COP 28 က လာတော့မယ် ဘာတွေ လုပ်ကြမှာလဲ

COP 28 က လာတော့မယ် ဘာတွေ လုပ်ကြမှာလဲ

နောက်လဆိုရင် ရေနံရောင်းစားနေတဲ့ နိုင်ငံဖြစ်တဲ့ UAE နိုင်ငံမြို့တော် ဒူဘိုင်းမှာ ကုသမဂ္ဂရာသီဥတုဆိုင်ရာ ကမာ္ဘ့ညီလာခံကြီးကို ကျင်းပတော့မှာပါ ။ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးက ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့ မွန်းကြပ်ပြီး ကမာ္ဘ့လေထု ပူနွေးလာကာ ရာသီဥတုပြောင်းလဲမှုဖြစ်နေပါတယ်။
ဒီကနေ့ ( အောက်တိုဘာလ ၁၆ ရက်နေ့ ) မနက်ပိုင်းမှာ COP 28 ပွဲကျင်းပဖို့အတွက် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်းကြီးများအစည်းအဝေးလုပ်ခဲ့ကြပါတယ်။ စွမ်းအင်ရရှိဖို့အတွက် ရုပ်ကြွင်းလောင်စာတွေအသုံးပြုနေရတာကို ဖယ်ရှားဖို့အတွက် ကမာ္ဘ့ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဒီနေ့အစည်းအဝေးမှာလည်း သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေခဲ့ပါတယ်။
ကမာ္ဘ့နိုင်ငံပေါင်း ၂၀၀ လောက်ပါတဲ့ COP ညီလာခံပွဲတွေမှာ ဥရောပသမဂ္ဂနိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးမှာ အမြဲပါဝင်နေခဲ့တာပါ ။ ဒါပေမဲ့ ကမာ္ဘကြီးက ရုပ်ကြွင်းလောင်စာတွေကို ဖျက်သိမ်းဖို့ တာစူ နေကြပေမဲ့ သူတို့ကတော့ ဒီနေ့အထိ မလှုတ် တလှုတ် ဖြစ်တုန်းပါပဲ ။ လာမယ့် နိုဝင်ဘာ ၃၀ မှာကျင်းပမယ့် ဒူဘိုင်း COP 28 ညီလာခံမှာ ရုပ်ကြွင်းလောင်စာတွေကို အပြီးဖျက်သိမ်းဖို့အတွက် သဘောတူညီမှုက ရနိုင်ပါ့မလားဆိုတာကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေအတွက် စိတ်ပူစရာဖြစ်နေပါတယ်။
အီးယူနိုင်ငံ ၂၇ နိုင်ငံမှာ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ နယ်သာလန်နှင့် ဆလိုဗေးနီးယားတို့ လို နိုင်ငံတွေကသာ ရုပ်ကြွင်းလောင်စာဖျက်သိမ်းရေးကို အားတိုက်အင်တိုက် ပါဝင်နေတာပါ ။ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ အီတလီ၊ မော်လ်တာ၊ ပိုလန်နှင့် စလိုဗက်ကီးယား တို့လိုနိုင်ငံတွေ အတွက်ကတော့ သဘာဝဓာတ်ငွေ့ ကနေ ရနေတဲ့ စွမ်းအင်တွေကို စွန့်လွှတ်ဖို့ရာက မလွယ်သေးပါဘူး ။ သူတို့က ရုပ်ကြွင်းလောင်စာတွေကို ကာဗွန် အထွက်နည်းအောင် လုပ်နိုင်တဲ့နည်းပညာတွေကိုသာမျှော်လင့်နေတာပါ။
လုံးလုံးကြီး အစာထိုးလိုက်ဖို့အတွက် ကိုတော့ စိတ်မဝင်စားကြပါဘူး ။ ရုပ်ကြွင်း လောင်စာဖျက်သိမ်းရေး နဲ့ပတ်သက်ပြီး လုံးဝဖျက်သိမ်းရေးကို အီးယူအဖွဲ့ဝင် နိုင်ငံအားလုံး တညီတညွတ်တည်း သဘောတူရမယ်ဆိုပြီး ကတိကဝတ် ရှိနေပါတယ် ။ နိုင်ငံတစ်နိုင်ငံသဘောမတူဘူး ဆိုတာနဲ့ ဖျက်သိမ်းရေး ကို ရုတ်သိမ်းလိုက်မှာပါ။
အဲ့တော့ အီးယူလိုအဖွဲ့အစည်းမျိုးမှာတောင် ရုပ်ကြွင်းလောင်စာဖျက်သိမ်းရေးက သဘောထားကွဲလွဲမှုတွေ ရှိနေသေးတယ် ၊ ညှိ နှိုင်းနေရသေးတယ်ဆိုရင်တော့ လုံးဝကိုမလှုတ်တဲ့ အမေရိကန်တို့ ၊ တရုတ်တို့ ဆိုရင် ဘယ်လိုနေမလဲဆိုတာကို တွေးကြည့်ရုံနဲ့ ရပါတယ် ။ အီဂျစ် COP 27 တုန်းကလည်း သဘာဝဘေး အန္တရာယ် ဆိုင်ရာ လျော်ကြေးနဲ့ ပတ်သက်ပြီး ရေရေရာရာ ဆုံးဖြတ်ချက် မရခဲ့သလို ၊ အခု UAE မှာလုပ်မယ့် COP 28 မှာလည်း ရုပ်ကြွင်းလောင်စာဖျက်သိမ်းရေး အောင်မြင်နိုင်ပါ့မလားဆိုတာကို မေးရမလိုဖြစ်နေပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply