COP26 မှာ ဂူတာရေစ့်က ကိုယ့်သေတွင်း ကိုယ်မတူးကြဖို့နဲ့ လူသားဆန်ကြဖို့ အရေးပေါ် အချက်ပေးလိုက်ပြီ
ဂလက်စကိုမြို့မှာ ကျင်းပနေတဲ့ကုလသမဂ္ဂကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံ COP26 မှာ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရေ့စ်က ဆွေးနွေးမှုတိုင်းမှာ လူသားဆန်ဆန်တွေးပြီးပြောကြဆိုကြဖို့အတွက် နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာပဲ တိုက်တွန်းသွားပါတယ်။ သူ့ရဲ့ မိန့်ခွန်းက တက်ရောက်လာကြတဲ့ နိုင်ငံအသီးသီးရဲ့ခေါင်းဆောင် ၁၂၀ ကို တပ်လှန့်ပေးလိုက်သလိုဖြစ်သွားပါတယ် ။ ကမ္ဘာခေါင်းဆောင်တွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို အဓိကထားဆွေးနွေး စေလိုပြီး တိုင်းပြည် အနေအထားကို ကြည့်ဘဲ ဘယ်နိုင်ငံပဲဖြစ်ဖြစ် လူသားတွေပါလားဆိုတဲ့ အတွေးနဲ့ဆွေးနွေးစေလိုကြောင်း ပြောတာနဲ့ တူပါတယ်။ လက်ရှိ အရေးပေါ် လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘိုင်ဒန် ၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့ ဂျာမဏီ အဓိပတိ မာကယ်လ်တို့ ကလည်း လုပငန်းစဉ်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြချက်များကို မိန့်ခွန်းပြောခဲ့ပါတယ်။ ၂ရက်ကြာကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ […]