COP26 မှာ ဂူတာရေစ့်က ကိုယ့်သေတွင်း ကိုယ်မတူးကြဖို့နဲ့ လူသားဆန်ကြဖို့ အရေးပေါ် အချက်ပေးလိုက်ပြီ

ဂလက်စကိုမြို့မှာ ကျင်းပနေတဲ့ကုလသမဂ္ဂကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံ COP26 မှာ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရေ့စ်က ဆွေးနွေးမှုတိုင်းမှာ လူသားဆန်ဆန်တွေးပြီးပြောကြဆိုကြဖို့အတွက် နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာပဲ တိုက်တွန်းသွားပါတယ်။ သူ့ရဲ့ မိန့်ခွန်းက တက်ရောက်လာကြတဲ့ နိုင်ငံအသီးသီးရဲ့ခေါင်းဆောင် ၁၂၀ ကို တပ်လှန့်ပေးလိုက်သလိုဖြစ်သွားပါတယ် ။ ကမ္ဘာခေါင်းဆောင်တွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို အဓိကထားဆွေးနွေး စေလိုပြီး တိုင်းပြည် အနေအထားကို ကြည့်ဘဲ ဘယ်နိုင်ငံပဲဖြစ်ဖြစ် လူသားတွေပါလားဆိုတဲ့ အတွေးနဲ့ဆွေးနွေးစေလိုကြောင်း ပြောတာနဲ့ တူပါတယ်။ လက်ရှိ အရေးပေါ် လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘိုင်ဒန် ၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့ ဂျာမဏီ အဓိပတိ မာကယ်လ်တို့ ကလည်း လုပငန်းစဉ်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြချက်များကို မိန့်ခွန်းပြောခဲ့ပါတယ်။ ၂ရက်ကြာကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ […]

COP 26 ဆိုတာ

COP26 ဆိုတာ ၂၀၂၁ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလည်မှု ဆိုင်ရာ ညီလာခံရဲ့ အမည်ပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကမ္ဘာရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အရေးတယူ ဦးစီးဦးဆောင် ပြုလုပ်ကာ ညီလာခံအဖြစ်ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် ညီလာခံ ကိုပြောတာပါ။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ကျင်းပနေတဲ့ ညီလာခံဖြစ်ပါတယ်။ ဗြိတိန်ကျွန်းစု (ယူကေ) ရဲ့ စကော်တလန် ဂလက်စကိုမြို့မှာ ကျင်းပနေတာပါ။ ညီလာခံကို ယူကေနဲ့ အီတလီတို့က တွဲဖက် ဥက္ကဋ္ဌတွေ လုပ်ပြီး စီစဉ်ပေးထားပါတယ်။ ကုလသမဂ္ဂက ပါရီသဘောတူညီချက်ကိုလုပ်ပြီးနောက်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂရဲ့ မူဘောင်အောက်မှာ လုပ်တဲ့ အစည်းအဝေးတွေကိုကိုခေါ်တာပါ ။ ပါရီသဘောတူညီချက်မှာ လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံတွေ conference […]

COP ၂၆ညီလာခံမှာ ဘယ်ရေနံကုမ္ပဏီကိုမှ စပွန်ဆာမပေး

COP ၂၆ထိပ်သီးညီလာခံမှာ ရေနံကုမ္ပဏီတွေကို စပွန်ဆာမပေးဖို့အတွက် တားမြစ်ထားတယ်လို့သိရပါတယ်။ အဲ့ဒိသတင်းက ရာသီဥတုပြောင်းလဲမှုကို လှုံဆော်နေသူများအတွက် ငလျင်လှုပ်ခပ်လိုက်သလို အောင်မြင်မှုကြီးဖြစ်သွားပါတယ်။ ရေနံကုမ္ပဏီကြီးတွေက ညီလာခံတွေအစည်းအဝေးတွေမှာ စပွန်ဆာပေးလေ့ ရှိပါတယ်။ ယခု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP၂၆ညီလာခံမှာ စပွန်ဆာပေးခွင့်မရတဲ့အတွက် ကမ္ဘာ့ရာသီဥတုအရေး လှုပ်ရှားသူများအတွက် အားတက်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံကို စကော့လန် ဂလက်စကိုမြို့မှာ နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနအဖွဲ့များရဲ့ စာတမ်းများ ၊ အချက်အလက်များနဲ့ အီးမေးလ်များကို အဲ့ဒိညီလာခံမှာဖတ်ကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုဆိုင်ရာထိခိုက်မှုများနဲ့ လူ့အဖွဲ့အစည်းအတွင်း ယိုယွင်းလာသောအခြေအနေများကိုလည်း တင်သွင်းမှာဖြစ်ပါတယ်။ နိုင်ငံတကာပွဲကြီးဖြစ်တဲ့အတွက်ကြောင့် ရေနံကုမ္ပဏီကြီးတွေက သူတို့လုပ်ငန်းကြော်ငြာအတွက် စပွန်ဆာပေးတာပါ။ ပွဲစီစဉ်သူတွေကတော့ အဲ့ဒိရေနံကုမ္ပစီတွေရဲ့ စပွန်ဆာကို ငြင်းဆန်လိုက်ပါတယ်။ အီကွီနာ ၊ ရှဲ နဲ့ ဘီပီလို ရေနံကုမ္ပဏီကြီးတွေက ဒီပွဲမှာ စပွန်ဆာလုပ်ဖို့စိတ်အားထက်သန်မှုရှိပါတယ်။ သူတို့က […]

Page 2 of 2
1 2