ကမ္ဘာ့ရာသီပြောင်းလဲမှုနဲ့ လိုက်ဖက်အောင် လုပ်ဆောင်မှုက စီးပွားရေးလုပ်ငန်း အကြီးကြီးဖြစ်လာနိုင်

ကမ္ဘာ့ရာသီပြောင်းလဲမှုနဲ့ လိုက်ဖက်အောင် လုပ်ဆောင်မှုက စီးပွားရေးလုပ်ငန်း အကြီးကြီးဖြစ်လာနိုင်

ဘာပဲပြောပြော ကမ္ဘာကြီးက ပူနွေးလာတယ်ဆိုတာ ငြင်းချက်ထုတ်လို့ မရတဲ့ အချက်အလက်တစ်ခုပါ။ ကမ္ဘာကြီးပူနွေးလာမှုနောက်ကို ရာသီဥတုပြောင်းလဲမှု ကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာပါတယ်။ ရာသီဥတုပြောင်းလဲလာတော့ အဲ့ဒိအခြေအနေနဲ့ လိုက်လျော်ညီထွေရှိအောင် လူတွေရဲ့ စား၊ ဝတ် ၊ နေ ထိုင်မှုတွေကလည်း ပြောင်းလဲလာတော့မှာ ဖြစ်လို့ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေကိုလိုက်ပြီး ဒေသလိုက် ဝတ်ဆင် နေထိုင်မှုတွေနဲ့ ဆိုင်တဲ့ စီပွားရေး လုပ်ငန်းတွေအတွက် ဈေးကွက် အကြီးကြီး ဖြစ်လာ တော့မယ်လို့ ပညာရှင်တွေ ကညွှန်ပြနေပါပြီ ။
အခုဆိုရင် အမေရိကား နယူယောက်ပြည်နယ်က အီသီကာမြို့ကလေးမှာ ဆိုရင် ဒေသခံတွေရဲ့ တောင်းဆိုမှု ကြောင့် ရာသီဥတုပြောင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် အင်ဂျင်နီယာ တွေကို ကမ်းလှမ်းမှုတွေ လုပ်နေပါတယ်။ ဗိသုကာပညာရှင်တွေက ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အချက်အလက်တွေကို စစ်ဆေးလေ့လာနေရပါတယ်။ သူတို့ ကသူတို့ရထားတဲ့ ဒေသတွင်း မိုးလေဝသ ဆိုင်ရာ အချက်အလက်တွေ ကိုလေ့လာပြီးနောက်မှာတော့ ရာသီဥတုဒဏ်ခံ အဆောက်အအုံ ဒီဇိုင်တွေ ရေးဆွဲ ပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ဆီကိုလွဲပြောင်းပေးနေပါတယ်။ အဲ့ဒိမြို့ ကလေးမှာ လုပ်ငန်းလည်ပတ်မှုတွေ အရမ်းကို တွင်ကျယ်နေပါတယ်။
အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် ကုမ္ပဏီအချို့ ဆိုရင် ကန်ဒေါ်လာ သန်း၁၀၀ တန်လုပ်ငန်းတွေ တောင် ရနေပါတယ်။ ဖရက်ရှော့ပ်ဆိုတဲ့ အမျိုးသားတစ်ဦးက ရှေးဟောင်းအဆောက်အအုံ တစ်ခုကို ဝယ်လိုက်ပါတယ်။ ပြီးနောက် ရုပ်ကျွင်းလောင်စာသုံး စွမ်းအင် ထုတ်ယူမှုတွေကို ဖယ်လိုက်တယ်။ ခေတ်သစ်စွမ်းအင်ရယူမှုတွေ တပ်ဆင်တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျော်ညီထွေရှိမယ့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ မထွက်ဘဲ သက်တောင့်သက်သာနေလို့ရမယ် အဆောက်အအုံတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ပြီးတော့ သူ အဲ့ဒိအိမ်ကို အရောင်းတင်လိုက်ပါတယ်။ ချက်ခြင်း ဆိုသလိုပဲ အဲ့ဒိအိမ်ကလေးကို စိတ်ဝင်စားတဲ့သူတွေပေါ်လာပြီး ၁ပတ်အတွင်းမှာ ကုန်ကျစရိတ်ထက် ၅ဆ အမြတ်နဲ့ရောင်းထွက်သွားပါတယ်။
အီသီကာမြို့ အာဏါပိုင်တွေကအဲ့လိုမျိုး အဆောက်အအုံတွေ ဆောက်ဖို့အတွက် ဖရက်ကို အိမ်အလုံးရေ ၃သောင်း အပ်ထားပါတယ်။ ၂၀၃၀ မှ အီသီကာမြို့က ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျော်ညီထွေတဲ့ မြို့ အဖြစ်ပြောင်းလဲဖို့ ရည်မှန်ချက်ထားထားပါတယ်။ အဲ့လိုမျိုး အခြားမြို့တွေ လိုက်လုပ်တော့မယ်ဆိုရင် အလွန်ကြီးမားတဲ့စီးပွားရေး လုပ်ငန်းကြီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ပေါ်လာတော့မှာပါ။
မောင်ယဿ
REF; green citizen
photo : britannica

About The Author

greenness_mm

No Comments

Leave a Reply