အသက်ကို ဥာဏ်စောင့်

အသက်ကို ဥာဏ်စောင့်

ကမ္ဘာတလွားအပူချိန်မြင့်မားမှုမှာ မြန်မာနိုင်ငံကလဲအထူးခံစားနေကြရပါပြီ။
ယခင်နေ့က ကမ္ဘာတလွားအပူဆုံး၁၀မြို့မှာ မြန်မာနိုင်ငံက ၅မြို့ပါဝင်ပြီး ချောက်မြို့က အမြင့်ဆုံးဖြစ်ခဲ့သလို နောက်ရက်တွေမှာလဲ ထိပ်ဆုံး၅မြို့ထဲဆက်ပါလျက်ရှိနေပါတယ်။

မြန်မာပြည်တလွားအပူချိန်တိုးနေတာကြောင့် ရုတ်တရက်အပူလွန်ပြီး သတိလစ်လဲကျတာ၊ သေဆုံးတာတွေအထိဖြစ်နေပါပြီ။

ဒီနှစ်အပူချိန်မြင့်တက်လာတာဟာ အယ်နီညို ရာသီဥတုကြောင့်ဖြစ်ပြီး ပင်လယ်ရေမျက်နာပြင်အပူချိန်ပြောင်းလဲမှု၊ ပစိဖိတ်သမုဒ္ဒရာမျက်နာပြင်ပေါ်မှာတိုက်ခတ်နေတဲ့လေတို့ပေါင်းဆုံကာ အပူတိုးတာ၊ ခြောက်သွေ့လွန်စေတာတွေကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေလို့ဆိုရင်လဲမမှားပါဘူး။

ကမ္ဘာမှာလူနေထိုင်ရာဒေသတခုရဲ့အပူဆုံးစံချိန်ကတော့ ၁၉၁၃ခု ကယ်လီဖိုးနီးယားမှာကျရောက်ခဲ့တဲ့ ၅၇ ဒီဂရီဆဲစီရပ် ဖြစ်ပါတယ်။

လူသားတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ ၉၈. ၆ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး အပူလွန်လာမှုဟာ ခန္ဓာကိုယ်ကစွန့်ထုတ်နိုင်တဲ့အပူထက် ဝင်လာတဲ့အပူကပိုများလာလို့ပဲဖြစ်ပါတယ်။
ဒါကြောင့်ခန္ဓာကိုယ်ထဲကိုအပူတွေဝင်ရောက်မလာအောင်ပြုမူနေထိုင်စားသောက်ဖို့လိုပါပြီ။

ခန္ဓာကိုအပူချိန်ကျဆင်းစေဖို့အကောင်းဆုံး ကတော့ရေသောက်ခြင်းဖြစ်သလို ရေဓာတ်၉၀% နီးပါးပါဝင်တဲ့ ဖရဲသီးကိုစားပေးဖို့လိုပါတယ်။
ကြက်သွန်နီ၊ သခွားသီး၊ ဒိန်ချဥ်၊ အုန်းရေ၊ ပင်စိမ်းရွက်၊ ရှားစောင်းလက်ပါတ်ဖျော်ရည်တို့ကို သောက်သုံးခြင်းဖြင့်လဲအပူချိန်ကျဆင်းစေပြီးအပူဒါဏ်ကိုခံနိုင်ရည်ရှိစေပါတယ်။
ဒါအပြင်ရှောက်လိမ္မော်အုပ်စုဝင်အသီးဖျော်ရည်တွေကိုသောက်သုံးခြင်းဟာလဲ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသာမက ကျမ်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ ဗိုက်တာမင်စီကိုပါပံ့ပိုးပေးပါတယ်။
ဖျော်ရည်သက်သက်အနေနဲ့တော့ ကော်ဖီအေး၊ ကြံရည်၊ သင်္ဘောသီး၊ ပူစီနံ၊ ရာသီလိုက်သီးနံများ ကိုသောက်သုံးခြင်းဟာလဲအပူသက်သာစေပါတယ်။
ကော်ဖီအေးသောက်ခြင်းမှာတော့ ရေခဲမများစေဖို့နဲ့ အပူရပ်ဝန်းကနေပြန်လာလာခြင်းသောက်သုံးမှုကိုတော့မပြုလုပ်ရပါဘူး။

နေထိုင်မှုပုံစံတွေမှာတော့ ခြေထောက်ကိုရေအေးစိမ်ခြင်းဟာအပူကိုလျော့ကျစေပါတယ်။ ကုလားထိုင်ပေါ်ကနေ ရေအေးထဲ့ထားတဲ့ဇလုံထဲမှာခြေထောက်ကိုစိမ်ထားပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာဝင်သက်ထွက်သက်ကိုဖြေးညှင်းစွာပြုလုပ်မယ်ဆိုရင်နာရီဝက်အတွင်းအပူတွေလျော့ကျပါလိမ့်မယ်။ ပင်စိမ်းအဆီအနဲငယ်လောင်းထဲ့ပြီးခြေထောက်စိမ်ရင်တော့ပိုအကျိုးရှိစေပါတယ်။ နေပူကပြန်ရောက်ရောက်ခြင်းလုပ်ဖို့တော့မသင့်တော်ပါဘူး။
အုန်းရေတဖန်ခွက်ကို့နေ့လည်နေ့ခင်းတိုင်းမှာသောက်ခြင်း ပင်စိမ်းရည်ကို လဖက်ရည်သို့မဟုတ်ဖျော်ရည်တခုခုမှာထဲ့သောက်ခြင်းဟာလဲအပူကျဆင်းစေတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။
နံနက်ခင်းမှာ ယောဂကျင့်တာဟာလဲခန္ဓာကိုယ်အပူချိန်ကိုလျော့ကျစေတဲ့အပြင်စိတ်တည်ငြိမ်မှုကိုပါဖြစ်စေပါတယ်။
ချည်ထည် အဝတ်အစားတွေကိုခပ်ပွပွဝတ်ဆင်ခြင်းဖြင့် ခန္ဓာကိုယ်မှာလေဝင်လေထွက်ကောင်းစေသလို အပြင်ထွက်ချိန်တွေမှာထီးဦးထုပ်ဆောင်းဖို့လိုအပ်ပါတယ်။
ရှားစောင်းလက်ပါတ်မှာပါတဲ့ ဂျယ်တွေကိုလိမ်းခြင်းဖြင့် အရေပြားအေးမြစေသလိုနေရောင့်ကြောင့်အရေပြားထိခိုက်မှုကိုပါကာကွယ်ပေးပြန်ပါတယ်။ ဂျယ်တွေကိုရေခဲသေတ္တာထဲမှာထားပြီးသုံးရင်အအေးဓာတ်ပိုကောင်းစေပါတယ်။
နို့ထွက်ပစ္စည်းတွေကိုသောက်သုံးခြင်းဖြင့် အစာအိမ်ကအပူထုတ်တာကိုလျော့ကျစေနိုင်ပေမဲ့ အအေးခံပြီးသောက်သုံးဖို့တော့လိုပါတယ်။
ငရုပ်သီးစားလို့အပူလျော့ကျစေတယ်ဆိုတာဟာ အံ့အားသင့်စရာဖြစ်နေနိုင်ပါတယ်။ ငရုပ်သီးစားရင်စပ်တာကြောင့် ချွေးထွက်သလို မွေးညှင်းပေါက်တွေလဲကျယ်လာတာကြောင့် အေးမြခြင်းကိုခံစားနိုင်မှာဖြစ်ပြီးငရုပ်သီးစိမ်းစားတာကပိုပြီးအကျိုးသက်ရောက်စေပါတယ်။

အစာလဲဆေး၊ ဆေးလဲအစာဆိုထားတာကြောင့် အနေအထိုင်အစားအသောက်သတိထားခြင်းဖြင့် အပူလွန်ကဲခြင်းကိုရှောင်ရှားနိုင်ဖို့ကြိုးစားကြပါစို့။

ကိုတွတ်

About The Author

greenness_mm

No Comments

Leave a Reply