ပြင်သစ်အိုလံပစ်ပွဲကို အပူလှိုင်းက အနှောက်အယှက်ပေးသွားနိုင်

ပြင်သစ်အိုလံပစ်ပွဲကို အပူလှိုင်းက အနှောက်အယှက်ပေးသွားနိုင်

ဥရောပမှာကတော့ ဇူလိုင် ၊ ဩဂုတ် ဆိုတာ နွေရာသီထဲကို ကျရောက်နေတဲ့ အချိန်အခါပဲဖြစ်ပါတယ် ။ ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ် ။ အားကစားသမားပေါင်း ၁၀၅၀၀ က အားကစားနည်း ၃၂ မျိုးအတွက် ပြိုင်ပွဲပေါင်း ၃၂၉ ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ ။ ပြင်သစ်နိုင်ငံ မြို့တော် ပါရီက အားကစားရုံတွေမှာ ကစားပွဲမှ ပွင့်လင်းမြင်သာမှုဆီသို့ ဆိုတဲ့ ဆောင်ပုဒ်တွေကို ကပ်ထားပြီးနှင့်ကြပါပြီ ။
ပါရီမြို့တော်ဝန် အန်နီဟီဒယ်ဂိုက ပါရီအိုလံပစ်ကို အတတ်နိုင်ဆုံး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီ( အစိမ်းရောင်) ဖြစ်ဖို့အတွက် အားထုတ်ထားပါတယ် ။ ၂၀၁၂ တုန်းက လန်ဒန်အိုလံပစ် ၊ ၂၀၁၆ တုန်းက ရီယို အိုလံပစ် ပွဲတွေနဲ့ ယှဉ်လိုက်ရင် ပါရီအိုလံပစ်က ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို တစ်ဝက်ကျော် လျှော့ချ ထားပါတယ်။ ပြိုင်ပွဲအတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်မှုကလည်း ၉၅ ရာခိုင်နှုန်းကျော် ပြီးနေပါပြီ ။ ဒါဆိုရင်ဘာက ပြဿနာလဲဆိုတော့ မိုလေဝသပညာရှင်တွေရဲ့ သုံးသပ်မှုအရ ပါရီမြို့က ဒီနှစ်နွေရာသီမှာ အပူလှိုင်းကျပြီး အဆိုးဝါးဆုံး နွေရာသီကို ကျော်ဖြတ်ရမယ်လို့ သိထားရပါတယ် ။
၂၀၁၉ နွေရာသီတုန်းက အပူချိန် ၁၀၇ ဖာရင်ဟိုက်အထိ တက်ခဲ့ဖူးသလို ၂၀၂၂ တုန်းကလည်း ၁၃၂ ဖာရင်ဟိုက်အထိ စံချိန်တင် တက်ခဲ့ဖူးပါတယ် ။ အဲ့ဒိတုန်းက အပူကြောင့် လူအသေအပျောက်တောင် ရှိခဲ့ဖူးပါတယ်။ မြို့တော်ဝန်ရုံးက အင်ဂျင်နီယာတွေကလည်း အခန်းတွင်းအပူချိန်ကို အပြင်အပူချိန်နဲ့ ယှဉ်လိုက်ရင် ၄၂ ဖာရင်ဟိုက်လောက် ကျအောင် လုပ်ပေးခဲ့ပေမဲ့ မြို့တော်လူဦးရေ ၂ သန်းကျော် က အပူချိန်ကို တိုးအောင် အဲယားကွန်းသုံးစွဲမှု မြင့်တက်လာလို့ ထိန်းချုပ်ဖို့ရာ ခက်ခဲခဲ့ပါတယ်။
အားကစားသမား ကျေးရွာကို မြို့ရဲ့ မြောက်ဘက်ဆင်ခြေဖုံးမှာ တည်ဆောက်ထားပြီး အဲယားကွန်း လုံးဝမတတပ်ထားပါ ။ အားကစားသမားတွေ ပရိသတ်နဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံနိုင်အောင်စီစဉ်ထား တဲ့အပြင် အဆောက်အအုံ ဗိသုကာတွေက သဘာအတိုင်းအအေးဓာတ်ကို ခံစားလို့ရအောင် ဖန်တီးထားပါတယ်။ ပြိုင်ပွဲပြီးသွားလို့ အဲ့ဒိအဆောက်အအုံတွေကို အိမ်ခန်း ( သို့) ရုံးခန်းအဖြစ်ပြန်သုံး လို့ရအောင် လည်း လုပ်ထားပါတယ်။
ကမ္ဘာ့မိုးလေဝသပညာရှင်တွေကတော့ အပူချိန် ၁၀၄ ရှိတဲ့ ပတ်ဝန်းကျင်အောက်မှာ အားကစားပြိုင်ပွဲဝင်ကြမဲ့ ကစားသမားတွေ အတွက်က အတော်ကြီး ခက်ခဲမှု ရှိမှာပါလို့ ဆိုပါတယ်။ အဲ့ဒိအနေအထားကို သည်းမခံနိုင်ဘူးဆိုရင် ပြန်ပြီး စောဒကတတ်နိုင်တယ်လို့လည်း အိုလံပစ်ကော်မတီက သတင်းထုတ်ပြန် ထားပါတယ်။
အခုလက်ရှိ ပြဿနာက ကျနော်တို့ကို ဘာသင်ပေးနေသလဲဆိုတော့ လူ့အဖွဲ့အစည်းများနဲ့ အစိုးရတွေက မသချာမရေရာတဲ့ အနာဂတ် ရာသီဥတုဖောက်ပြန်မှုမှာ ဘယ်လိုမျိုး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ကို တည်ဆောက် ထားဖို့လိုကြောင်း ပြသနေပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply