COP26 မှာ ဂူတာရေစ့်က ကိုယ့်သေတွင်း ကိုယ်မတူးကြဖို့နဲ့ လူသားဆန်ကြဖို့ အရေးပေါ် အချက်ပေးလိုက်ပြီ

COP26 မှာ ဂူတာရေစ့်က ကိုယ့်သေတွင်း ကိုယ်မတူးကြဖို့နဲ့ လူသားဆန်ကြဖို့ အရေးပေါ် အချက်ပေးလိုက်ပြီ

ဂလက်စကိုမြို့မှာ ကျင်းပနေတဲ့ကုလသမဂ္ဂကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံ COP26 မှာ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရေ့စ်က ဆွေးနွေးမှုတိုင်းမှာ လူသားဆန်ဆန်တွေးပြီးပြောကြဆိုကြဖို့အတွက် နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာပဲ တိုက်တွန်းသွားပါတယ်။ သူ့ရဲ့ မိန့်ခွန်းက တက်ရောက်လာကြတဲ့ နိုင်ငံအသီးသီးရဲ့ခေါင်းဆောင် ၁၂၀ ကို တပ်လှန့်ပေးလိုက်သလိုဖြစ်သွားပါတယ် ။
ကမ္ဘာခေါင်းဆောင်တွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို အဓိကထားဆွေးနွေး စေလိုပြီး တိုင်းပြည် အနေအထားကို ကြည့်ဘဲ ဘယ်နိုင်ငံပဲဖြစ်ဖြစ် လူသားတွေပါလားဆိုတဲ့ အတွေးနဲ့ဆွေးနွေးစေလိုကြောင်း ပြောတာနဲ့ တူပါတယ်။ လက်ရှိ အရေးပေါ် လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘိုင်ဒန် ၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့ ဂျာမဏီ အဓိပတိ မာကယ်လ်တို့ ကလည်း လုပငန်းစဉ်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြချက်များကို မိန့်ခွန်းပြောခဲ့ပါတယ်။ ၂ရက်ကြာကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ” ကဲ ချောက်ထဲကျဖို့ လက် ၂လုံးလောက်ပဲလိုတော့တယ်။ ကျနော်တို့ ချက်ခြင်း ရုန်းထွက်မှဖြစ်တော့မယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကသောင်းကနင်းတွေဖြစ်နေတဲ့ အစည်းအဝေးဖွင့်ပွဲ မနက်ခင်း မိန့်ခွန်းမှာ ဆိုလိုက်ပါတယ်။
ကမ္ဘာကြီး လက်ရှိတက်နေတဲ့ ပြဿနာက စက်မှုတော်လှန်ရေး မတိုင်မီကာလ က ကမ္ဘာကြီးရဲ့ အပူချိန်နဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးလာပြီး နောက်ပိုင်း ယနေ့အချိန်ကာလအပူချိန်နဲ့ နှိုင်းယှဉ်ကြည့်ရာမှာ ၁.၅ ဒီကရီ ဆဲလ်စီးယက် ပိုနေတဲ့အတွက်ကြောင့် အပူလှိုင်းထတာတွေ ၊ ရေကြီးတာတွေ ၊ ပုံမှန်မဟုတ်တဲ့ မုန်တိုင်းဖြစ်ပေါ်တာတွေနဲ့ အအေးလှိုင်း ထတာတွေ ဖြစ်ပေါ်နေပါတယ်။ ဆိုလိုချင်တာက ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်နေတာပါ။ အဲ့ဒိရာသီဥတုဖောက်ပြန်မှု ရဲ့ ရင်းမြစ်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကို ထိန်းချုပ်ဖို့ ပါပဲ။ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို တရုတ် ၊ အမေရိကန် ၊ ဥရောပ၊ အိန္ဒိယ ၊ ရုရှား ၊ ဂျပန်တို့ လို စက်မှု လုပ်ငန်းဖွံ့ဖြိုး တိုတက်နေတဲ့ နိုင်ငံတွေ ကအဓိကထုတ်လွှတ်နေတာပါ။ ရုပ်ကြွင်းလောင်စာတွေ သုံးပြီး ကမ္ဘာကြီးကို ဖျက်စီး ကာသူတို့ နိုင်ငံတွေရဲ့ စီးပွားရေးဖွံဖြိုးမှု ကို လုပ်နေကြတာပါ။
ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုရဲ့ ဆန့်ကျင်ဖက်လုပ်ငန်းဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်ကို နိုင်ငံစုံ ဟန်ချက်ညီညီ လုပ်ဆောင်ဖို့ ညီလာခံ ကျင်းပရတာပါ။ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်တဲ့ စွမ်းအင် သုံးစွဲမှုကို ချိန်ညှိယူကြတာပါ။ ” တော်သင့်ကြပါပြီ ။ တော်ဖို့လည်း အချိန်ရောက်ပါပြီ ၊ ဇီဝမျိုးကွဲတွေအပေါ်ကို ရက်စက်နေတာတွေ၊ ကာဗွန်တွေသုံးပြီး လူသားတွေကို သတ်ဖျက်နေတာတွေ ၊ ကမ္ဘာကြီးကို အမှိုက်ပုံလိုဖြစ်အောင် လုပ်နေတာတွေ ၊ မီးရှို့နေတာတွေ ၊ နက်သထက်နက်အောင် တွင်းတူးနေတာတွေ တော်သင့်ပါပြီဗျာ။ ကျနော်တို့ က ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပါ” လို့ ဂူတာရေ့စ်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
 မောင် ယဿ
REF; Ultrasurfing photo : USF

About The Author

greenness_mm

No Comments

Leave a Reply