ပလတ်စတစ်မြစ်များ

ပလတ်စတစ်မြစ်များ

ပင်လယ်သမုဒ္ဒရာတွေထဲ ဝင်ရောက်လာတဲ့ ပလတ်စတစ်ပမာဏရဲ့ (90)%ဟာ ကမ္ဘာ့မြစ်ကြီး (၁၀)စင်း စီးဝင်လာတာကို သင်ယုံပါသလား။ အဲ့ဒီမြစ်ကြီး (၁၀)စင်းထဲက အထင်ကရမြစ်ကြီး (၉)စင်းဟာ အာရှတိုက်အတွင်းတည်ရှိပြီးတစ်စင်းဟာ အာဖရိကတိုက်မှာတည်ရှိပါတယ်။ အာရှတိုက်ရှိမြစ်(၉)စင်းထဲက တစ်စင်းဟာထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၅)နိုင်ငံရဲ့ နယ်ခြားမြစ်တစ်စင်း ဖြစ်နေတာကို လေ့လာတွေ့ရှိရပါသည်။
နှစ်စဉ်ကမ္ဘာတစ်ဝှမ်း ပလတ်စတစ် တန်ပေါင်း သန်း (၃၀၀) ထုတ်လုပ်သုံးစွဲပြီး ပလတ်စတစ်အမှိုက် တန်ချိန် (၈.၈)သန်းဟာ ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်ကြပါတယ်။ ဒီပလတ်စတစ်အမှိုက်တွေထဲမှာ ရေပုလင်း (၄၀) ဘီလျံ၊ တစ်ခါသုံး (၁၀၀) ဘီလျံနဲ့ တစ်ကိုယ်ရေသုံး (၅၂၂) သန်း ပါဝင်ပါတယ်။ လက်ရှိသမုဒ္ဒရာထဲ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်ထဲက တန်ပေါင်း (၂၇၀၀၀၀) ဟာ သမုဒ္ဒရာရေမျက်နှာပြင်မှာ ပေါလောပေါ်နေပြီး၊ လေတိုက်ခတ်မှုနဲ့ သမုဒ္ဒရာရေစီးကြောင်းတွေကြောင့် ကမ္ဘာ့သမုဒ္ဒရာရေမျက်နှာပြင်အနှံ့ စီးမျောနေပါတယ်။ ဒီစီးမျောနေတဲ့ ပလတ်စတစ်အမှိုက်ပမာဏဟာ ဘိုးလင်း (Bowling) ကစားတဲ့ဘောလုံးပေါင်း (၃၃,၇၅၀,၀၀၀) လုံး၊ အိမ်စီးကား (၁၃၅၀၀၀)စီး၊ မော်တော်ဘုတ်အလတ်စား (၁၃၀၀၀၀၀)စီး၊ ကုန်တင်ရထားတွဲ (၁၂၂၅)တွဲ နဲ့ အရွယ်ရောက်တဲ့ဆင် (၃၆၀၀၀) ကောင်နဲ့အလေးချိန်ညီမျှပါ တယ်။
သမုဒ္ဒရာထဲမျောနေတဲ့ ပလတ်စတစ်အမှိုက်များဟာ နေရောင်ခြည်ရဲ့အပူရှိန်နဲ့ လှိုင်းများရဲ့ ရိုက်ခတ်မှုဒါဏ်ခံရပြီး အင်မတန်သေးငယ်တဲ့ (၅)မီလီမီတာအောက် Microplastic အဖြစ် ပြိုကွဲပြောင်းလဲပြီး အမှုန်အစပေါင်း (၅)ဘီလီလျံကျော် သမုဒ္ဒရာထဲ မျောနေပါတယ်။ ဒီMicroplastic များကို အစာအမှတ်နဲ့ ဝါးမိတဲ့ငါးများနဲ့ ရေနေသတ္တဝါများရဲ့ အစာချေဖျက်တဲ့စနစ်တွေ ပျက်စီးခြင်းကြောင့်ဝေလငါး၊ ပင်လယ်လိပ်များအပါအဝင် ရေသတ္တဝါ(၁) သိန်းကျော်နဲ့ ပင်လယ်ပျော်ငှက်ပေါင်း(၁)သန်းဟာ နှစ်စဉ်သေကြေပျက်ဆီးပြီး ရေနေသတ္တဝါမျိုးနွယ်စု

-၂-

ပေါင်း(၇၀၀၀)ကျော်ဟာ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်ကျရောက်နေကြရတာကို ဝမ်းနည်းဖွယ် လေ့လာသိမြင်ရပါတယ်။
နေ့စဉ်မြို့ကြီး၊ ရွာကြီးနဲ့ စက်ရုံအလုပ်ရုံက စွန့်ပစ်လိုက်တဲ့အမှိုက်တွေကို စွန့်ပစ်ဖို့မြေနေရာ အကန့်အသတ်ရှိတာရယ်၊ စနစ်မကျတဲ့အမှိုက်စွန့်ပစ်စနစ်တွေကြောင့် ပင်လယ်သမုဒ္ဒရာတွေထဲကို အမှိုက်များသယ်လာတဲ့ ပလတ်စတစ်မြစ်ချောင်းတွေ ကမ္ဘာအနှံ့ပေါ်ထွက်လာတာ ဆန်းကြယ်တဲ့ ဖြစ်စဉ်မဟုတ်တော့ပါဘူး။ မြစ်ကမ်းတစ်လျှောက် လူနေမှုထူထပ်လာပြီး တိုးချဲ့လာတဲ့
စက်ရုံအလုပ်ရုံများက စွန့်ပစ်ပစ္စည်းအပေါ် စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ဒေသတွေမှာ ထွက်ပေါ်လာတဲ့ ညစ်ညမ်းပလပ်စတစ်မြစ်ကြီး (၁၀)စင်းကို အောက်ပါအတိုင်းတွေ့ရှိရပါတယ်။
(၁) စီတယံမြစ်(Citarum- Indonesia)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာတည်ရှိပြီး ဂျာဗားကျွန်းရဲ့ တတိယမြောက်အရှည်ဆုံး မြစ်ဖြစ်ပါတယ်။ မြစ်အထက်ပိုင်းမှာ ဗန်ဒေါင်း(Bandung)နဲ့ ဂျာကတာတိုးချဲ့မြို့တော်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့ရေအားလျှပ်စစ်စက်ရုံ (၃)ရုံရှိပြီး ရေလှောင်ပမာဏ (၃)ဘီလျံကုဗမီတာ လှောင်နိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး ရေလှောင်တာတမံ ဂျာတိလူဟူ(Jatiluhur Dam)ဟာ ဒီမြစ်ပေါ်မှာတည်ရှိပါတယ်။ ဒီရေလှောင်တာတမံက မြစ်ဝှမ်းမှာရှိတဲ့လူဦးရေရဲ့ (80)%ကို ရေဖြန့်ဖြူးပေးနိုင်သလို စိုက်ဧကပေါင်း ဟက်တာ (၄)သိန်းကို ရေပေးဝေနိုင်ခဲ့ပါတယ်။ စီတယံမြစ်ကြီးဟာ တစ်ချိန်က မြစ်ဝှမ်းတစ်လျှောက် နေထိုင်ကြတဲ့လူဦးရေ (၅)သန်းအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ လျှပ်စစ်နဲ့ စက်ရုံများအတွက် အားထားခဲ့ရတဲ့မြစ်ကြီးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုးလာတဲ့ အထည်အလိပ်စက်ရုံအပါအဝင် စက်ရုံပေါင်း (၂၀၀၀)ကျော်က စွန့်ပစ်လိုက်တဲ့ အညစ်အကြေးများနဲ့ ရေဆိုးတွေကြောင့် မြစ်မျက်နှာပြင်ဧရိယာ (၅၀၂၀)စတုရန်းမိုင်ဟာ ခဲ၊ ပြဒါး၊အာစင်းနစ်နဲ့ အခြားအဆိပ်အတောက်တွေ ၊ပလတ်စတစ်အမှိုက်တွေ ပြန့်နှံ့လာပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များရဲ့ သုတေသနပြုချက်အရ အထည်အလိပ်စက်ရုံက နေ့စဉ်စွန့်ပစ်အမှိုက်တန် (၂၀၀၀၀)၊ ရေဆိုးတန်
-၃-

(၃၄၀၀၀)ကို သန့်စင်အောင် ပြုပြင်ခြင်းမရှိပဲ စွန့်ပစ်နေလို့ ရေထုညစ်ညမ်းမှုကြောင့် ငါးသတ္တဝါတွေ(၆၀)%လျော့နည်းသွားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စီတယံမြစ်ပြန်လည်သန့်စင်ရေးကို ၂၀၁၁ နိုဝင်ဘာလကစပြီး အမေရိကန်ဒေါ်လာ(၄) ဘီလျံအကုန်ကျခံပြီး ၁၅နှစ်စီမံကိန်းချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ပထမ(၃)နှစ်ကာလမှာ မြစ်အလျား(၁၈၀)ကီလိုမီတာအတွင်း နှုန်းမြေ ကုဗမီတာ (၁၀.၅)သန်း ဖယ်ရှားခဲ့ပါတယ်။ အင်ဒိုနီးရှားသမ္မတ Jokowidodo လက်ထက် ၂၀၁၈ခုနှစ်မှာ တပ်မတော်သား (၇၀၀၀)ကိုတာဝန်ပေးပြီး စက်ရုံများကို ရေဆိုးစနစ် သန့်စင်စက်များတပ်ဆင်ဖို့ ရေဝေရေလဲ ဒေသတွေမှာ သစ်မာပင်ပေါင်း(၂၅)သန်းအပါအဝင် သစ်ပင်ပေါင်း (၁၂၅)သန်း စိုက်ဖို့ (၇)နှစ်စီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့လည်း စက်ရုံများက ညွှန်ကြားချက်အတွင်း အပြည့်အဝလိုက်နာဆောင်ရွက်မှုမရှိခြင်း၊ စက်ရုံများကို ထိန်းကျောင်းကြပ်မတ်ရတဲ့ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ အဂတိလိုက်စားခြင်း၊ ဒေသခံပြည်သူများရဲ့ ပူးပေါင်းပါဝင်လာမှု
အားနည်းခြင်းတွေကြောင့် မြစ်သန့်စင်ရေးဟာ မျှော်မှန်းသလောက် အောင်မြင်မှုမရတာကို တွေ့ရှိရပါတယ်။
(၂)ယံဇီမြစ်(Yangtze-China)

အာရှတိုက်မှာ အရှည်လျားဆုံး မြစ်တစ်စင်းဖြစ်သလို ကမ္ဘာမှာ တတိယအရှည်လျားဆုံး မြစ်ဖြစ်တဲ့ ယံဇီမြစ်ဟာ တရုတ်နိုင်ငံမှာ လူဦးရေထူထပ်တဲ့ မြို့တွေဖြစ်တဲ့ ရှန်ဟဲမြို့(လူဦးရေ-၂၂သန်း) ၊ ဝူဟန်မြို့(လူဦးရေ-၉.၈သန်း)နဲ့ ချုံကွင်းမြို့(လူဦးရေ-၇.၅သန်း)တွေကို ဖြတ်သန်းစီးဆင်းပြီး မြစ်ကမ်းတစ်လျှောက် တရုတ်နိုင်ငံလူဦးရေရဲ့ (၃)ပုံ (၁)ပုံဖြစ်တဲ့ သန်းပေါင်း(၄၈၀)မှီတင်းနေထိုင်ရာ မြစ်ကြီးတစ်စင်းဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး မီဂါဝပ်(၂၂၅၀၀၀) ထုတ်လုပ်နိုင်တဲ့ ချောက်ကမ်းပါးကြီး(၃)ခု ရေအားလျှပ်စစ်စီမံကိန်း (Three Gorges dam)ကို ယံဇီမြစ်ပေါ်မှာ တည်ဆောက်ထားပြီးလျှပ်စစ်ဓာတ်အားအပြည့်ထုတ်လုပ်တဲ့ ၂၀၁၂ခုနှစ်ကစပြီး ယံဇီမြစ်ရေရဲ့ အရည်အသွေးဟာ ကျဆင်းခဲ့ရပါတယ်။ မြစ်ကမ်းတစ်လျှောက် ဝက်မွေးမြူရေးခြံတွေ၊
-၄-

နေရောင်ခြည်ကာကွယ်ဖို့ ပျိုးပင်၊ သီးနှံစိုက်ခင်းတွေကို ဖုံးအုပ်ထားတဲ့ ပလတ်စတစ်အမိုးအကာတွေ၊ ဓာတုဗေဒစက်ရုံတွေကြောင့် ယံစီမြစ်ဟာ ညစ်ညမ်းလာပြီး (၂၀၁၂)မှာ ချုံကွင်းမြို့ကို ဖြတ်စီးတဲ့ မြစ်ရေဟာ အနီရောင်ပြောင်းသွားခဲ့ပါတယ်။
၂၀၁၅ခုနှစ် တစ်နှစ်ထဲမှာတရုတ်နိုင်ငံရဲ့ အိမ်တိုင်ရာရောက်အစားအသောက်ပို့တဲ့စနစ် (Delivery service)မှာ တစ်ခါသုံးပလတ်စတစ်အိတ်ပေါင်း (၁၄)ဘီလျံ၊ တစ်ခါသုံးဘူးခွံသန်း(၆၀)၊ ပြန်သုံးလို့မရတဲ့ရေ ပုလင်းခွံ (၆၈)ဘီလျံ သုံးစွဲပြီး (၈၀)% ထက်မနည်း မြစ်ချောင်းတွေထဲ စွန့်ပစ်ကြ ပါသည်။ ယံဇီမြစ်မျာက်နှာပြင်မှာ ပျမ်းမျှတစ်ကုဗမီတာမှာ မိုက်ခရိုပလတ်စတစ်အမှိုက်အစပေါင်း (၄၁၀၀)ပါဝင်နေတာကိုလေ့လာတွေ့ရှိရပါတယ်။ ညစ်ညမ်းတဲ့ ရေထဲပါဝင်တဲ့ ပလတ်စတစ်အမှိုက်တွေကို အစာအမှတ်နဲ့စားမိလို့ ယံဇီလင်းပိုင်နဲ့ ငါးမျိုးတွေ လျော့ပါးလာ ပါတယ်။
တရုတ်အစိုးရ သဘာဝထိန်းသိန်းရေးဝန်ကြီးဌာနက (၂၀၁၇)ခုနှစ်မှာ မြစ်ရေပြန်လည် သန့်စင်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း(၁၀၀) အကုန်ကျခံပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဓာတုဗေဒစက်ရုံတွေကို မြစ်ကမ်းပါးက အနည်းဆုံး (၁)ကီလိုမိတာအကွာအဝေးကို ပြောင်းရွေ့စေပါ တယ်။ စည်းကမ်းမလိုက်နာတဲ့စက်ရုံ (၂၅)ရုံကို ဖျက်သိမ်းခဲ့ပြီး စက်ရုံ(၁၀၉)ရုံကိုလည်း (၂၀၂၀) အကုန်မှာ ဖျက်သိန်းဖို့ ညွှန်ကြားခဲ့ပါတယ်။ ရှန်ဟိုင်းအပါအဝင် ပြည်နယ်ကြီး (၆)ခုက ဒေသပေါင်း (၄၀) အကျယ်အဝန်း စတုရန်းမိုင် (၆၄၀၀)ကို သစ်တော်ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသလို
ယံဇီမြစ်အထက်ပိုင်း ရေဝေရေလဲမှာရှိတဲ့ ရေကန်ကြီး (၅)ကန်ကို ယံဇီမြစ်နဲ့ တူးမြောင်း ဆက်သွယ်ဖောက်လုပ်ပြီး သန့်စင်တဲ့ ရေရရှိရေးကိုလည်း ဆောင်ရွက်နေပါတယ်။
(၃) အိန္ဒုမြစ် (The Indus- Pakistan and India)
ပါကစ္စတန်နိုင်ငံရဲ့ အရှည်လျားဆုံးမြစ်ဖြစ်တဲ့အိန္ဒုမြစ်ဟာ အိန္ဒိယနိုင်ငံကို ဖြတ်သန်းစီးဆင်းပြီး အာရေဗီယန် ပင်လယ်ထဲ စီးဝင်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အသက်ဖြစ်တဲ့ အိန္ဒုမြစ်ဟာ လူသန်း ပေါင်းများစွာရဲ့ သောက်သုံးရေ ဖြည့်ဆည်းပေးတဲ့ ရေသတ္တုသိုက်ကြီးဖြစ်သလို စိုက်ပျိုးရေးနဲ့ စက်မှုအလုပ်ရုံတွေ အားထားရာမြစ်ကြီးဖြစ်ပါတယ်။ တောင်အာရှမှာ အိန္ဒိယနိုင်ငံပြီးရင် ပလတ်စတစ် အများဆုံး ထုတ်လုပ်တဲ့ ပါကစ္စတန်နိုင်ငံမှာ ပလတ်စတစ် စက်ရုံပေါင်း (၆၀၀၀)ကျော်ဟာ ပလတ်စတစ်အိတ်ပေါင်း (၅၅)ဘီလျံအပါအဝင် ပလတ်စတစ်ပစ္စည်းအမည်စုံ တန်ချိန်(၆၂၄၀၀၀)ကျော် ကို နှစ်စဉ် ထုတ်လုပ်ပါတယ်။ ပလတ်စတစ်အမှိုက်တွေကို ပြန်လည်သုံးစွဲခြင်း (recycle)၊ မြေမြုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မီးရှို့ခြင်း၊ (incineration)မလုပ်ဘဲ မြစ်အတွင်း စွန့်ပစ်လို့ အိန္ဒုမြစ်ဟာ ပင်လယ်သမုဒ္ဒရာထဲ နှစ်စဉ် ပလတ်စတစ်အမှိုက် တန်ချိန်(၁၆၄၀၀၀)ကျော် သယ်ယူပို့နေတဲ့ မြစ်ကြီးတစ်စင်း ဖြစ်နေပါတယ်။
-၅-

ပါကစ္စတန်အစိုးရအနေနဲ့ ပလတ်စတစ်အမှိုက်လျော့ပါးရေးနဲ့ အိန္ဒုမြစ်ရေပြန်လည် သန့်စင်ရေးအတွက် ပလတ်စတစ်စက်ရုံများကို အမှိုက်သန့်စင်ရေးကိရိယာများ တပ်ဆင်ရေး၊ ပြည်သူ့တွေ ကို ပလပ်စတစ်အသုံးလျော့ချရေး (Recuse)၊ တစ်ကြိမ်ထက်မက သုံးစွဲရေး (Recuse)၊ အခြားလူသုံး ကုန်အဖြစ် ပြုပြင်ပြောင်းလဲသုံးစွဲရေး (Recycle) နဲ့ လူထုပညာပေးရေးလုပ်ငန်းတွေကို ဆောင်ရွက် နေကြောင်း သိရှိရပါတယ်။
(၄) မြစ်ဝါမြစ် (Yellow-River China)
တရုတ်နိုင်ငံရဲ့ မိခင်မြစ်ကြီး( Mother River) လို့ ခေါ်တဲ့ မြစ်ဝါမြစ်ဟာ တရုတ်နိုင်ငံမှာ ဒုတိယအရှည်ဆုံး မြစ်ဖြစ်ပြီး လူသားပေါင်း သန်း(၄၀၀)မှီတင်းနေထိုင်တဲ့ မြစ်ကြီးတစ်စင်း ဖြစ်ပါတယ်။ ဒီမြစ်ကြီးဟာ မြို့ရွာတွေမှာ နေထိုင်ကြတဲ့ လူသားပေါင်း (၁၅၅)သန်းအတွက် သောက် သုံးရေအတွက် အားထားရာဖြစ်သလို စိုက်ဧကပေါင်း (၁၈)သန်းကိုလည်း ရေဖြည့်ဆည်းပေးပါတယ်။ မြစ်အထက်ပိုင်း တစ်လျှောက်မှာ လျှပ်စစ်ဓာတ်အားစုစုပေါင်း (၅၆၁၈)မီဂါဝပ် ထုတ်လုပ်ပေးတဲ့
ရေအားလျှပ်စစ်စက်ရုံ (၁၆)ခုရှိတာမို့ရေမျက်နှာပြင်ဟာ တဖြည်းဖြည်းနိမ့်ကျလာပါတယ်။ မြစ်အညာမှာရှိတဲ့ ရေနံတွင်းတွေနဲ့ ကျောက်မီးသွေးတွေကြောင့် ရေအရည်အသွေးတွေ နိမ့်ကျလာ သလို စက္ကူစက်၊ သားရည်စက်နဲ့ ရေနံဓာတုစက်ရုံတွေက နှစ်စဉ်စွန့်ပစ်လိုက်တဲ့ရေဆိုး (၄)ဘီလျံတန် ကြောင့် ရေနေသတ္တဝါမျိုးနွယ်စု လျော့ကျလာပါတယ်။ စက်ရုံများနဲ့မြို့ပြများက စနစ်တကျသန့်စင် ခြင်းမရှိတဲ့ ပလတ်စတစ်အမှိုက် တန်ချိန်(၁၂၄၀၀၀)ကျော်ဟာ ပင်လယ်ထဲစီးဝင်နေတာကြောင့် ကမ္ဘာမှာ တတိယ ပလတ်စတစ်အမှိုက်အများဆုံးမြစ် အနေနဲ့ အဆင့်သတ်မှတ်ခြင်း ခံရပါတယ်။
(၅) ဟိုင်မြစ် (Hai River-China)
တရုတ်နိုင်ငံ မြို့တော်ဘီဂျင်း (Beijing)နဲ့ တိုင်ဂျင်း(Tianjin)မြို့ကို ဆက်သွယ်ပြီး ဘိုနိုင်း(Bohai)ပင်လယ်ထဲ စီးဝင်တဲ့ ဟိုင် (Hai)မြစ်ကို မြစ်ဖြူ (White River)လို့လည်း ခေါ်ကြပါတယ်။ ဟိုင်မြစ်ထဲကို စီးဝင်တဲ့ မြစ်လက်တက်(၅)စင်းဟာ မြစ်ညာက ဖြိုဆင်းလာတဲ့ ကမ်း ပါးမြေတွေကို ရွှံ့နွံတွေအနေနဲ့ ဟိုင်မြစ်ထဲကို ပို့ချလို့ ဟိုင်မြစ်ဟာ အမြဲတမ်း နှောက်ကျိနေတာ ကြောင့် မြစ်ဝထဲ ရွှံနွံတွေ စိးဝင်မှုလျော့ပါးအောင် တိုင်ဂျင်မြို့ကနေ အိုဟိုင်းပင်လယ်ထဲကို တူးမြောင်းတစ်ချောင်း ဖောက်လုပ်ခဲ့ပါတယ်။ ဟိုင်မြစ်ဝတစ်ဝှမ်း တိုးတက်လာတဲ့ စက်ရုံတွေကြောင့် နှစ်စဉ်ပလတ်စတစ်အမှိုက်တန်ချိန် (၉၂၀၀၀) နီးပါးပင်လယ်ထဲစီးဝင်တာကြောင့် ဟိုင်မြစ်ဟာ ပဉ္စမမြောက် ပလတ်စတစ်ညစ်ညမ်းတဲ့ မြစ်တစ်စင်းဖြစ်လာပါတယ်။
(၆) ဂင်္ဂါမြစ် (The Ganges River- India)
အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုထွန်းကားရာ ဂင်္ဂါမြစ်ဟာ လူသန်းပေါင်း (၅၀၀) အတွက် ရေလိုအပ်ချက်ဖြည့်ဆည်းပေးတဲ့ မြစ်ကြီးတစ်စင်းဖြစ်ပါတယ်။ လူဦးရေတစ်သိန်းကျော်တဲ့ မြို့ပေါင်း (၁၀၀)နဲ့ လူဦးရေ တစ်သိန်းအောက် မြို့ကြီး (၁၅၀)ကျော်ကို ဖြတ်သန်းစီးဆင်းတဲ့ ဂင်္ဂါမြစ်ဟာ

-၆-
စွန့်ပစ်ရေစီမံခန့်ခွဲမှု လိုအပ်ချက်ရှိခြင်း၊ သားရေစက်ရုံ၊ အထည်အလိပ်စက်ရုံ၊ သားသတ်ရုံ၊ ဆေးရုံ များက စွန့်ပစ်တဲ့ အမှိုက်များ၊ ရေဆိုးများ၊ မြစ်လက်တက်များတစ်ခုဖြစ်တဲ့ ပန်ဒုမြစ်(Pandu) မှာ ထားတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက နှစ်စဉ်စွန့်ပစ်တဲ့ ပြာတန်ချိန် နှစ်သိန်း ကျော်ဟာ မြစ်ကို ညစ်ညမ်းစေပါတယ်။ ကွယ်လွန်သွားတဲ့သူတွေကို ဂင်္ဂါမြစ်ကမ်းမှာ မီးသင်္ဂြိုလ်ရင် မြင့်မြတ်သောဘုံကို ရောက်စေနိုင်တယ်ဆိုတဲ့ ရှေးရိုးအယူတွေကြောင့် နှစ်စဉ်ထောင်သောင်းမက မီး သင်္ဂြိုလ်တဲ့ ရုပ်ကြွင်းနဲ့ ပြာတွေဟာ ဂင်္ဂါမြစ်ကို ပိုညစ်ညမ်းစေပါတယ်။ အာရှတိုက်မှာ ပလတ်စတစ်
ကုန်ပစ္စည်းအများသုံး ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံက နေ့စဉ် ဂင်္ဂါမြစ်ထဲ ပလတ်စတစ်အမှိုက် (၃၁၅)တန် စွန့်ပစ်နေပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ဝန်ကြီးချုပ်ဦးဆောင်ပြီး ပြည်နယ်ဝန်ကြီးချုပ်တွေ ပါဝင်တဲ့ အမျိုး သားအဆင့် ဂင်္ဂါမြစ်ဝှမ်းအာဏာပိုင်အဖွဲ့ (National River Garges Basic Authority) ကို (၂၀၀၉) ခုနှစ်မှာ ဖွဲ့စည်းပြီး ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးငွေ အမေရိကန် ဒေါ်လာ(၁)ဘီလျံ နဲ့ မြို့ပြများ စွန့်ပစ်ရေးများ ပြန်လည်သန့်စင်ရေး စီမံကိန်း အပါအဝင် ဂင်္ဂါမြစ်ရေ ပြန်လည်သန့်စင်ရေးလုပ်ငန်း တွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ တခါသုံး ပလတ်စတစ်ထုတ်ပိုးပစ္စည်းများကို တားမြစ်သလို ပလတ်စတစ်ကုန်ပစ္စည်းတွေကို ပြန်လည်သုံးစွဲဖို့ ညွှန်ကြားခဲ့ပါတယ်။ အစည်းအဝေးတွေမှာ တစ်ခါသုံးရေပုလင်းနဲ့ ရေထည့်တာကို တားမြစ်သလို အားကစားများကို ထောက်ပံ့တဲ့ သောက်ရေကို ပလတ်စတစ်ပုလင်းအစား စကီးလ်ရေဘူးတွေပေးဝေခဲ့လို့ (၂၀၁၉)ခုနှစ်မှာ ပလတ်စတစ် အမှိုက်ကို (၁၂၀)တန် အထိ လျော့ချနိုင်ခဲ့ပါတယ်။
(၇) ပုလဲမြစ် (The Pearl River-China)
လူဦးရေ သန်း(၂၀)ကျော် နေထိုင်တဲ့ ဂွမ်ကျို (Guangshou) မြို့ကို ဖြတ်သန်းစီးဆင်း တဲ့ ပုလဲမြစ်ဟာ ဟောင်ကောင်၊ မကာအိုမြို့ကြီးများ တည်ရှိတဲ့ တောင်တရုတ် ပင်လယ်အော်ထဲ စီးဝင်ပါတယ်။ ပုလဲမြစ်ဝှမ်းတစ်လျှောက် တရုတ်နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံနေထိုင်ပြီး၊ တရုတ်နိုင်ငံအသားတင် နေထိုင်မှု (G.D.P)ရဲ့(၄၀)%ကို ဒီမြစ်ဝှမ်းကထုတ်ပေးပါတယ်။ တိုးတက်လာတဲ့ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတွေကြောင့် ပုလဲမြစ်ရေဟာ မိုက်ခရိုပလတ်စတစ်တန် (၆၀၀)ပါဝင်တဲ့ ပလတ်စတစ်အမှိုက် နှစ်စဉ်တန်ချိန် (၁၀၀၀၀၀)ကို တောင်ပင်လယ်ထဲ သယ်ဆောင်နေကြောင်း တရုတ်နော်မယ် တက္ကသိုလ်သုတေသန (Enviroment Research Institute of China Normal University)က ထုတ်ဖော်ခဲ့ပါတယ်။
(၈) အမူးမြစ် ( The Amur River-China)
ကမ္ဘာ့ (၁၀)စီးမြောက် အရှည်ဆုံးမြစ်ဖြစ်တဲ့ အမူးမြစ်ဟာ ရုရှနိုင်ငံ ဆိုက်ဗေးရီးယားဒေသနဲ့ တရုတ်မြောက်ပိုင်းအတွင်း မန်ချူးရီးယားဒေသကို ပိုင်းခြားစီးဆင်းနေတဲ့ နယ်ခြားမြစ်ဖြစ်ပြီး Straite of Tartary မှာ ဂျပန်ပင်လယ် (Sea of Japan)ထဲ စီးဝင်ပါတယ်။ လိပ်မျိုး၊
-၇-

ငါးမျိုးပေါင်း(၁၀၀)ကျော် ပေါက်ဖွားနေထိုင်ရာဒေသ ဖြစ်ပါတယ်။ မြစ်ဝှမ်းဒေသမှာ တိုးလာတဲ့လူဦးရေနဲ့ စက်မှုလုပ်ငန်းတွေက ပလတ်စတစ်အမှိုက်အပါအဝင် ဓါတုဗေဒ စွန့်ပစ်ပစ္စည်းတွေကြောင့် အမူးမြစ်မှာ ရေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာပြီး တစ်ချိန်ကပေါများခဲ့တဲ့ ဆာလ်တွေငါး၊ (Salmon) တွေဟာ သားပေါက်ဖို့ ပင်လယ်ထဲကနေ မြစ်အတွင်း ပြန်လည်ဆန်တက်လာမှု လျော့ပါးသွားတာကို လေ့လာတွေ့ရှိရပါတယ််။ အမူးမြစ်ဟာ နှစ်စဉ်ပလတ်စတစ်အမှိုက်တန်ချိန် (၃၈၀၀၀)ကျော် စွန့်ပစ်တဲ့ကမ္ဘာ့ နံပါတ်(၈)မြစ်အနေနဲ့ အဆင့်သတ်မှတ်ခြင်းခံရပါတယ်။ ပြန်လည်ဆန်တက်လာမှု လျော့ပါးသွားတာကို လေ့လာတွေ့ရှိရပါတယ်။ အမူးမြစ်ဟာ နှစ်စဉ်ပလတ်စတစ်အမှိုက်တန်ချိန် (၃၈၀၀၀)ကျော် စွန့်ပစ်တဲ့ကမ္ဘာ့နံပါတ်(၈)မြစ်အနေနဲ့ အဆင့်သတ်မှတ်ခြင်းခံ ရပါတယ်။

(၉) နိုင်ဂါ (Niger – Nigeria)
အာဖရိကအနောက်ပိုင်း ဂီနီ( Guinea ) ကုန်းမြင့်မှာ မြစ်ဖျားခံတဲ့ နိုင်ဂါမြစ်ဟာ (Mali)နိုင်ငံ ၊ နိုင်ဂါ (Niger)နိုင်ငံ ၊ ဘီနင်(Benin)နိုင်ငံ နဲ့ နိုင်ဂျီးရီးယား(Nigeria)နိုင်ငံတို့ကို ဖြတ်သန်းပြီး ဂီနင်ပင် လယ်အော်မှာ အတ္တလန်တိတ်သမုဒ္ဒရာထဲ စီးဝင်ပါတယ်။ နိုင်ဂါမြစ်တစ်လျှောက် လူသားပေါင်း သန်း(၁၀၀)ကျော် နေထိုင်ကြပါတယ်။မြစ်အညာမှာရှိတဲ့ မာလီနိုင်ငံမြို့တော် ဗန်မာကို(Bamako)မှာ လူဦးရေ (၂) သန်းကျော်နေထိုင်ကြပြီး စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့စနစ်ကြောင့် နိုင်ဂါမြစ်ကမ်းတစ်လျှောက် ပလတ်စတစ်အမှိုက်အပါအဝင် ၊ လူသုံးကုန်၊ စက်ရုံသုံး၊ စိုက်ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းများကို စွန့်ပစ် ထားတဲ့နေရာ (၄၀)ကျော်က ပလတ်စတစ်အမှိုက်များဟာ နိုင်ဂါမြစ်ထဲ စီးဝင်တာမို့ (၂၀၀၈)ခုနှစ်မှာ ဗန်မာကိုမြို့ဟာ ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော်များမှာအဆင့်(၁၆) သတ်မှတ်ခံရပါတယ်။ အလားတူ မာလီနိုင်ငံအောက်က နိုင်ဂါ နိုင်ငံ၊ ဘီနင်နိုင်ငံနဲ့ နိုင်ဂျီးရီးယားနိုင်ငံများက စွန့်ပစ်တဲ့ပလတ်စတစ်အ မှိုက်များအပါအဝင် နိုင်ဂါမြစ်ဟာ နှစ်စဉ်ပလတ်စတစ်အမှိုက်တန်ချိန် (၃၅၀၀၀)ကျော်နဲ့ ကမ္ဘာ့အ ဆင့်(၉) ပလတ်စတစ်မြစ်အနေနဲ့ ရပ်တည်နေပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအနေနဲ့ (၂၀၀၉)ခုနှစ်ကစ ပြီး ပလတ်စတစ်ထုတ်လုပ်ခြင်း၊ ပြည်ပမှတင်သွင်းခြင်း ၊ ပြည်တွင်းမှာသုံးစွဲခြင်းတွေကို တရားဝင် ပိတ်ပင်ခဲ့ပါတယ်။
(၁၀) မဲခေါင်မြစ်(The Mekong Of Asia)
ကမ္ဘာ့(၁၂)ခုမြောက်အရှည်ဆုံးမြစ်ဖြစ်သလို အာရှတိုက်ရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ မဲခေါင်မြစ် ဟာ တိဗက်ကုန်းမြေမြင့်မှာ မြစ်ဖျားခံပြီး တရုတ်နိုင်ငံ၊မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဗော ဒီးယားနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံ တွေကိုဖြတ်သန်းစီးဆင်းတဲ့နိုင်ငံတကာမြစ်တစ်စင်းဖြစ်ပါတယ်။
-၈-

ကမ္ဘာပေါ်မှာ အမေဇုန်(Amazon)မြစ်ပြီးရင် ငါးအပါအဝင် ရေနေသတ္တဝါအပေါများဆုံးမြစ်ကြီးဖြစ် ခြင်းကြောင့် မြစ်အောက်ပိုင်းတိုင်းပြည်ဖြစ်တဲ့ ကမ္ဗောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံများရဲ့ ရေလုပ်သား များမှီခိုရာမြစ်ကြီးဖြစ်ပါတယ်။ ဒါပေမဲ့ မြစ်အညာမှာရှိတဲ့ တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံများက မြစ်မကြီး နဲ့မြစ်လက်တက်တွေမှာ တည်ဆောက်လာကြတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် မြစ်ရေမျက်
နှာြပင်ဟာ တသမတ်တည်းမရှိဘဲ အနိမ့်အမြင့် အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒီအကျိုးဆက် ကြောင့် မြစ်ကမ်းပါး ပြိုခြင်း၊ ရေအရည်အသွေး လျော့ပါးလာခြင်း၊ ငါးနဲ့ရေနေသတ္တဝါများလျော့ပါး လာခြင်းဖြစ်ပေါ်လာပါတယ်။ မဲခေါင်မြစ်တစ်လျှောက် ပင်လယ်ဝကတရုတ်နိုင်ငံ နယ်စပ်အထိ သင်္ဘောတွေ သွားလာနိုင်ခြင်းကြောင့် ခရီးသည်များ စွန့်ပစ်တဲ့ပလတ်စတစ်အမှိုက်တွေနဲ့ ရေလုပ်ငန်းသုံး ပလတ်စတစ်အမှိုက်များကြောင့် နှစ်စဉ်ပလတ်စတစ်အမှိုက်တန်ချိန် (၃၃၀၀၀) ကျော်ဟာပင်လယ် ထဲစီးဝင်နေပါတယ်။ ဒါကြောင့်မို့ (၂၀၁၉) ခုနှစ်လာအိုနိုင်ငံမြို့တော် ဗီယက်နမ်နိုင်ငံ(Vientiane)မှာ မဟာမဲခေါင်ကော်မရှင်က ကြီးမှူးပြီး မဲခေါင်မြစ်အတွင်း ပလတ်စတစ်အသုံး လျော့ချရေး ၊ခရီးသွား လုပ်ငန်းပြန်လည်မြင့်တင်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ကမ္ဗောဒီးယား၊ လာအို၊ ဗီယက်နမ် နဲ့ထိုင်း နိုင်ငံကတာဝန်ရှိ ပုဂ္ဂိုလ်တွေကိုဖိတ်ကြားပြီး အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
ကမ္ဘာ့ညစ်ညမ်းပလတ်စတစ်မြစ်ကြီး (၁၀)စင်းထဲမှမပါဝင်ပေမယ့် မြန်မာနိုင်ငံဂုဏ်ဆောင် ဧရာဝတီမြစ်ဟာ ကမ္ဘာကအလေးထားဂရုပြုရမည့် ညစ်ညမ်းပလတ်စတစ်မြစ်ဖြစ်လာမည့် အလား အလာရှိတယ်ဆိုတာကို (၂၀၁၉) ခုနှစ် ဇူလိုင်လ(၉) ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “မြန်မာနိုင်ငံ ဧရာဝတီမြစ်၏ ပလတ်စတစ်ညစ်ညမ်းမှုရှုမျှော်ခြင်း” ဆွေးနွေးပွဲမှာ ဖိတ်ကြားခဲ့တဲ့ပါတနာများက ထုတ်ဖော်ခဲ့ပါတယ်။ ပထမသုတေသနစာတန်းအရ ပင်လယ်ထဲကို ဧရာဝတီမြစ်ကနေ့စဉ် ပလတ်စတစ်အမှိုက် (၁၁၉) တန်စွန့်လွှတ်နေကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသကနေ့စဉ် (၃၁)တန်နှုန်း နဲ့ အများဆုံးစွန့်ပစ်ပြီး ရန်ကုန်မြို့ကနေ့စဉ် (၂၉)တန်ခန့်စွန့်ပစ်နေကြောင်း ဖော်ပြခဲ့ပါတယ်။ ဒုတိယစာ တန်းအရ သုတေသန သင်္ဘောနဲ့ နမူနာကောက်ယူဆန်းစစ်ချက်အရ မြန်မာ့ကမ်းရိုးတန်းရေထုထဲ တစ်ကီလိုမီတာပတ်လည်ရေပြင်မှာ သေးငယ်တဲ့ မိုက်ခရိုပလတ်စတစ်အစပေါင်း (၂၈၀၀၀)ပြန့်နှံ့နေ ကြောင်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာအများဆုံး တွေ့ရှိရကြောင်း သိရှိရပါတယ်။
ယနေ့ကမ္ဘာနိုင်ငံအချို့ (နိုင်ဂျီးရီးယား ၊ ကင်ညာ၊ ဥရောပသမဂ္ဂ နိုင်ငံများ)မှာတစ်ခါသုံး ပလတ်စတစ်အိတ်များ ပိတ်ပင်ခြင်း ၊ပြည်ပမှ ပလတ်စတစ်ကုန်ကြမ်းများတင်သွင်းခြင်းကို ပိတ် ပင်ခြင်း ( ဥပမာ- တရုတ်နိုင်ငံ ) ၊ ပလတ်စတစ်ပစ္စည်းများကို ပြန်လည်သုံးစွဲခြင်း (Reuse) နဲ့
-၉-
အခြားပစ္စည်းများအဖြစ်ပြန်လည်သုံးစွဲခြင်း (Recycle) ၊ပလတ်စတစ်ရေပုလင်း ၊ရေဘူးများအစား စတီးလ်ဘူးများနှင့် ရေထည့်သုံးစွဲခြင်း ၊ပလတ်စတစ်ထုတ်ပိုးအိတ်ဘူးများအပေါ် အခွန်ကောက်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ပလတ်စတစ်အမှိုက်လျော့ပါးရေးကိုဆောင်ရွက်နေကြပါတယ်။
မြန်မာနိုင်ငံရဲ့အထင်ကရမြစ်ကြီးများဖြစ်တဲ့- ဧရာဝတီ၊စစ်တောင်း ၊ သံလွင်နဲ့ ဧရာဝတီမြစ်အပြင် ဧရာဝတီမြစ်ရဲ့အကြီးဆုံးမြစ်လက်တက် ဖြစ်တဲ့ ချင်းတွင်းမြစ်ကိုလည်း မြစ်များ၊ပင်လယ်များကို ညစ်ညမ်းစေတဲ့ ပလတ်စတစ်အမှိုက်များအပြင် အခြားအမှိုက်များပါလျော့ပါးကင်းစင်ရေး ကို အရှိန်အဟုန်မြင့် ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါ တယ်။

စောမိုးမြင့် (သတ္တုတွင်း)
sawmoemyint @gmail.com

Sources –
www.aregis.com – Rivers of Plastic
⦁ the thaegir.com – Top 10 most Plastic polluted Rivers(2019)
www.Jeshswaterjob.com – A Diagnostic Report for The Imdus Basin
⦁ Vietnam.vnanet.vm – Actions to eliminate plastic polluticn in the Mekong river.

About The Author

greenness_mm

No Comments

Leave a Reply