နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့) ချင်းတောင်းတန်းပေါ်က အံ့ဖွယ်အလှတရား

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်ထဲက စိမ်းညို့ညို့တောင်တန်းကြီးတွေရဲ့အလယ်မှာ ပြုပြင်ခြင်းမရှိဘဲ သဘာဝအတိုင်းနှလုံးသားပုံ ပုံသဏ္ဍာန်ဖြစ်တည်နေတဲ့ ရိ(ဒ်)ရေကန်ဟာ မြင်ရသူအဖို့တော့အံ့ဖွယ်အလှတရားလို့ စိတ်ထဲမှာမြင်မြင်ချင်း ရေရွတ်မိပါလိမ့်မည်။ ရိ(ဒ်)ရေကန်ဟာ မြန်မာနိုင်ငံမှာ တင်မက ကမ္ဘာပေါ်မှာရှိတဲ့ ရေကန်တွေအနက် အသည်းနှလုံးပုံသဏ္ဍာန်နဲ့အတူဆုံး ရေကန်ရယ်လို့မှတ်တမ်းတွေမှာ ဖော်ပြကြတာကိုလည်းဖတ်ရှုဖူးပါတယ်။ ရေကန်ရဲ့သွင်ပြင်လက္ခဏာက ထူးခြားဆန်းပြားနေသလို သူ့ကိုပံ့ပိုးနေကြတဲ့ အလှတရားတွေကလည်း ခိုင်ခိုင်မာမာတည်ရှိနေတာပါ။ အသည်းပုံ ရိ(ဒ်)ရေကန်ရဲ့ ဘေးပတ်လည်မှာ စည်းရိုးပုံသဏ္ဍာန် ရစ်ဝိုင်းပေါက်နေတဲ့ မိုးမခပင်တွေ ရဲ့အလှတရားကလည်းထူးခြားနေသလို အဲဒီ မိုးမခပင်တွေဟာ ရိ(ဒ်)ရေကန်ရဲ့အလှတရားပျက်မသွား အောင် ကာကွယ်ဖို့သစ္စာခံပြီး ဝန်းရံပေါက်နေသလားတောင် ထင်မှတ်စရာပါ။ ရိ(ဒ်)ရေကန်ကို အပေါ်စီး ကနေကြည့်လိုက်ရင် ဘေးပတ်လည်မှာရစ်ဝန်းပေါက်နေတဲ့ မိုးမခပင်တွေဟာ သေသပ်လှပတဲ့အနားကွပ် တခုနဲ့တူနေပြီး ရေကန်ကြီးရဲ့အသည်းနှလုံးပုံ အလှတရားကို တိုက်စားပျက်ဆီးမသွားအောင် ထိန်းသိမ်းပေးနေတဲ့ စည်းရိုးတစ်ခုနဲ့လည်း တူနေပြန်ပါတယ်။ အဲဒီ မိုးမခပင်တွေကို ဒေသခံတွေကတော့ သူတို့ရဲ့ယုံကြည်မှုအရ “ဝိညာဉ်ခြံစည်းရိုး’’ […]

ချယ်ရီခရီးသွားများ

ခရီးတစ်ခု အစပြုရာ ပထမဆုံးအနေနဲ့ ဝန်ခံစရာတစ်ခု ရှိပါတယ်။ အလှအပ မြတ်မြတ်နိုးနိုး ခံစားတတ်တဲ့ အသည်းနှလုံး ကျွန်တော်ဆီမှာ ပါမလာခဲ့ဖူး ဆိုတာပါပဲ။ အကြောင်းအရင်း ပြန်တွေးကြည့်လိုက်တော့ ငယ်ဘဝနဲ့ နည်းနည်းတော့ ဆိုင်မယ်ထင်တယ်။ တောရွာမှာမွေး တောမှာကြီးပြင်းခဲ့ပြီး စားဝတ်နေရေးသာ အရေးကြီးဆုံးလို့ ဘဝက ပြဌာန်းပေး လိုက်လို့လည်း ဖြစ်နိုင်ပါတယ်လေ။ ချယ်ရီပန်းပွင့်တဲ့အချိန် ချယ်ရီပင်တွေရှိတဲ့နေရာကို ခရီးသွားဖြစ်မယ်လို့ ကျွန်တော် ကြိုမသိခဲ့ရိုး အမှန်ပါ။ ဖန်တီးထားတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း လှပနေတဲ့ နေရာတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ အများကြီးရှိနေခြင်းဟာ မြန်မာနိုင်ငံအတွက် သဘာဝကပေးတဲ့ အထူးလက်ဆောင်ကောင်းတွေပါ။ “ အစ်ကို ချယ်ရီပန်းတွေ ပွင့်နေပြီ။ ရုံး အားတဲ့ရက် လေထန်ကုန်း သူငယ်ချင်းတွေနဲ့ သွားရအောင်” တဲ့။ စာရေးဆရာမ မနှင်းနွယ်က ပြောလာခဲ့တယ်။ […]

နှလုံးသားအဖော်နဲ့ အပြုံးမြို့တော်ဆီသို့

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ နိုင်ငံခြားသား အများစု ငယ်ရွယ်တဲ့အချိန်မှာ ပညာပြည့်စုံအောင် ဆည်းပူးတယ်။ အလုပ်လုပ်ရမယ့် အရွယ် ရောက်လာရင်လည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အလုပ်ကို ပရော်ဖက်ရှင်နယ်ပီပီ သေချာတာဝန်ကျေအောင် ကြိုးစားလုပ်ဆောင်တတ်တယ်လို့ ဖတ်ခဲ့ဖူးတယ်။ မြန်မာအခေါ် တတိယ အရွယ်ပေါ့၊ အလုပ်က အနားယူတဲ့ အချိန်၊ သူတို့ စိတ်နဲ့ အလျဉ်းသင့်သလို သက်သောင့်သက်သာ နေနိုင်အောင် စီမံထားတတ်တယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ဖိအားတွေကို လုံးဝလွှတ်ချထားပြီး အနားယူလေ့ ရှိတာကိုး။ အနောက်နိုင်ငံသား အများစုရဲ့ ရဝ ရာခိုင်နှုန်းဟာ ခရီးသွားပြီး အတွေ့အကြုံသစ်တွေဖွေရှာရတာ စိတ်အဝင်အစားဆုံးလို့ မှတ်သားခဲ့ဖူးတယ်။ သူတို့တစ်တွေဟာ ရည်မှန်းထားသလိုမျိုး ခရီးသွားနိုင်အောင်လည်း ကျန်းမာရေးကို အထူးဂရုစိုက်လေ့ရှိတယ်။ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ပြောဖူးတယ်၊ ဘဝမှာ အတွေးအမြင်သစ်တွေရချင်ရင် စာအုပ်စာပေဖတ်ပါ၊ ပြီးရင် နိုင်သလောက် ခရီးသွားပေးပါတဲ့။ […]

ပုံတောင် ပုံညာကို ဖြတ်ကာ…..

ဗိုလကို (ပန်းတနော်)- ရေးသည်၊ ———————————- ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီဝင်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်းလမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ထိုလမ်းကိုဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ထူးခြားသည့်အချက်တစ်ခုမှာ ရွာအမည်၊မြို့အမည်များမှာ အသံတစ်သံသာထွက်ရတဲ့ အမည်နာမတွေသာ ဖြစ်သည်။ ကျော၊ စော၊ ယော စသည့်အလွယ်တကူ အမှတ်ရခေါ်ဆိုရလွယ်သည့် နာမည်တွေသာဖြစ်သည်။ တောင်စဉ်တောင်တန်းများကြားက ကျေးရွာများ၊ မြို့များကို ဖြတ်ကာသွားခဲ့ရခြင်းဖြစ်သည်။ ထိုသို့ တောတောင်ရေမြေအရ အမှတ်တမဲ့ကြည့်ပါက အပူအအေးမျှတမည်ဟု ထင်မှတ်ရသော်လည်း ရာသီဥတုက ပူပြင်းသည့်ရာသီမျိုးကိုသာ ခံစားရမည်ဖြစ်ည်။ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် လူတို့စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသစ်တောစိုက်ခင်းများအားလွန်၍ မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်မည်ဆိုပါက တောင်ကတုံးများကို မြင်ရမည်ဖြစ်သည်။ […]

ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်း

ကျွန်တော်တို့တိုင်းပြည် အေးချမ်းသာယာပြီး ပြည်သူတွေ လုံခြုံစွာနဲ့ ပျော်ရွှင်ခွင့်ရတဲ့နေ့ကျရင် သဘာဝပတ်ဝန်းကျင် ရှုခင်းတွေ၊ သဘာဝအလှအပတွေ၊ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ နေရာလေးတစ်ခုဆီ အလည်သွားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့… ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့အနီးမှာရှိတဲ့ ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်းပဲ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာကားလမ်းအတိုင်းဆိုရင်ကွင်းကောက်မြို့ မရောက်ခင် ၅မိုင်အလိုလောက်မှာ တောင်ဇင်းရွာတည်ရှိပါတယ်။ တောင်ဇင်းရွာကနေ ရခိုင်ရိုးမဘက်ကို လမ်းညွှန်ဆိုင်းဘုတ်အတိုင်းအတွင်းကို၃မိုင်ခန့်ဝင်သွားရင် ကြပ်ပြင်တောရသာသနာ့နယ်မြေ ရှေးဟောင်းဂဝံမြို့ဟောင်းကို ရောက်ရှိပါပြီ။ ယခုအချိန်သွားရင်​ စိမ်းစိုလှပပြီး စမ်းချောင်း ကလေးနဲ့ အရမ်းသာယာတဲ့နေရာလေးပါ။ ရှေးဟောင်းသုတေသနဋ္ဌာနမှ ဆရာဘုန်းတင့်ကျော်ကတော့ ဒီနေရာ ကို ပျူမြို့ဟောင်းလို့ ပြောဆိုထားပါတယ်။ ဘီစီ ၃ရာစုနဲ့ ၆ရာစုအတွင်း တကောင်းခေတ်ဟုခေါ်တွင်တဲ့ ပျူခေတ်မှာ ပျူမြို့၃၂မြို့ တပ်မြို့ ၉မြို့ မြို့ငယ်ပေါင်း၂၀၀ကျော် ရှိတဲ့အနက် ပင်လယ်ပျူမြို့ဟာ ဧရာဝတီတိုင်းအတွင်းတည်ရှိပါတယ်။   ယခုမြို့ဟောင်းဟာ […]

စကားတောင် (သို့) ထိုးဆိပ်ရေတံခွန်နှင့်ဂူ

#တည်နေရာ အုန်းချော၊ ဆည်တော်လေးရွာမြောက်ဘက် စကားတောင် #လမ်းညွှန် အုန်းချော တံတားအကျော်မီးပွိုင့် အရှေ့ ဆည်တော်လေးရွာသွားလမ်း အတိုင်းဝင်သွားပါ။ 2 မိနစ် 3 မိနစ်ခန့် သွားပီးတဲ့အချိန်လောက်မှာ လမ်းဘယ်ဘက်ကို ကြည့်သွားပါ။ လမ်းခွဲတစ်ခုတွေ့ပါမည်။ မြစကြာတောရ ဆိုင်းဘုတ်လမ်းညွှန်အတိုင်း လမ်းဘယ်ဘက်သို့ ချိုးဝင်သွားပါ။ နောက်ထပ် မြစကြာတောရ ဆိုင်းဘုတ်တစ်ခုထပ်တွေ့ပါမည်။ အဲ့လမ်းအတိုင်းဘယ်ဘက်သို့ချိုးဝင်သွားပါ။ ရေကျော်တစ်ခု ကိုဖြတ်ရပါမည်။ လမ်းအတိုင်းတည့်တည့်ကြီးသွားပါက ဆည်တော်လေး ရေချိုးဆိပ်သို့ရောက်ပါမည်။ ဆည်တော်လေး ရေလွှဲတံတားကိုဖြတ်ပီး တည့်တည့်သာသွားပေတော့။တောင်ခြေမရောက်မခြင်းသာမောင်းပေတော့… #တောင်ပေါ်ဘုန်းကြီးကျောင်းသို့ခြေလျင်တက်ရန် 10 မိနစ်ခန့် #ဘုန်းကြီးကျောင်းမှရေတံခွန်သို့ 2 မိနစ်ခန့် ဆိုင်ကယ်ကျွမ်းကျင်ရင် ဘုန်းကြီးကျောင်းအထိတက်လို့ရပါသည်။ ( အန္တရာယ်မဖြစ်ဖို့ ဂရုတော့စိုက်ပါ) #ကြာချိန် အုန်းချောမှ စကားတောင်ခြေအထိ မိနစ် 30 ခန့် #လမ်းအနေအထား စကားတောင်ရောက်ခါနီး 10 မိနစ်အလိုမှာ […]

ဂဏန်းကျရေတံခွန်သို့သွားကြမယ်

#တည်နေရာ– ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ မြိုင်စံပြကျေးရွာ ဆိုင်းဘုတ်ကျော်ကျော် မြိုင်စျေးနားမရောက်ခင်မှာ လမ်းညာဘက်ကို ချိုးတဲ့ လမ်းတစ်ခုရှိပါတယ်။အဲ့လမ်းအတိုင်းသာဝင်သွားပါ။ ခန့်မှန်းချိန် ၁၅ မိနစ်ခန့် ဝင်ရပါတယ်။ ကားအနိမ့်များကတော့ ရေကျော်လေးတစ်ခုနားထိ သွားလို့ရပါတယ်။ ကားထားပြီး ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိ လမ်းလျောက်ချိန် ၁၀ မိနစ်ခန့် မြေပြန့်သွားရပါမယ်။ light truck ခွေးဘီလူးများ ကားအမြင့်များ ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိသွားလို့ရပါတယ်။ ကား၊ ဆိုင်ကယ်များ ထားခဲ့ပြီး ရေတံခွန်ရှိရာသို့ ၁၅ မိနစ်ခန့်ဆင်း​ြးြရင် ရောက်ပါပြီ။ အဆင်းလမ်းအနည်းငယ်ချော်ပါတယ်။ လမ်းဘေးဝဲယာမှာ ဖက်ယားဆိုတဲ့ အပင်တွေရှိပါတယ်။အရွက်အကြီးကြီးတွေနဲ့ ကိုင်မိလိုက်ရင် ဆူးစူးပါတယ်။ သတိပြုပါ။ အဆိပ်တော့မတက်ပေမယ့် ဆူးစူးခံရတာ တစ်မျိုးတော့ နေရခက်ပါတယ်။ ရေတံခွန်က ရေကျနည်းပါတယ်။ ရေချိုးဖို့ ရေအိုင်များမရှိပါ။ ဂဏန်းကျရေတံခွန်တစ်ခုထဲသွားမယ်ဆို သွားရတဲ့ခရီးမတန်ပါဘူး။ ဂဏန်းကျကို ဝင်ပြီး […]

ပဒုမ္မာကြာဖြူတွေသာပွင့်တဲ့ မန်းလေးအနီးက ရွှေလှံဗိုလ်ကန် (သို့) မြလိပ်တောင်ကြာကန်

ကြာကန်တော့ ကြာကန်ပဲ။ ဒီကြာကန်ရဲ့ထူးခြားချက်က ကြာဖြူတွေပဲပွင့်တယ်။ ကြာဖြူတောင်ရိုးရိုးကြာဖြူမဟုတ်ဘူး။ ပဒုမ္မာကြာဖြူကြီးတွေတဲ့ မျက်စိတဆုံး ရေပြင်ကျယ်ကြီးရယ် စိမ်းစိုနေတဲ့ကြာပင်တွေထဲမှာ ဟိုတပျောက်ဒီတပျောက်ပွင့်နေကြတဲ့ကြာဖြူလေးတွေရယ်၊ နောက်ခံမြလိပ်တောင်ကြီးရယ် တွဲမြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှတဲ့ ကဗျာတပုဒ်ပါပဲ ။ ဘယ်မှာရှိတာလဲ **************** မန်းလေးနဲ့ ၄၅ မိနစ်လောက်ပဲဝေးတဲ့ ရွှေစာရံဘုရားနားက ရွှေလှံဗိုလ်ကန်ထဲမှာရှိတာပါ။ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးရွာအနီး မြလိပ်တောင်ခြေမှာရှိလို့ မြလိပ်တောင်ကြာကန် လို့လဲခေါ်ပါတယ်။ ဘယ်လိုသွားရလဲ ****************** မန်းလေး -ပြင်ဦးလွင် လမ်းအတိုင်းသွားလို့ အုန်ချောရောက်ရင် မီးပွိုင့်ကနေ ရွှေစာရံဘုရားသို့ ဆိုတဲ့လမ်းမကြီးအတိုင်းတည့်တည့်ကြီးဝင်သွားလိုက် ၅ မိနစ်လောက်မောင်းပြီးရင် လမ်းဆုံတခုတွေ့လိမ့်မယ်။ လမ်းနှစ်ခွမှာ ရွှေစာရံဘက်ကိုမလိုက်ပဲ ခရိုင်ချင်းဆက်လမ်းအမှတ် ၂ လမ်းထဲတည့်တည့်ကြီးလိုက်သွားပါ ဒုဌဝတီတံတားကိုကျော်လိုက်ရင် စက်ရုံအကြီးကြီးတခုတွေ့လိမ့်မယ်။ စက်ရုံအကျော်လေး လမ်းရဲ့ဘယ်ဖက်ခြမ်းမှာ စိုက်ပျိုးရေးရွာ ဆိုင်းဘုတ်တွေ့မယ် ၊ ရွာထဲကိုလမ်းဆုံးတဲ့ထိဖြတ်မောင်းသွားလိုက်ပါ။ ရွာလမ်းဆုံးရင် လမ်းနှစ်ခွတွေ့လိမ့်မယ် ၊ […]

ရေမြှုပ်နေတဲ့ စေတီတွေရှိရာ စံကားမြို့

အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလား???? ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲမြှုပ်နေတာ သိပ်ကိုထူးဆန်းတဲ့မြင်ကွင်းလေးဖြစ်ပြီး အဲ့ဒီမြို့လေးကတော့ စံကားဆိုတဲ့မြို့လေးဖြစ်ပါတယ် အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။ စံကားလို့ပေါင်းပေမဲ့ စကားလို့ အသံထွက်ပါတယ်။ စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတာဖြစ်ပြီး လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပါတယ် ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပြီး ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ဘာလို့ ရေမြှုပ်နေရသလဲ ၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာ ရေမြှုပ်သွားခဲ့တာဖြစ်ပြီး စံကား၊ ဖယ်ခုံအပြင် အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့သိရပါတယ် ရွာမှာနေထိုင်သူတွေဟာ မိမိ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရေလွတ်ရာကို ပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြတာဖြစ်ပြီး အခုလက်ရှိ စံကားမြို့ကတော့ […]

ကျောက်ကလပ်ကို သွားလည်မယ်

ကျောက်ကလပ် တည်ရှိရာနေရာက ဧရာဝတီတိုင်း ၊ငပုတောမြို့နယ် မော်တင်တင်စွန်းနဲ့ မျက်နှာချင်းဆိုင် ထိပ်စွန်းခေါ်တဲ့ အရပ်ဒေသ တောင်ဘက်အစွန်းလေးမှာပါ။ သူ့အနီးဝန်းကျင်မှာ ပြင်ခရိုင်၊ ဒီးဒူးကုန်း၊ ချောင်းဝ၊ သက္ကယ်သောင်၊ ဘုန်းတော်ပြည့်၊ အုတ်တွင်းဆိုတဲ့ ရွာကလေးများတည်ရှိပါတယ်။ရေညှိစိမ်းစိမ်းတွေ ပေါ်လမ်းလျှောက်ချင်ရင်တော့ ရေကျချိန်အထာသိဖို့လိုပါတယ်။ ကျောက်ကလပ်ဒေသမှာ ဒီဒူးချိုင်ကမ်းခြေ၊ ဓားသွေးကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ထိပ်စွန်း ၊ကျောက်ကလပ်စေတီ၊ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊တံငါလုပ်ငန်းတို့ကို ဓာတ်ပုံရိုက်နိုင်ပါတယ်. ဓာတ်ပုံ သမားစစ်စစ်တွေကမြန်မာရက် လပြည့် ၊လကွယ်၊ ၁.၂.၃ရက် နေ့များကိုသွားပါ…မနက်ပိုင်း ရေကျချိန်နဲ့ ညနေပိုင်းရေကျချိန်များနဲ့ တွေ့ရမှာ ဖြစ်ပြီး ရေညှိစိမ်းပြင်ကြီးကို sunset နဲ့ sunrise ပေါင်းပြီး တံငါလုပ်ငန်း အထူးသဖြင့် ငါးပိုက်လှေဝင်ချိန် ငါးဘမ်းဆေးခြင်းအလှပုံများ ရိုက်နိုင်ပါလိမ့်မယ်… အကယ်၍ starနဲ့ milky လိုချင်ပါက လကွယ်ရက်ကို သွားပါ… Reflection နဲ့ Seascape […]

Page 2 of 3
1 2 3