ဝိတိုရိယ၊ နတ်မတောင် သို့မဟုတ် သုံးမည်ရ ခေါ်နူးစုမ်

ခရီးသွားတွေကြားမှာ လူသိများလာပြီး သြားလာဖို့ ရေပန်းစားနေတာက ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲက နတ်မတောင်ဖြစ်ပါတယ်။ ကိုယ်တွေ အလယ်တန်းကျောင်းသားဘဝက ပထဝီဝင်ဘာသာရပ်မှာ သင်ခဲ့ရတဲ့ ပေ ၁၀၀၀၀ ကျော်မြင့်တဲ့ ဝိတိုရိယတောင်လို့သိထားတာပါ။ ယခုအခါမှာတော့ ဝိတိုရိယ(သို့)နတ်မတောင်၊ ချင်းဘာသာအားဖြင့် ခေါ်နူးစုမ်ဆိုပြီး အမည်သုံးမျိုး သုံးလီနဲ့ ထင်ရှားနေတာပါ။ နတ်မတောင်ဟာ အမြင့်ပေအားဖြင့် ပေ ၁၀၂၀၀၊ မီတာအားဖြင့် ၃၈၅၃ မီတာအမြင့်ရှိပြီး အာဆီယံဒေသရဲ့အမြင့်ဆုံး မြေသားတောင်လည်းဖြစ်ပါတယ်။ ကန်ပက်လက်မြို့ကနေ နတ်မတောင်ခြေစခန်းကို ၁၀ မိုင်သာသာလောက်ဝေးပေမယ့် တောင်တက်၊ တောင်ဆင်းလမ်းတွေကြောင့် မောင်းချိန် တစ်နာရီကျော်လောက် ရှိပါတယ်။ တောင်ခြေကနေ တောင်ပေါ်အထိ ခြေကျင်တက်သူတွေရှိကြသလို အများအားဖြင့်ကတော့ တောင်တက်ကားနဲ့ ပေ ၉၀၀၀ အထိ တက်ကြတာပါ။ ခြေကျင်တက်ကြသူတွေကတော့ လမ်းတစ်လျှောက်မှာ သဘာဝထင်းရှူးတောကြီးတွေ၊ ချယ်ရီပင်တွေနဲ့ တောရိုင်းပန်းမျိုးစုံကို တွေ့ကြရပါတယ်။ […]

Page 3 of 3
1 2 3