ကင်ညာမှာ မိုးကြီးလို့ ရာနဲ့ချီပြီး​သေ ၊ သန်းနဲ့ချီပြီး​ရွှေ့​ပြောင်း​ပေးရ

ကင်ညာမှာ မိုးကြီးလို့ ရာနဲ့ချီပြီး​သေ ၊ သန်းနဲ့ချီပြီး​ရွှေ့​ပြောင်း​ပေးရ

ကင်ညာနိုင်ငံ​မြောက်ပိုင်းမှာ မှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး မိုးရွာသွန်းမှု ဖြစ်ပွားခဲ့လို့ ရာ​ပေါင်းများစွာ​သောပြည်သူ​တွေကိုစစ်တပ်က ​ရွှေ့​ပြောင်း​ပေးခဲ့ရပါတယ်။
​အောက်တိုဘာလကုန်​လောက်ကတည်းက ရွာတဲ့မိုးက မဆဲနိုင်ဘဲ
​ရေလွှမ်းမိုးမှု ဖြစ်ပွားကာ လူအ​သေအ​ပျောက်များ ဖြစ်​ပေါ်ခဲ့ရပါတယ်။ မိုး​လေဝသ ပညာရှင်များရဲ့ ခန့်မှန်းချက်အရ မိုးက ​နောက်နှစ် အစပိုင်းထိ ရွာသွန်းနိုင်တယ်လို့သိရပါတယ်။
​ရေလွှမိးမိုးမှုက ​ဒေသခံ​တွေကို ဝမ်း​ရောဂါ ဖြစ်ပွားမှုနှုန်း တိုးမြင့်လာ​စေခဲ့ပါတယ်။
​မြေနိမ့်ပိုင်း​ဒေသက ပြည်သူ​တွေကို ​ရွှေ့​ပြောင်း​ပေးဖို့အတွက်လည်း မိုး​လေဝသဌာနက ​တောင်းဆိုထားပါတယ်။
ပညာရှင်​တွေရဲ့ အဆိုအရ အခုရွာ​နေတဲ့မိုးက ပုံမှန်ရွာသွန်းတဲ့မိုးမဟုတ်ဘဲ ရာသီဥတု​ဖောက်ပြန်မှု​ကြောင့်ဖြစ်တဲ့မိုးလို့ သိရပါတယ်။ မိုးက ကင်ညာနိုင်ငံ တစ်နိုင်ငံတည်းမှာ ကွက်ပြီးကြီး​နေတာမဟုတ်ပါဘူး။ အိမ်နီးချင်း ဆိုမားလီးယာမှာလညိး မိုးကြီးလို့ လူ​ပေါင်း ၁၀၀ ​ကျော်​သေဆုံးခဲ့ပြီး သန်းနဲ့ချီ ​ရွှေ့​ပြောင်း​ပေး​နေရပါတယ်။
အဲ့ဒီအပြင် အီသီယိုပီးယားမှာလည်း မိုးကြီး ​ရေလွှမ်းလို့ ၅၇​ယောက်​သေဆုံးပြီး လူ ၆သိန်းကိုနိုဝင်ဘာ ၂၇ ရက်​နေ့ကတည်းက ​​ရွှေ့ပြောင်း​ပေးရပါတယ်။ တန်ဇနီးယား နိုင်ငံမှာလည်း ​ရေကြီး ​မြေပြို လို့ လူ၆၈​ယောက် ​သေပြီး ၁၀၀​ကျော် ဒဏ်ရာရခဲ့ပါတယ်။
မိုးက အာဖရိကအ​ရှေ့ဖက်တစ်ခြမ်းလုံးမှာ သည်းချင်တိုင်းကိုသည်း​နေပါတယ်။
​ရေကြီးပြီး ​ဒေသခံ​တွေရဲ့ လယ်ယာ​မြေ​တွေ ဆုံးရှုံးရတဲ့အပြင် ​မွေးမြူ​ရေခြံ​တွေပါပျက်စီးခဲ့ရပါတယ်။ ​ရေကြီးလို့ရွာ​ပေါင်းများစွာ စွန့်ပစ်ခဲ့ရသလို အ​ခြေခံအ​ဆောက်အအုံ​တွေပါ ပျက်စီးခဲ့ရလို့ အ​ရေး​ပေါ် လူသားချင်းစာနာတဲ့ အကူအညီများစွာလိုအပ်​နေပါတယ်။
ကမ္ဘာကြီး ပူ​နွေးလာမှုရဲ့ ​နောက်ဆက်တွဲ မိုးကြီးခြင်း ၊ ​ရေလွှမ်းမိုးခြင်နဲ့ မိုး​ခေါင်ခြင်း ဖြစ်စဥ်​တွေက ​နေရာအနှံ့ မှာဖြစ်​ပေါ်​နေပါတယ်။ ကမ္ဘာ့ရာသီ​ဖောက်ပြန်မှုက လူသားတိုင်းရင်ဆိုင်ရ​တော့ မယ့် အခက်အခဲ တစ်ခုဖြစ်​နေပါပြီ။ အ​ထောက်အပံ့​ပေးတယ်ဆိုတာယာယီ​
ဖြေရှင်းချက်ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူ​နွေးလာမှုကို တာဆီးနိုင်မှသာ ရာသီဥတု​ဖောက်ပြနိမှုကို အမှန်တကယ်တားဆီး နိုင်မှာဖြစ်တယ်လို့ ဗြိတိနိ​တော်ဝင်တက္ကသိုလ်က ပါ​မောက္ခ နီးလ်ဝီဂန်ကဆိုသွားပါတယ်။
မောင်ယဿ
Ref ; euronews

About The Author

greenness_mm

No Comments

Leave a Reply