားစရာအရုပ်တွေကို အင်္ဂလန် ၊ အိုင်ယာလန် နဲ့ ပြင်သစ်နိုင်ငံတွေဆီက ဝယ်ယူထာတဲ့ အမှာစာတွေ ရှိသေးတဲ့အတွက် အဲ့ဒိတကြော ပြတ်သွားတာနဲ့ သူတို့ ရဲ့ အစီအစဉ်ကို စလုပ်တော့မှာ ဖြစ်ပါတယ်။ လာမယ့် ၄နှစ် ပြီးရင် သူတို့ စီမံကိန်းစနိုင်ပြီဖြစ်ပါတယ်။ လက်ရှိကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ဂေဟစနစ်ပျက်ယွင်းမှု လက်သည်ဖြစ်တဲ့ ပလက်စတစ်အသုံးပြုမှုကို လုံးဝလျှော့ချလိုက်တာပါပဲ။ သူတို့ရဲ့ အစီအအစဉ်ကြောင့် ကမ္ဘာ့ လူဦးရေထဲက ၇ သိန်းလောက် နေ့စဉ်သုံးစွဲနေတဲ့ ပလက်စတစ် ပမာဏကို လျှေ့ချပေး နိုင်တော့မှာပါ။

 

မောင်ယဿ ( နိုဝင်ဘာ ၁၃ )

Ref; greencitizen

Photo ; delish

About The Author

greenness_mm

No Comments

Leave a Reply