ကမ္ဘာ့ဆင်များနေ့ ကိုစတင်ခဲ့သူ ပက်ထရစ်ရှာဆင်း နဲ့တွေ့ဆုံခြင်း

ကမ္ဘာ့ဆင်များနေ့ ကိုစတင်ခဲ့သူ ပက်ထရစ်ရှာဆင်း နဲ့တွေ့ဆုံခြင်း

သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ရယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံက အန်ဂျီအိုအဖွဲ့ တစ်ဖွဲ့ က စတင်ပြီး သက်မှတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေက အဲ့ဒိအထိမ်းအမှတ်နေ့ကို လက်ခံပြီး ဆင်တွေအတွက် သီးသန့်ပွဲ လုပ်ပေးနေပါတယ်။ ဂေဟပညာရှင်တွေကတော့ ဆင်တွေက ဂေဟစနစ်စောင့်ရှောက်မှု ပေးပုံကို အကျယ်တဝင်ရှင်းပြပြီး ကမ္ဘာသားတွေအနေနဲ့ ကုန်းမြေပေါ်ကို အကြီးဆုံး သက်ရှိ သတ္တဝါတွေကို ထိန်းသိမ်းဖို့ လိုအပ်နေကြောင့် ရေးသားဖော်ပြနေကြပါတယ်။ အစားအစာအတွက် မဟုတ်ဘဲ လူတွေရဲ့ ဇိမ်ခံပစ္စည်းတွေအလှဆင်ဖို့ အတွက် အရိုးနဲ့ အစွယ်ကို ရယူဖို့ ဆင်တွေကို ခိုးယူသတ်ဖြတ် နေကြပါတယ်။ ကုန်နေ အကောင်ကြီးတွေ မျိုးတုန်းသွားနိုင်လောက်တဲ့အထိ မှောင်ခို ခံနေရတာနဲ့ ပတ်သက်ပြီး ယူရိုနယူးစ်က ကမ္ဘာ့ဆင်များနေ့တည်ထောင်သူ ပက်ထရစ်ရှာဆင်း နဲ့တွေ့ဆုံမေးမြန်းမှု လုပ်ခဲ့ပါတယ်။
ယူရိုနယူးစ်။။ ဆင်တွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး
ပက်ထရစ်ရှာ ။။ ပြဿနာတွေကို အခြေခံကျကျ သုံးသတ်ရင် အချက် ၅ချက်ရှိနေပါတယ်။ အဓိက အချက်ကတော့ ဆင်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ဥပဒေအရပြဌန်းပေးနိုင်ဖို့ပါပဲ။ ဒီနေ့ ကမ္ဘာမှာ တော့နိုင်ငံတော်တော်များများမှာ ဆင်တွေနဲ့ ပတ်သက်ပြီး သီးခြား ဥပဒေထုတ်ထားတာ သိပ်မရှိပါဘူး ၊ ဥပမာပြောရမယ်ဆိုရင် ဆင်စွယ်ဈေးကွက်ကြီးဖြစ်ထွန်းနေတဲ့ တရုတ်နိုင်ငံမှာ ဆင်နဲ့ ပတ်သက်လို့ ဥပဒေကို ၂၀၁၇ ထုတ်ပြန်ခဲ့ပေမဲ့ တရုတ်နိုင်ငံထဲမှာ ဆင်စွယ်တွေက မှောင်ခို ဈေးကွက်ကြီး အကြီးကြီး ဖြစ်နေပါတယ်။ နောက်တစ်ချက်က အာရှနဲ့ အာဖရိကမှာ လူဦးရေ ပေါက်ပွားနှုန်းက မြှင့်တက်နေပါတယ်။ အဲ့ဒိအတွက်ကြောင့် တောမြေတွေ ဆုံးရှုံးမှု ဖြစ်ပေါ်နေတယ်။ အဲ့တော့ ဆင်တွေရဲ့ ကျက်စားရာဒေသ ကျဉ်းမြှောင်း လာတာ ကလည်း ဆင်တွေအတွက် စိန်ခေါ်မှုကြီးဖြစ်နေပါတယ်။ လူသားနဲ့ ဆင်ကြားက ပဋိပက္ခကို တားဆီးနိုင်မှုမရှိတော့ ဆင်တွေကရွှေ့ပြောင်းပေး နေရပါတယ်။ အဲ့တော့ ဆင်တွေက ဂေဟစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် မစောင့်ရှောက် နိုင်တော့ဘူးပေါ့။
ယူရိုနယူးစ် ။။ ထိုင်းနိုင်ငံလို ခရီးသွားလုပ်ငန်း ထွန်းကားတဲ့ ဒေသတွေမှာ ဆင်တွေကို သယ်ယူပို့ဆောင်ရေးအတွက် သုံးနေတာနဲ့ရော ဘာပြောချင်လဲ ၊
ပင်ထရစ်ရှာ။။ ကျမပြောချင်တာကတော့ ဆင်တွေကို ကြိုး ခတ်ပြီး ခရီးသွားလုပ်ငန်းမှာ သုံးနေတာက ဆင်တွေကို ထိန်းသိမ်းထားတာမဟုတ်ဘူး လို့ပြောချင်တာပါပဲ။ အဲ့ ဒိလုပ်ငန်းကလည်း ဆင်တွေရဲ့ ကျန်းမာရေးကို အများကြီး ထိခိုက်စေတဲ့ လုပ်ငန်းပါပဲ ။ ဂေဟစနစ်ကို ထိန်းသိမ်းဖို့ ဆိုရင် ဆင်တွေကို လွတ်လပ်စွာ သွားလာခွင့်ပေးထားမှ ရမှာပါ။ သူတို့ က သူတို့ ကျက်စားရာလမ်းကြောင်းအတိုင်း သွားလာနေကြတာပါ။ ကျမကတော့ လူတွေကို ဆင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ များများသိစေချင်ပါတယ်။ ဆင်တွေ ကို သတ်ဖြတ်ပြီး ဆင်စွယ်ကို မှောင်ခိုရောင်းချနေတဲ့ ဖြစ်စဉ်တွေက အာရှ နဲ့ အာဖရိကမှာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေပါတယ်။ ဆင်တွေက တောနက်ကြီးတွေကို ဝင်ရောက်ကျက်စားတဲ့ အခါမှာ အခြားသောအကောင်တွေအတွက် လမ်းဖြစ်သွားအောင် လုပ်ပေး နေခြင်း အဖြစ် ဂေဟစနစ်ကို အထောက်အပံ့ပေးပါတယ်။ ဆင်ခြေရာတွေက ရေခိုအောင်းနိုင်တဲ့အတွက် အဏုဂေဟစနစ်ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ဆင်တွေက စိုစွတ်မြေ ၊ သစ်တောကြီးတွေ ၊ မြက်ခင်းပြင်တွေ ၊ ဆားဗားနား နဲ့ ကန္တာရ မြေတွေမှာ လှည့်လည်ကျက်စားနိုင်တဲ့အတွက် ဂေဟစနစ်တော်တော်များများမှာ အသုံးဝင်ပါတယ်။ ဆင်တွေကြောင့် အကောင်ငယ်လေးတွေ အိမ်ရာဖြစ်တာတွေ နောက်ပြီး အကောင်ငယ်လေးတွေနဲ့ တွဲနေထိုင်နိုင်တာတွေက ဂေဟစနစ်ကို အကျိုးဖြစ်စေပါတယ်။
မောင်ယဿ
#greenness

About The Author

greenness_mm

No Comments

Leave a Reply