COP 26 ဆိုတာ

COP 26 ဆိုတာ

COP26 ဆိုတာ ၂၀၂၁ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလည်မှု ဆိုင်ရာ ညီလာခံရဲ့ အမည်ပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကမ္ဘာရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အရေးတယူ ဦးစီးဦးဆောင် ပြုလုပ်ကာ ညီလာခံအဖြစ်ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် ညီလာခံ ကိုပြောတာပါ။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ကျင်းပနေတဲ့ ညီလာခံဖြစ်ပါတယ်။ ဗြိတိန်ကျွန်းစု (ယူကေ) ရဲ့ စကော်တလန် ဂလက်စကိုမြို့မှာ ကျင်းပနေတာပါ။ ညီလာခံကို ယူကေနဲ့ အီတလီတို့က တွဲဖက် ဥက္ကဋ္ဌတွေ လုပ်ပြီး စီစဉ်ပေးထားပါတယ်။

ကုလသမဂ္ဂက ပါရီသဘောတူညီချက်ကိုလုပ်ပြီးနောက်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂရဲ့ မူဘောင်အောက်မှာ လုပ်တဲ့ အစည်းအဝေးတွေကိုကိုခေါ်တာပါ ။ ပါရီသဘောတူညီချက်မှာ လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံတွေ conference of the parties ( COP) ရဲ့ ၂၆ ကြိမ်မြောက် အစည်းအဝေး ဖြစ်ပါတယ်။ COP 24 ကို ၂၀၁၈ က ပိုလန်နိုင်ငံမှာ ကျင်းပခဲ့ပြီး COP 25 ကို စပိန်နိုင်ငံမက်ဒရစ်မြို့ မှာ ကျင်းပနိုင်ခဲ့ပေမယ့် ၂၀၂၀ ကိုဗစ်ကာလအတွင်းမှာ မကျင်းပနိုင်ခဲ့ဘဲ ၂၀၂၁ မှာ COP 26 ကိုကျင်းပနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ရာသီပြောင်းလဲမှု နဲ့ပတ်သက်ပြီး ၁၉၉၂ က ကျင်းပခဲ့တဲ့ CMP 16 ကျိုတို ပရိုတိုကော နဲ့ ၂၀၁၅ မှာ ကျင်းပတဲ့ CMA 3 ပါရီသဘောတူညီချက်တွေကတော့ အထင်ကရ ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ ယူကေက ဒီပွဲအတွက် ဥက္ကဋ္ဌကို စွမ်းအင်ဝန်ကြီး ကလဲယားပါရီအိုနေးကို အစက ခန့်အပ်ထားပေမဲ့ သူမက ရာထူးကနားသွားလို့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းအတွင်းဝန် အာလော့ရှာမား ခန့်အပ်ထားပါတယ်။ သူ့ကို လက်ရှိထမ်းဆောင်နေတဲ့ တာဝန်တွေကို ခေတ္တရပ်နားပေးထားပြီး ညီလာခံအောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့အတွက်လည်းညွှန်ကြားထားပါတယ်။ အီတလီကတော့ COP 26 အကြို အစည်းအဝေးတွေ လုပ်ဖို့အတွက် တွဲဖက်ကျင်းပရေးနိုင်ငံအဖြစ် ပြုလုပ်ထားပါတယ်။

ကမ္ဘာ့ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အခြားဖန်လုံအိမ် ထုတ်လုပ်မှု အဆင့်တွေမှာ နိုင်ငံစုံက ၃၁.၅% ရှိပါတယ်။ တရုတ်က ၂၉.၄% ၊ အမေရိကန်က ၁၄.၃ % ၊ ဥရောပက ၉.၈ % ၊ အိန္ဒိယက ၆.၈ % ၊ ရုရှားက ၄.၉ % နဲ့ ဂျပန်က ၃.၅% ကမ္ဘာ့လေထု ကိုညစ်ညမ်းအောင်လုပ်နေပါတယ် ဆိုတဲ့အချက်အလက်တွေ ၊ တွေ့ရှိမှုတွေကို အဲ့ဒိညီလာခံမှာ တင်သွင်း ကြမှာပါ။

အဲ့ဒိတင်သွင်းလာတဲ့ အချက်အလက်တွေ အပေါ်မှာ ဝိုင်းဝန်းစဉ်းစားပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြမယ်။ သဘောတူညီမှု တွေလုပ်မယ်။ ရည်မှန်းချက်ထားပြီးကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၆ နိုင်ငံလုံး လိုက်လုပ်ကြမယ်ဆိုတဲ့ ကိစ္စတွေကို COP26 က လုပ်ကြတာပါ။

 

မောင်ယဿ

REF:wiki

Photo; krishijardan

About The Author

greenness_mm

No Comments

Leave a Reply