CLASS XI ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး အခန်း : ၁၊ ၂ ဆိုင်ရာအမေးအဖြေများ

CLASS XI ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး အခန်း : ၁၊ ၂ ဆိုင်ရာအမေးအဖြေများ

( အခန်း ၁)
မေးခွန်းတိုများ-
၁။ပတ်ဝန်းကျင် ဟူသော အသုံးအနှုန်းကို သတ်မှတ်ပါ ။
Environment ဆိုသည်မှာ သတ်မှတ်ထားသော အချိန်တစ်ခု နှင့် နေရာတစ်ခုတွင် လူကို ဝန်းရံထားသည့် အခြေအနေစုစုပေါင်းကို ရည်ညွှန်းသည်။
၂။ပတ်ဝန်းကျင်၏ အဓိက ပုံစံမှာ အဘယ်နည်း။
ပတ်ဝန်းကျင်၏ အဓိက ပုံစံများမှာ-
(က) ရုပ်ပိုင်းဆိုင်ရာ ပုံစံ (ခ) ဇီဝဗေဒ ပုံစံ (ဂ) ယဉ်ကျေးမှု သို့မဟုတ် လူမှုရေး ပုံစံ တို့ဖြစ်ပါသည်။
၃။ ပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ ပုံစံတွင် မည့်သည့် အရာများ ပါဝင်သနည်း။
ပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာပုံစံတွင် ( ၁) Lithospheric (အစိုင်အခဲ) ပတ်ဝန်းကျင် ( ၂ ) Hydrospheric (အရည်) ပတ်ဝန်းကျင် ၊ ( ၃ ) Atmospheric (အငွေ့) ပတ်ဝန်းကျင် တို့ ပါဝင်ပါသည်။
၄ ။ သတ္တပတ်ဝန်းကျင်ဟူသည် အဘယ်နည်း။
သတ္တပတ်ဝန်းကျင်သည် တိရစ္ဆာန်များ၏ ပတ်ဝန်းကျင်ဖြစ်သည်။ Fauna ဆိုသည်မှာ သတ်မှတ်ထားသောအချိန်၌ ကျက်စားရာ နေရာတစ်ခုတွင် တိရိစ္ဆာန်အားလုံး၏ ပုံမှန်အသက်ရှင်ခြင်းကို ဆိုလိုသည်။
၅။သက်ရှိမဟုတ်သောပတ်ဝန်းကျင်၏ မည်သည့်ရှုထောင့်များက အသက်ရှင်ခြင်းကို ထိခိုက်စေသနည်း။
ရေ၊ အပူချိန်၊ လေထုဖိအား၊ အလင်းရောင်၊ မြေဆီလွှာနှင့် ဓာတုအစိတ်အပိုင်းများ စသည်တို့သည် အသက်ရှင်ခြင်း ကို ထိခိုက်စေနိုင်သောအရာများ ဖြစ်သည်။
၆။Biosphere ( ဇီဝနယ်ပယ်) သည် အဘယ်ကြောင့် လုံလောက်သော ဇီဝစနစ်ဖြစ်သနည်း။
ကမ္ဘာပေါ်ရှိ သက်ရှိများသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝဗေဒဆိုင်ရာ ပတ်ဝန်းကျင်နှင့် အပြန်အလှန် အကျိုးပြုမှုသည် ကြီးမားပြီး ကျယ်ပြောလှသည်။ ဂေဟစနစ် (Ecosphere) သို့မဟုတ် ဇီဝနယ်ပယ် (Biosphere) ဟုခေါ်သော ဂေဟစနစ်သည် အကြီးဆုံးနှင့် လုံလောက်လုနီးပါးရှိသော ဇီဝစနစ်ဖြစ်သည်။
မေးခွန်းရှည်များ-
၁။ ဇီဝဗေဒ သို့မဟုတ် ဇီဝပတ်ဝန်းကျင်ရှိ သက်ရှိသုံးမျိုးကား အဘယ်နည်း။
ဇီဝဗေဒ သို့မဟုတ် ဇီဝပတ်ဝန်းကျင်ရှိ သက်ရှိများကို အဓိကအားဖြင့် သုံးမျိုးရှိသည်။
(၁)ထုတ်လုပ်သူများ- ၎င်းတို့သည် အဓိကအားဖြင့် အစိမ်းရောင်အပင်များနှင့် အစာစုဖွဲ့နိုင်သည့် ဘက်တီးရီးယားများဖြစ်သည်။ ၄င်းတို့ က ရွှံ့နှင့် ရေတို့မှ ရရှိသော သတ္တုဓာတ်များ၏ အကူအညီဖြင့် နေရောင်ခြည်စွမ်းအင် ကိုသုံးကာ အစာစုဖွဲ့ကြပါသည်။
( ၂ ) စားသုံးသူများ- ၎င်းတို့သည် ထုတ်လုပ်သူများ (အစိမ်းရောင်အပင်များ)က ထုတ်လုပ်ထားသော အော်ဂဲနစ်အစားအစာအပေါ် ၎င်းတို့၏ အာဟာရအတွက် မှီခိုနေရသော ဟက်ထရိုဖီများ( အပင်စား အကောင်များ) ဖြစ်သည်။
( ၃ ) Decomposers (ချေဖျက်သူများ ) – ၎င်းတို့ကို အဏုဇီဝစားသုံးသူဟုလည်း ခေါ်သည်။ အပင်နှင့် တိရစ္ဆာန် နှစ်မျိုးလုံး၏ အော်ဂဲနစ်ပစ္စည်းများ သေခြင်း ၊ ပျက်စီးခြင်းသို့ ရောက်သောအခါ ၄င်းတို့ကို ဓာတုမော်လီကျူး အဆင့်သိုရောက်အောင် ဖျက်ဆီးခြင်းကို ပြုလုပ်နိုင်သူများဖြစ်သည်။
( ၂ ) အပင်ပတ်ဝန်းကျင်က မည်သည်ကိုဆိုလိုသနည်း ။
အပင်ပတ်ဝန်းကျင်သည် သစ်ပင်ပန်းမန်များ၏ ပတ်ဝန်းကျင်ဖြစ်သည်။ ကွဲပြားခြားနားသော အသီးအရွက်များ ကြောင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝပြီး မတူညီသော အမွေဆက်ခံခြင်းများ ရှိပါသည်။ ၎င်းတွင် အပူပိုင်း မိုးသစ်တောများမှ အယ်လ်ပိုင်းတောများမှ အပင်များအထိ ပါဝင်ပြီး အမြဲတမ်းစိမ်းတောများနှင့် အပူလျော့ပိုင်း ရာသီဥတု ဒေသပေါက်ပင်များလည်း ပါဝင်ပါသည်။ အပင်ပတ်ဝန်းကျင်သည် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှု ကြောင့် နည်းလမ်းများစွာဖြင့် အဟန့်အတားဖြစ်လာပါသည်။ တိုးပွားလာသော လူသားများသည် ထိုနေရာများတွင်ပင် ကျန်ရှိသော တောရိုင်းမြေများကို ကျူးကျော်လာကြသည်။ အပင်ပတ်ဝန်းကျင်က လေထုညစ်ညမ်းခြင်းကို ကာကွယ်ပေးထားသော်လည်း လူသားတို့၏ အမြတ်ထုတ်ခြင်းကြောင့် ပျက်စီးယိုယွင်းခြင်းနှင့် ကြုံတွေ့နေရပါသည်။
( ၃ ) Abiotic ကို သင်မည်ကဲ့သို့ နားလည်ပါသနည်း ။ ဆွေးနွေးပါ။
ပတ်ဝန်းကျင်၏ abiotic ပုံစံ ၏ အပိုင်းခွဲများမှာ အောက်ပါအတိုင်းဖြစ်သည်။
( ၁ ) Lithospheric (အစိုင်အခဲ) ပတ်ဝန်းကျင်- Lithosphere သည် ကမ္ဘာ့မျက်နှာပြင်၏ ၃၀% ခန့်ကို ဖုံးအုပ်ထားသည်။ ၎င်းသည် abiotic ဖြစ်သည်။ မြေဆီလွှာနှင့် ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် ပါးလွှာသော အပေါ်အလွှာ ပါဝင်သော ပတ်ဝန်းကျင်၏ အစိတ်အပိုင်းဖြစ်ပါသည်။
( ၂ ) Hydrospheric (အရည်) ပတ်ဝန်းကျင်- ကမ္ဘာ့မျက်နှာပြင်၏ သုံးပုံနှစ်ပုံကျော်ကို ရေဖြင့် ဖုံးလွှမ်းထားသည်။ Hydrosphere ( အရည်ပတ်၀န်းကျင်) သည် ပတ်ဝန်းကျင်၏ ဇီဝဗေဒဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၎င်းတွင်ရှိသော သမုဒ္ဒရာ၊ မြစ်များ၊ ရေကန်များ နှင့် လေထုထဲတွင် ရေငွေ့အဖြစ် ကမ္ဘာပေါ်တွင် တည်ရှိနေသည်။
( ၃ ) Atmospheric (အငွေ့) ပတ်၀န်းကျင်- ကမ္ဘာ့လေထုသည် ကမ္ဘာကို ဝန်းရံထားသည့် လေဗလာနယ် ဖြစ်သည်။ လေတွင် နိုက်ထရိုဂျင် (78%) ၊ အောက်ဆီဂျင် (21%) နှင့် အခြား ဓာတ်ငွေ့များရောနှောနေပါသည်။
( ၄ ) လူသားများ၏ ဇီဝပတ်ဝန်းကျင်တွင် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍတစ်ခုစီတွင် ၎င်း၏ထူးခြားသော အရေးပါမှု၊ စရိုက်လက္ခဏာများ နှင့် လုပ်ဆောင်ချက်များ ရှိသည်။ အရေအတွက်နှင့်ပြပါ။
လူသားများ၏ ဇီဝပတ်ဝန်းကျင်တွင် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍတစ်ခုစီတွင် ၎င်း၏ ထူးခြားသော အရေးပါမှု၊ စရိုက်လက္ခဏာများ နှင့် လုပ်ဆောင်ချက်များ ရှိပါသည်။ ၄င်းတို့မှာ–
ပထမအချက်မှာ သက်ရှိအင်္ဂါများဖြင့် ဖွဲ့စည်းထားသော လူသားရုပ်ခန္တာ သည် လေ ၊ ရေ ၊ အစားအစာ နှင့် နေရာအကျယ်အဝန်း စသည်တို့ ကဲသို့ အခြေခံအရာများလိုအပ်ပါသည် ။ လူသားတို့သည် အခြားသောဇီဝ သက်ရှိများကဲ့သို့ ဂေဟစနစ်ထဲသို့ အညစ်အကြေးများကို စွန့်ထုတ်ပါသည်။
ဒုတိယအချက်တွင် လူမှုအဖွဲ့အစည်းများနှင့်အသင်းအဖွဲ့များကိုတည်ထောင်လိုသော လူသားများက ဥပဒေများ မူဝါဒများ နှင့် စည်းမျဉ်းများ ကိုပြဌန်းပြီး သူတို့၏ ကိုယ်ပိုင်ဖြစ်တည်ရှိမှု အကျိုးအမြတ် နှင့်လူမှုဖူလုံရေး များ ကို ကာကွယ်ဖို့လိုအပ်ပါသည် ။
နောက်ဆုံးအချက်မှာ နည်းပညာနှင့် ကျွမ်းကျင်မှုများကို အသုံးပြုကာ ဇီဝပတ်ဝန်းကျင်နှင့် ရုပ်ပတ်ဝန်းကျင်မှ ရင်းမြစ်များကို ထုတ်ယူ သုံးစွဲလိုသည် စီးပွားရေးသမားများရှိပါသည်။ သူတို့သည် ဂေဟစနစ် တစ်ခုမှာရှိသော အခြားတစ်ခုသို့ သယ်ယူပို့ဆောင်ပေးနေသူများ ဖြစ်ကြပါသည်။
မောင်ယဿ. ရေးသည်၊

About The Author

greenness_mm

No Comments

Leave a Reply