COP26 ထိပ်သီးညီလာခံမှာ ကန်သမ္မတ ဘိုင်ဒန်ဘာတွေ ပြောသွားသလဲ

COP26 ထိပ်သီးညီလာခံမှာ ကန်သမ္မတ ဘိုင်ဒန်ဘာတွေ ပြောသွားသလဲ

လက်ရှိ စကော်တလန် ဂလက်စကိုမြို့ မှာကျင်းပနေတဲ့ ကမ္ဘာရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ နိုင်ငံစုံ ညီလာခံ ( COP26 )မှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ၂၀၅၀ရောက်တာနဲ့ အမေရိကားမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုည အဆင့်ဖြစ်အောင် လုပ်ပေးပါမယ်လို့မနေ့က ကတိကဝတ် ပြုခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်နေတဲ့ နိုင်ငံသီးသီးရဲ့ လုပ်ငန်းစဉ်တွေကို ဖွံ့ဖြိုး အောင် အကူအညီ ပေးဖို့ရယ် နဲ့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ကိုလျှော့ ချရေးလုပ်ငန်းတွေမှာ အင်တိုက် အားတိုက် လုပ်နေတဲ့ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ လည်း လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။ “ ကျနော်တို့က တော့ ပထမအဆင့် ရေတိုလုပ်ငန်းအနေနဲ့ ၂၀၃၀ အရောက်မှာ ကမ္ဘာကြီး ယနေ့ဖြစ်နေတဲ့ အပူချိန်လျှော့ချနိုင်ဖို့ နည်းပညာတွေကိုအသုံးပြု ဖို့ လုပ်နေပါတယ်။ ရေရှည်စီမံကိန်းကတော့ ပြောခဲ့တဲ့ အတိုင်း ၂၀၅၀မှာ သုညထုတ်လွှတ်မှု ဖြစ်အောင် လုပ်ပေးပါမယ် “ COP26 ညီလာခံမှာ အလှည့်ကျ မိန်းခွန်းပြောစဉ်မှာ ဘိုင်ဒန်က ဆိုခဲ့ပါတယ်။

“ ရာသီဥတုပြောင်းလဲမှု ကိုတိုက်ဖျက်ဖို့အတွက် က ကျနော်တို့ဆီမှာ လုပ်ငန်းတော်တော်များများ ကိုပြောင်လဲပစ်ရမှာ ဖြစ်လို့ အဲ့လောက် အချိန်ယူနေရတာပါ။ လေအား လျှပ်စစ်လုပ်ငန်းတွေ ၊ လျှပ်စစ်မော်တော်ကားတွေ နဲ့ တစ်နိုင်ငံလုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အားလုံး ကို လျှပ်စစ်ယာဉ်တွေဖြစ်နိုင်အောင်လို့ လုပ်ငန်းသစ်တွေကို ချဲ့ထွင်နေရတဲ့အတွက် အချိန်ယူရတာပါ” လို့ ဆိုပါတယ်။

“ ကျနော်တို့ ရဲ့ သဘောတူညီချက်တွေကို လာမယ့် သီတင်းပတ်အတွင်း မှာ ထုတ်ပြန်ကြေညာပေးပါမယ်။ ကျနော်တို့ အစိုးရအနေနဲ့ ရေရှည် စီမံကိန်းတွေအတွက် ခိုင်မြဲတဲ့ သဘောတူညီချက်တွေကို လုပ်ပေးမှာပါ။ ကျနော်တို့ က တစ်ကမ္ဘာလုံး ခံစားနေရတဲ့ ဒုက္ခကို လစ်လျူရူ စရာမရှိပါဘူး ။ ဖြစ်နိုင်တဲ့အကူအညီမှန်သမျှ လုပ်ဆောင်ပေးမှာပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သန့်စင်တဲ့ စွမ်းအင်တွေ ရဖို့အတွက် အာရုံစိုက်ထားပါတယ်။ ကျနော်တို့ က ပိုပြီးသန်စင်တဲ့ ပိုပြီး ကျန်းမာတဲ့ ပိုပြီးရှင်းသန့်တဲ့ ကမ္ဘာကြီးကိုတည်ဆောက်သွားမှာပါ’ လို့ ဆိုလိုက်ပါတယ်။

မောင်ယဿ

REF; upi Photo : UPI

About The Author

greenness_mm

No Comments

Leave a Reply