တစ်ခါသုံးပလပ်စတစ်ပစ္စည်းကို ရှင်းထုတ်ရန်ကြိုးစားနေသည့် နီပေါဟိုတယ်များနှင့် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်နေသာ ပလပ်စတစ်အန္တရာယ်

တစ်ခါသုံးပလပ်စတစ်ပစ္စည်းကို ရှင်းထုတ်ရန်ကြိုးစားနေသည့် နီပေါဟိုတယ်များနှင့် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်နေသာ ပလပ်စတစ်အန္တရာယ်

နီပေါ၏ဟိုတယ်များသည် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရန်နှင့် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဟိုတယ်များတွင် တစ်ခါသုံး ပလတ်စတစ်များကို အသုံးမပြုတော့ရန် ပိတ်ပင်သွားတော့မည်ဖြစ်သည်။
ပလပ်စတစ်ရေသန့်ဗူးများ၊ ပလပ်စတစ်ပိုက်များ၊ မီးဖိုချောင်သုံး ပလပ်စတစ်ခက်ရင်း၊ ဇွန်း၊ ပန်းကန်ပြားများနှင့် ပလပ်စတစ်တစ်ခါသုံးခွက်များ၊၊ ပလပ်စတစ်မွှေတံများ၊ သွားတိုက်တံ၊ သွားတိုက်ဆေးဗူး၊ ခေါင်းဘီးနှင့် တစ်ခါသုံး ပလပ်စတစစ်ပစ္စည်းများကို ၂၀၂၅ ခုနှစ် ဇန္နဝါရီ ၁ ရက်မှ စတင်ကာ အလုံးစုံအသုံးမပြုရေးကို ပြုလုပ်သွားမည်ဖြစ်ဖြစ်ပြီး ယင်းတားမြစ်ချက်ကို နီပေါရှိ ဟိုတယ် ၃၀၀၀ ခန့်အား လိုက်နာရန်ညွှန်ကြားထားသည်။
တစ်ခါသုံး၍ စွန့်ပစ်ရန် ဒီဇိုင်းထုတ်ထားသည့် ဟိုတယ်သုံး ပလပ်စတစ်ပစ္စည်း အမျိုးမျိုးကို နီပေါ ဇိမ်ခံဟိုတယ်အများစုက အသုံးမပြုတော့ဘဲ အဆိုပါမူဝါဒကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်ဟုလည်းဆိုသည်။ ဟိုတယ်ခန်းများမှ တစ်ခါသုံး ပလတ်စတစ်များကို ဖယ်ရှားရန်နှင့် ဟိုတယ်လုပ်ငန်းတွင် စိမ်းလန်းသော ဧည့်ဝတ်ပြုမှုနှင့် ခရီးသွားဝန်ဆောင်မှုများအတွက် ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိသော ထုတ်ကုန်များကို မြှင့်တင်ရေးလှုပ်ရှားမှုကို စတင်လိုက်ပြီ ဟု နီပေါဟိုတယ်အသင်းဥက္ကဋ္ဌ Sreeejana Rana က ပြောကြားခဲ့သည်။
ပလတ်စတစ်သည် ကျွန်ုပ်တို့ခေတ်၏ အရေးကြီးဆုံး တီထွင်ဆန်းသစ်မှုများထဲမှ တစ်ခုဖြစ်သော်လည်း တစ်ခါသုံးပလတ်စတစ်သည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ပလတ်စတစ်သည် ၎င်း၏ ဈေးမကြီးသော ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ကျယ်ပြန့်သော အသုံးချမှုများကြောင့် ယနေ့ကမ္ဘာတွင် အဆင်ပြေသော သက်သာမှုတစ်ခုဖြစ်သော်လည်း တစ်ချိန်တည်းမှာပင်၊ ဤတစ်ကြိမ်သုံးထုတ်ကုန်များ၏ တစ်ခါသုံးသဘောသဘာဝသည် ကျွန်ုပ်တို့၏ ဂေဟစနစ်ရှိ ညစ်ညမ်းမှု၏ အထင်ရှားဆုံး အရင်းအမြစ်များထဲမှ တစ္ခုအား ပံ့ပိုးပေးပါသည်ဟု RaNa က ပြောသည်။
ဤပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပတ်ဝန်းကျင်နှင့် လူတို့၏ကျန်းမာရေးအပေါ် သက်ရောက်မှုများသည် ကမ္ဘာနှင့်အဝှမ်း ပြင်းထန်စွာ သက်ရောက်နိုင်သည်။ တစ်ခါသုံး ပလတ်စတစ် ထုတ်ကုန်များသည် ပြန်သုံးနိုင်သော ရွေးချယ်မှုများထက် မြစ်များတွင် အဆုံးသတ်နိုင်ခြေ ပိုများကာ မြစ်များအား ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသည်။ ပလတ်စတစ်အများစုကို ရုပ်ကြွင်းလောင်စာများဖြင့် ပြုလုပ်ထားသည်။ မီးလောင်လျှင် လေကို အဆိပ်ဖြစ်စေသည်။ မြှုပ်လျှင် မြေဆီလွှာကို ညစ်ညမ်းစေသည်။ ထို့အပြင် စွန့်ပစ်လိုက်သော ပလတ်စတစ်အမှိုက်များသည် မြောင်းမကြီးများနှင့် မြစ်များကို ပိတ်ဆို့ကာ သမုဒ္ဒရာများကို ညစ်ညမ်းစေပါသည်။
နီပေါတွင် ပုဂ္ဂလိက ကုမ္ပဏီများစွာသည် အမှိုက်များကို ပြန်လည်အသုံးပြုပြီး မြေဆွေးမြေဩဇာအသေးစားဖြင့် ထုတ်လုပ်နေသော်လည်း ထိရောက်သော စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးပြုသည့်စက်ရုံများ မရှိသေးပေ။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာအရ နီပေါရှိ စွန့်ပစ်ပစ္စည်းပါဝင်မှု ခွဲခြမ်းစိတ်ဖြာမှုအရ အမှိုက်အပိုင်းအစသည် အော်ဂဲနစ်ဒြပ်ပစ္စည်း (၆၆ ရာခိုင်နှုန်း)၊ နောက်တွင် ပလတ်စတစ် (၁၂ ရာခိုင်နှုန်း)၊ စက္ကူနှင့် စက္ကူထုတ်ကုန် (၉ ရာခိုင်နှုန်း)၊ အျခား (၅ ရာခိုင်နှုန်း)၊ ဖန်ခွက် (၃ ရာခိုင်နှုန်း)။ သတ္တု၊ အထည်အလိပ်၊ ရော်ဘာနှင့် သားရေတစ်ခုစီသည် ၂ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်နည်းသည်ဟု ဆိုသည်။
နီပေါတွင် အများဆုံးတွေ့ရသည်မှာ တစ်ခါသုံး ပလတ်စတစ် ပစ္စည်းများကို မြစ်ချောင်းများအတွင်း စွန့်ပစ်ထားခြင်းများ ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ လာရောက်တက်ကြသည့် ကမ္ဘာတစ်ဝန်းမှ တောင်တက်သမား အရေအတွက် တိုးများလာခြင်းကလည်း နှင်းဖုံးနေသော တောင်တန်းဒေသကပေးသည့် ရေချိုကို ညစ်ညမ်းစေသည့်အပြင် ပလပ်စတစ်မှိုက်များကလည်း ရေခဲတောင်ဖုံးလွှမ်းဒေသများထိ ရောက်ရှိလာသည်ဟု ဆိုသည်။ အထူးသဖြင့် ပလပ်စတစ်အများစုမှာ ခရီးသည်များ ယူဆောင်လာသော တစ်ခါသုံး ပလပ်စတစ်မှိုက်များဖြစ်သည်။
နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူတစ်ခုတည်းတွင် နေ့စဉ် ပလတ်စတစ်အိတ်ပေါင်း ၄ ဒသမ ၇ သန်းမှ ၄ ဒသမ ၈ သန်းခန့် အသုံးပြုနေကြောင်း နိုင်ငံတကာ ပေါင်းစပ်တောင်တန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD) က ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ နီပေါတွင် မြို့ပြအမှိုက် ၁၆ ရာခိုင်နှုန်းတွင် နေ့စဉ် ပလတ်စတစ်အမှိုက် ထုတ်လုပ်မှု၏ ၂ ဒသမ ၇ တန်ဖြစ်သည့် ပလတ္စတစ္မ်ား ပါဝင်သည်ဟု ဆိုသည်။
” ဒါက ခတ္တမန္ဒူပဲရှိသေးတယ်။ ကမ္ဘာလုံးဆိုင်ရာအဆင့်ကို ကြည့်တဲ့အခါ ဒေတာတွေက တုန်လှုပ်ချောက်ချားချင်စရာပါ။ လူသားတွေဟာ ယခုအချိန်အထိ ပလတ်စတစ်တန်ချိန် ၉.၁ ဘီလီယံကို ထုတ်လုပ်ခဲ့ပြီး အများစုဟာာ သက်ရှိများနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ သဘာဝတရားတွေကို အဆုံးသတ်သွားတယ်။ မြေကြီးထဲရောက်သွားတာ။ မီးရှို့လိုက်တာ။ မြစ်ချောင်းတွေကနေ သမုဒ္ဒရာထဲ စီးမျောသွားတာတွေပေါ့”ဟု သုတေသီများက ပြောသည်။
ပလတ်စတစ် စွန့်ပစ်ပစ္စည်း အရေအတွက် များပြားခြင်းအပြင် ပလတ်စတစ်၏ အဓိက ပြဿနာတစ်ခုမှာ ၎၏ ပျက်စီးယိုယွင်းမှုကို ခံနိုင်ရည်ရှိခြင်းဖြစ်ကြောင်း ICIMOD က ပြောကြားခဲ့သည်။ ရှေးရိုးစွဲခန့်မှန်းချက်တစ်ခုက ပလတ်စတစ်အိတ်တစ်လုံး အလုံးစုံ ပျက်စီးသွားရန် ပျမ်းမျှအချိန် အနှစ် ၅၀၀ ခန့်ရှိသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ အသုံးပြုနေသေ ာပလတ်စတစ်အများစုသည် ကျွန်တော်တို့ကို အသက်တိုစေမည်ဖြစ်သလို ကျွန်ုပ်တို့ချန်ထားခဲ့သော ပလပ်စတစ်အကြွင်းအကျန်များကလည်း နောင်လာနောက်သား မျိုးဆက်တွေကို ဆိုးဆိုးရွားရွား အကျိုးသက်ရောက်စေမည် ဖြစ်သည်။
ထို့ကြောင့်ပင် နီပေါဟိုတယ်လုပ်ငန်းရှင်များအသင်းလို ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေသော အမိုက်ဖြစ်စေမည့် ပလပ်စတစ်အသုံးပြုမှုများကို ရှောင်ရှားခြင်း၊ အကန့်အသတ်ဖြင့် အသုံးပြုခြင်း။ စနစ်တကျ စွန့်ပစ်ခြင်းများ မဖြစ်မနေပြုလုပ်ကြရန် လိုအပ်သည်။ ထိုသို့သို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်အတွက်။ ကျွန်ုပ်တို့၏ ကမ္ဘာမြေအတွက်။ ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်များအတွက် ကျွန်ုပ်တို့ကိုယ် ထိန်းသိမ်းစောင့်ရှောက်ရာရောက်မည် ဖြစ်သည်။
Ref#Kathmandupost
photo-Credit

About The Author

greenness_mm

No Comments

Leave a Reply