ကမ္ဘာပေါ်မှာ တစ်နှစ်ကို ဝေလငါး ၃သိန်းလောက် သေဆုံးနေလို့ မျိုးတုန်းသွားနိုင်တယ် လို့ဆို

ကမ္ဘာပေါ်မှာ တစ်နှစ်ကို ဝေလငါး ၃သိန်းလောက် သေဆုံးနေလို့ မျိုးတုန်းသွားနိုင်တယ် လို့ဆို

ကမ္ဘာ့ အကြီးဆုံးရေနေသတ္တဝါတွေဖြစ်တဲ့ ဝေလငါးတွေက ကမ္ဘာပေါ်မှာ အကောင်ရေ ၁သန်းခွဲ လောက်ပဲကျန်ပါတော့တယ်။ ၁၉၈၆ ခုနှစ်ကတည်းက ဝေလငါးကို စီးပွားဖြစ် အမဲမလိုက်ရဘူးလို့ ဥပဒေနဲ့ တားမြစ်ထားပေမဲ့ ဝေလငါးအကောင်ရေ က တိုးမလာတဲ့အပြင် လျော့လာနေတဲ့ အတွက်ကြောင့် လေ့လာမှုတွေကို လုပ်ရာမှာတော့ ဝေလငါးတွေက သဘောၤကြီးတွေနဲ့ တိုက်မိပြီး သေဆုံးကုန်ကြတာကြောင့် ဖြစ်တယ်လို့ သိလာရပါတယ်။

ဝေလငါးတွေက အစားရှာဖို့နဲ့ မျိုးဖောက်ဖို့ ရေပေါ်တက်လာချိန်မှာ သဘောၤကြီးတွေ နဲ့ တိုက်မိပြီး ဒဏ်ရာတွေ ရကာ သေဆုံးကုန်ကြပါတယ်။ ၁၉၉၂ ကနေ ၂၀၁၂ အထိ နှစ် ၂၀ အတွင်းမှာ သဘောၤတွေနဲ့ ဝေလငါးတွေ တိုက်မိပြီးသေဆုံး တဲ့အရေအတွက် က ၄ ဆ တက်လာတယ်လို့ ကမ္ဘာ့ ရေကြောင်း မတော်တဆဖြစ်မှု အစီရင်ခံစာမှာပါလာပါတယ်။ ၂၀၁၃ ကနေ ၂၀၁၈ မှာ လည်း ထိခိုက်မှု ၂ဆ ထက်တက်လာတယ်လို့ လည်း ဆိုပါတယ်။ ပျမ်းမျှတွက်ချက်မှုအရ တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ဝေလငါး ကောင်ရေ ၃သိန်းလောက် သေဆုံးနေတယ်လို့ သိရပါတယ်။

အဲ့ဒိပုံစံအတိုင်း သွားမယ်ဆိုရင် လာမယ့် ၁၀စုနှစ်အတွင်းမှာ ဝေလငါး မျိုးတုန်းသွားဖွယ်ရာရှိ နေပါတယ်။ “ ဝေလငါးတွေ သေဆုံးတာက ပင်လယ်ပြင်မှာတွေ့ရခဲလို့ ဘယ်လောက်တွေ သေေနေတယ် ဆိုတာကိုပြောရခက်ပါတယ်။ သဘောၤကြီးတွေ က ဝေလငါးတွေကို တိုက်မိတယ်ဆိုရင် မသိချင်ယောင်ပဲ ဆောင်နေတာလား ။ သတင်းပဲ မပို့ချင်တာလား ဆိုတာကိုလည်း ဝေခွဲလို့ မရပါဘူး” လို့ မြောက်အမေရိကား လင်းပိုင်းနဲ့ ဝေလငါးထိန်းသိမ်းရေး လူ့အဖွဲ့အစည်း က ဆိုပါတယ်။

ကမ်းခြေကို သောင်တင်လာတဲ့ ဝေလငါးတွေ ကိုကြည့်လိုက်ရင် သဘောၤနဲ့ တိုက်မိလို့ ရထားတဲ့ ဒဏ်ရာတွေ အများကြီးပါလာတာကိုတွေ့ရပါတယ်။ ဝေလာငါးဆိုတာ ကမ္ဘာ့ ကာဗွန်သုံလှောင်ထားတဲ့ အကောင်ကြီးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ခန္တကိုယ်ထဲမှာ ကာဗွန် ၃၃ တန်ကျော် ထိန်းသိမ်းထားပါတယ်။ အဲ့ဒိပမာဏက သစ်ပင်တစ်ပင် နှစ် ၁၅၀၀ လောက် စုတ်ယူနိုင်တဲ့ ကာဗွန် ပမာဏထက်များပါတယ်။ သူတို့ က ရာသီဥတုပြောင်းလဲမှု နဲ့ အဏ္ဏဝါ ဂေဟစနစ်ကို အများကြီး အထောက်အကူပေးနိုင်ပါတယ်။

 

မောင်ယဿ ( ဇန်နဝါရီ ၁၀ )

REF; euronews

Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply