ပလပ်စတစ် အစားထိုး ရေမှာပျော်နိုင်တဲ့ ကြွပ်ကြွပ်အိတ်ကို အင်ဒိုနီးရှားမှာ ထွင်နိုင်ပြီ

ပလပ်စတစ် အစားထိုး ရေမှာပျော်နိုင်တဲ့ ကြွပ်ကြွပ်အိတ်ကို အင်ဒိုနီးရှားမှာ ထွင်နိုင်ပြီ

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရိုဂမ် ( UNEP) ရဲ့အစီရင်ခံစာအရ ကမ္ဘာမှာ ပလပ်စတစ်ကို နှစ်စဉ်တန် ၃၀၀ ကျော်ထုတ်လုပ်နေပါတယ် ၊ ပြန်သုံးလို့ ရတာ၉% ပဲရှိပါတယ်။ ကျန်တဲ့ ၉၀% ကျော်က အမှိုက်အဖြစ်နဲ့ မြေပြင်ပေါ်မှာ ရေထဲမှာ ရောက်သွားတာပါ။ အခုတော့ သမုဒ္ဒရာတွေထဲကို ကမ္ဘာကမြစ်ကြီးတွေက ပလက်စတစ်တွေကို သယ်ယူပြီးပို့ချပေးနေပါတယ်။
အေဗာနီအီကို လို့ခေါ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုက ပလက်စတစ်ကြွပ်ကြွပ်အိတ်ကို အစားထိုးဖို့အတွက် နည်းပညာတစ်ခုကိုသုံးပြီး ရေထဲမှာပျော်တဲ့ ကြွပ်ကြွပ်အိတ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အေဗာနီက သူတို့ ဝက်ဘ်ဆိုက်မှာ ကျနော်တို့ တစ်ခါသုံး ကြွပ်ကြွပ်အိတ်တွေကို စားထိုးနိုင်ပါပြီ။ သဘာဝဘေးအန္တရာယ်လည်မဖြစ်ဘူး ၊ အဆိပ်လည်း မသင့်နိုင်ဘဲ။ မီးရှို့စရာလည်းမလိုဘူး၊ ရေနဲ့ဖျော်လိုက်တာနဲ့ ရေထဲမှာ ပျော်ဝင်သွားလို့ စွန်ကပစ်ရတာမခက်ခဲတော့ ဘူး လို့ရေးတင်ခဲ့ပါတယ်။
ရေနံကုန်ကြမ်းကို အသုံပြုတဲ့ ပလက်စတစ်တွေနေရာမှာ ဇီဝကုန်ကြမ်းကို အသုံးပြုထားတဲ့အတွက် သေချာတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လုံး ဝကာကွယ်ပေးပြီးသားဖြစ်နေပါတယ်။ ကမ္ဘာမှာ နှစ်စဉ် ကြွပ်ကြွပ်အိတ် သန်း ၁ ထောင်ကျော်သုံးနေပါတယ်။ အဲ့ဒိနေရာကို ဇီဝကုန်ကြမ်းသုံးတဲ့ ကြွပ်ကြွပ်အိတ်တွေ အစားထိုးသုံးနိုင်မယ်ဆိုရင်တော့ ကမ္ဘာကြီးကို ကယ်တင်ရာရောက်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ တီရှပ်တွေ ထုတ်တဲ့ ပလက်စတစ်တွေ ၊ ကုန်ခြောက်တွေထုပ်တဲ့ ပလက်စတစ်တွေ နဲ့ အသီးအနှံတွေထုပ်ပိုးတဲ့ နေရာတွေမှာ ပဲသုံးနိုင်တဲ့ ကြွပ်ကြွပ်အိတ်တွေကိုပဲ သုံးနိုင်ပါသေးတယ်။ နောက်ပိုင်းမှာ နည်းပညာအဆင့် မြှင့်လိုက်ရင် လက်ရှိပလက်စတစ် တွေရဲ့ နေရာကို လုံးလုံး အစားထိုးနိုင်မှာပါလို့ ကုမ္ပဏီက ဆိုပါတယ်။
📝မောင်ယဿ
REF: world of buzz
Photo ; Avani

About The Author

greenness_mm

No Comments

Leave a Reply