COP ၂၆ညီလာခံမှာ ဘယ်ရေနံကုမ္ပဏီကိုမှ စပွန်ဆာမပေး

COP ၂၆ညီလာခံမှာ ဘယ်ရေနံကုမ္ပဏီကိုမှ စပွန်ဆာမပေး

COP ၂၆ထိပ်သီးညီလာခံမှာ ရေနံကုမ္ပဏီတွေကို စပွန်ဆာမပေးဖို့အတွက် တားမြစ်ထားတယ်လို့သိရပါတယ်။ အဲ့ဒိသတင်းက ရာသီဥတုပြောင်းလဲမှုကို လှုံဆော်နေသူများအတွက် ငလျင်လှုပ်ခပ်လိုက်သလို အောင်မြင်မှုကြီးဖြစ်သွားပါတယ်။ ရေနံကုမ္ပဏီကြီးတွေက ညီလာခံတွေအစည်းအဝေးတွေမှာ စပွန်ဆာပေးလေ့ ရှိပါတယ်။
ယခု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP၂၆ညီလာခံမှာ စပွန်ဆာပေးခွင့်မရတဲ့အတွက် ကမ္ဘာ့ရာသီဥတုအရေး လှုပ်ရှားသူများအတွက် အားတက်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံကို စကော့လန် ဂလက်စကိုမြို့မှာ နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနအဖွဲ့များရဲ့ စာတမ်းများ ၊ အချက်အလက်များနဲ့ အီးမေးလ်များကို အဲ့ဒိညီလာခံမှာဖတ်ကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုဆိုင်ရာထိခိုက်မှုများနဲ့ လူ့အဖွဲ့အစည်းအတွင်း ယိုယွင်းလာသောအခြေအနေများကိုလည်း တင်သွင်းမှာဖြစ်ပါတယ်။ နိုင်ငံတကာပွဲကြီးဖြစ်တဲ့အတွက်ကြောင့် ရေနံကုမ္ပဏီကြီးတွေက သူတို့လုပ်ငန်းကြော်ငြာအတွက် စပွန်ဆာပေးတာပါ။
ပွဲစီစဉ်သူတွေကတော့ အဲ့ဒိရေနံကုမ္ပစီတွေရဲ့ စပွန်ဆာကို ငြင်းဆန်လိုက်ပါတယ်။ အီကွီနာ ၊ ရှဲ နဲ့ ဘီပီလို ရေနံကုမ္ပဏီကြီးတွေက ဒီပွဲမှာ စပွန်ဆာလုပ်ဖို့စိတ်အားထက်သန်မှုရှိပါတယ်။ သူတို့က UKနဲ့တွဲပြီး အလုပ်လုပ်ဖို့အတွက်ကို တောင်းဆိုမှုတွေလုပ်ထားပါတယ်။ အီကွီနာကပွဲစီစဉ်သူတွေကို အီးမေးလ်ပို့ခဲ့ပါတယ်။
ကျနော်တို့ကို စပွန်ဆာလုပ်ခွင့်ပေးမယ်ဆိုရင် ပိုက်ဆံဘယ်လောက်သုံးရမလဲဆိုတာကို ပြောလိုက်ပါ။ ဘာအတွက်ဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် မြင်သာအောင်လုပ်ပေးမယ်ဆိုရင် ကျနော်တို့ပိုက်ဆံသုံးမှာပါ။ အဲ့ဒိအတွက်ခင်ဗျာတို့ဘာပြောချင်လဲလို့ဆိုပါတယ်။
ညီလာခံမှာရေနံကုမ္ပဏီတွေကို မောင်းထုတ်လိုက်နိုင်ခြင်းက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု လှုပ်ရှားမှုအတွက် အောင်မြင်မှုတစ်ခုပါပဲ။
ရင်ငြိမ်းနွေ
Ref : euro news
Photo : euro news

About The Author

greenness_mm

No Comments

Leave a Reply