ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၁၂)

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၁၂)

နိုင်းမြစ်ဆိုပါက မသိသူ မကြားဖူးသူ မရှိသလောက်ပင် ရှားပါလိမ့်မည်။ နိုင်းမြစ်သည် အာဖရိကတိုက်၏ အရှည်ဆုံးမြစ်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် ကမ်ဘာ့သမိုင်း အပြောင်းအလဲများတွင်လည်း အရေးပါခဲ့သော မြစ်တစ်စင်းဖြစ်သည်။ ထိုသို့ ခမ်းနားသော မြစ်တစ်စင်းသည် ကမ်ဘာ့အညစ်ညမ်းဆုံးမြစ်များထဲတွင် ပါဝင်နေသည်။ ထိုသို့ဖြစ်ရသည်မှာ မြစ်ကိုပိုင်ဆိုင်ခွင့်ရထားသော နိုင်ငံများနှင့် လူသားတို့၏ မြစ်အပေါ် တန္ဖိုးထားစောင့်ရှောက်ရန် မေ့လျော့နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုဒဏ် မြစ်အောက်ပိုင်းနှင့် မြစ်ဝဒေသရှိ ပြည်သူများ ခံစားကြရသည်။
မြစ်ကို ရှည်လျားစွာ ပိုင်ဆိုင်ခွင့်ရထားသော အီဂျစ်တွင် အဖြစ်အများဆုံးရောဂါများမှာ ဘက်တီးရီးယားဝမ်းလျှောရောဂါ၊ တိုက်ဖွိုက်အဖျားရောဂါနှင့် schistosomiasis ခေါ် ကပ်ပါးပိုး(သန်းကောင်ကဲ့သို့သော) ကြောင့်ဖြစ်သော ဝမ်းဗိုက်ဖောရောင်သော ရောဂါများဖြစ်သည်။ ထိုရောဂါ အားလုံးသည် မိလ္လာရေကဲ့သို့သော အန္တရာယ်ရှိသည့် မသန့်ရှင်းသော ရေများနှင့် ဆက်နွယ်ဖြစ်ပေါ်သော ရောဂါများဖြစ်သည်။ ဆိုလိုသည်မှာ မြစ်နှင့်မကင်းသည့် လူနေမှုစနနစ်၊ မြို့ပြစနစ်နှင့် အခြားသော လုပ်ငန်းများမှ ရေဆိုးရေညစ်အားလုံးသည် နို်းမြစ်ဆီသို့ ဝင်ရောက်ကာ ရေကို ညစ်ညမ်းစေခြင်းဖြစ်သည်။
အီဂျစ်သည် မြစ်ဝှမ်းတွင် လူဦးရေအများဆုံး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းနိုင်ငံဖြစ်သည်။ ထို့ကြောင့် မြစ်ထဲသို့ မိလ္လာစွန့်ပစ်မှု အများစုသည် အီဂျစ်အောက်ပိုင်း၌ ဖြစ်ပွားသည်။ နိုင်းမြစ်ရေညစ်ညမ်းမှုသည် စက်မှုလုပ်ငန်းသုံးရေဆိုး၊ ရေနံညစ်ညမ်းမှု၊ စည်ပင်သာယာရေဆိုး၊ စိုက်ပျိုးရေးသုံး ရေနုတ်မြောင်းများမှ ဆင်းသက်လာပြီး သဘာဝ ဆိုက်ယာနိုအဆိပ်အတောက်များ ပါဝင်သည်။ ဆည်မြောင်းအတွက် နိုင်းမြစ်မှ ရေအလွန်အကျွံ ထုတ်ယူခြင်းအပြင် ကမ်းရိုးတန်းဒေသများတွင် ရေငန်ကျုးကျော်မှုများ တိုးပွားလာခြင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရေချိုရရှိမှု ကျဆင်းခြင်းတို့ကြောင့် ၎၏ ရေပြင်တွင် နေထိုင်သည့် မျိုးစိတ်များအတွက်လည်း ကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေသည်။
ကေဇက်အေ
Greenness
ref:CEF
Photo-internet

About The Author

greenness_mm

No Comments

Leave a Reply