ကမ္ဘာကြီးပူနွေးလာမှု ကြောင့် ပိုလာ ဝက်ဝံတွေ လူနေအိမ်ခြေဆီကို အစာရှာထွက်လာကြ

ကမ္ဘာကြီးပူနွေးလာမှု ကြောင့် ပိုလာ ဝက်ဝံတွေ လူနေအိမ်ခြေဆီကို အစာရှာထွက်လာကြ

ကမ္ဘာကြီး ပူနွေးလာမှု ကို သိသိသာသာ ခံစားရတဲ့ နေရာကတော့ အာတိတ်စက်ဝိုင်းဒေသ မှာပဲဖြစ်ပါတယ်။ ရေခဲတွေ အရည်ပျော်လို့ တစ်နှစ်ပတ်လုံး ရေခဲနေတဲ့ဒေသတွေမှာ ကုန်မြေတွေ ပေါ်လာပါတယ်။
ရေခဲပြင်ဒေသတွေ လျှော့လာလို ပင်လယ်ရေတွေများလာပါတဲ့အခါမှာတော့ အခုလိုဆောင်းတွင်း မှာ အစာရှာစားဖို့ ခက်ခဲလာတဲ့ ပိုလာ ဝက်ဝံတွေ က လူနေအိမ်ခြေတွေဆီကို ချည်း ကပ်လာပါတော့တယ်။
ရှရုားနိုင်ငံအနောက်မြောက်ပိုင်း အာတိတ်စက်ဝိုင်းအတွင်းမှာရှိတဲ့ ချူကော့ကာရွာတွေကို ပိုလာဝက်ဝံတွေ အစာလာရှာတာကို တွေ့မြင်ရတာ နှစ် အတော်ကြပါပြီ။
“ ၂၀၀၀ ခုနှစ်လောက်က တစ်ကောင်းစ ၂ကောင်စလောက် ရွာတွေဖက်ကို လာ ကြပါတယ်။ အခုနှစ်ပိုင်းတွေမှာတော့ ပိုလာဝက်ဝံတွေ ဒါဇင်နဲ့ချီပြီး ရွာတွေထဲကို ဝင်လာတာတွေ့နေရပါတယ်” လို့ ချူကော့ကာရွာသားတွေက ဆိုပါတယ်။
ကမ္ဘာ့ ပူနွေးလာမှုက တိရစ္ဆာန်တွေရဲ့ စားကျက်ပျောက်လာတဲ့အပြင် လူသားတွေနဲ့ နီးစပ်တဲ့ နေရာတွေကို အစာအတွက် ရွှေ့ပြောင်းနေထိုင်လာတာကို တွေ့လာရပါတယ်။
“ ထုံးစံအတိုင်း ဆိုရင် ဆောင်ဦး ဝင်လာပြီဆိုရင် ပိုလာဝက်ဝံတွေက ဆောင်းခိုဖို့အတွက် ရေခဲဂူတွေမှာ အောင်းနေကြပါတယ်။ တစ်နွေလုံး အမဲလိုက်ပြီး ရှာစားထားတဲ့ အာဟာရနဲ့ သူတို့ က ဆောင်းတွင်း မှာ ခိုးအောင်းနေရမယ့် ဟာကို အခုတော့ အာဟာရမပြည့်လို့ သူတို့တွေ ဆောင်တွင်းကြီးမှာ အစာရှာစားနေရပါတယ်။
ဆောင်းတွင်းမှာ အစားရေစာရှားပါတဲ့အတွက်ကြောင့် သူတို့ က လူနေအိမ်ခြေတွေအထိရောက်အောင် လာပြီ အစာရှာစားနေရပါတယ်။ တကယ်တော့ ဖော်ပြပါဓာတ်ပုံတွေက ပိုလာဝက်ဝံတွေ လူနေအိမ်ခြေအထိ လာရောက်အစာရှာတဲ့ပုံကို ဓာတ်ပုံဆရာတွေက ရိုက်ကူးပြီး ဖော်ပြတာဖြစ်ပေမဲ့ နောက်ကွယ်က အကြောင်းက ကမ္ဘာကြီးပူနွေးလာမှုရဲ့ ဆိုးကျိုး ကို ဖော်ပြနေတာပါ။
အဲ့ဒိပိုလာဝက်ဝံတွေက အနည်း ဆုံး ၁၀ မိုင်အထက်က နေရာကနေ လူတွေဆီကို ရောက်လာကြတာပါ။ အချို့ အကောင်တွေဆိုရင် မိုင် ၅၀ ကျော်ဝေးတဲ့ အရပ်ကနေ လာကြတာပါ။
လက်ရှိ မှတ်တမ်းတင်ထားထားတဲ့ ဓာတ်ပုမှတ်တမ်းတွေအရ လူနေအိမ်ခြေဆီကို လာရောက်အစာရှာဖွေတဲ့ ပိုလာဝက်ဝံအကောင်ရေ ၆၇ ကောင်ရှိပါတယ်။ ဓာတ်ပုံမှတ်တမ်းမတင်ရသေးတဲ့အကောင်ရေ ပါထည့်တွက် ရင် ရာကျော်လောက်ရှိမှာပါ။
“လာတဲ့ ဝက်ဝံတွေကလည်း ဗျာ ပိန်ပိန်ညောင်ညောင်လေးတွေပါ။ အကောင်ကြီးတွေရော အကောင်ငယ်တွေ ပါ စုံနေတာပါပဲ ။ နောက်ပြီး သားသည်မိခင်တွေနဲ့ ကလေးတွေပါပါတယ်” လို့ ဒေသခံ ချူကော့ကာ တွေက ပြောပါတယ်။
မောင်ယဿ ( ဇန်နဝါရီ ၁ )
REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply