ကာဗွန်ဖမ်းစက်ရုံစီမံကိန်း ခွင့်ပြုချက်ကျပြီ

ကာဗွန်ဖမ်းစက်ရုံစီမံကိန်း ခွင့်ပြုချက်ကျပြီ

               ဗြိတိန်အစိုးရက လေထဲမှာရှိတဲ့ ကာဗွန်ကိုဖမ်းယူတဲ့ စက်ရုံစီမံကိန်းကို ပထမဦးဆုံးအနေနဲ့ ခွင့်ပြုချက်ပေး လိုက်ပါတယ်။ တစ်နှစ်ကို ကာဗွန်တန်ချိန် ၁သန်းခွဲကျော် ဖမ်းယူနိုင်တဲ့ အဲ့ဒိကြီးမားတဲ့ စက်ရုံတည်ဆောက်ရေး စီမံကိန်းကို လင်ကွန်ရှိုင်းယားမှာ တည်ဆောက်မှာဖြစ်ပြီး စက်ရုံ ၃ ရုံပါဝင်မှာဖြစ်ပါတယ် ။
အဲ့ဒိသတင်းက ဗြိတိန်ဆောက်လုပ်ရေးဝန်ကြီး မိုက်ကယ်ဂိုဗီက အင်္ဂလန်ကျွန်းမှာ ကျောက်မီးသွေးတွင်းအသစ် တစ်ခုကို ခွင့်ပြုချက်ပေးလိုက်ပြီး နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်းပဲဖြစ်ပါတယ် ။ အဲ့ဒိ ကျောက်မီးသွေး တွင်း က တစ်နှစ်ကို ကာဗွန်တန်ချိန် ၄ သိန်း ထုတ်လွှတ်မှာဖြစ်ပါတယ် ။ အဲ့ဒိပမာဏက လမ်းပေါ်မှာမောင်းနှင် နေတဲ့ ကားအစီးရေ ၂သိန်းက ထုတ်လွှတ်တဲ့ ကာဗွန်ပမာဏနဲ့ အတူတူပါပဲ ။
                 ဂိုဗီက အစိုးရအနေနဲ့ ကျောက်မီးသွေးတွင်းသစ်ကိုခွင့်ပြုလိုက်တာနဲ့ အတူ လေထဲကိုပိုတိုးပြီး ရောက်လာမယ့် ကာဗွန်တွေကို ဖမ်းယူဖို့အတွက် အဆင့်မြင့်နည်းပညာသုံးပြီး ဘဲစားဘဲချေ ပုံစံလုပ်လိုက်တာပါလို့ ဆိုလိုက်ပါ တယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ အစိုးရ အသုံးပြုမဲ့ ကာဗွန်ဖမ်းအဆင့်မြင့် နည်းပညာက သေချာမှုရှိရဲ့လားလို့ မေးခွန်းထုတ်နေကြပါတယ် ။ လက်ရှိက လေထဲမှာရှိတဲ့ ကာဗွန်ဖမ်းယူတယ် ဆိုတဲ့နည်းပညာက သက်သေပြဖို့အတွက် အခက်အခဲရှိနေပါသေးတယ်။
ကာဗွန်ဖမ်းယူသိုလှောင် ( CCS)စီမံကိန်း ကို ၂၀၂၇ မှာစတင်လည်ပတ်မှာဖြစ်ပြီး ဗြိတိန်နဲ့ နော်ဝေတို့ ပူးတွဲ တည်ဆောက်မှာ ဖြစ်ပါတယ် ။ “အဆက်မပြတ် ပြန်လည်ပြည့်ဖြိုးမြဲ မျိုးဆက်သစ်များကို ထောက်ပံ့ပေးရန်နှင့် ထောက်ပံ့ရေးဆိုင်ရာ လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် သန့်ရှင်း၊ လိုက်လျောညီထွေရှိပြီး ထိရောက်သော ပါဝါများ ပေးအပ်ရန် ကြှနျုပျတို့၏ ပူးတွဲရည်မှန်းချက်အတွက် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပါတယ်”လို့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ် ။
             ကာဗွန်ဗမ်းစက်ရုံ ၃ လုံးက တစ်နှစ်လျှင် CO2 တန်ချိန် ၁.၅ သန်းအထိ ဖမ်းယူနိုင်မှာဖြစ်ပြီး ၎င်းက ယူကေအစိုးရ ၏ ၂၀၃၀ ရည်မှန်းချက်၏ အနည်းဆုံး ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုမှာဖြစ်ပါတယ်။ စက်ရုံတွေက လေထဲမှာရှိတဲ့ ကာဗွန်တွေကို စုပ်ယူတဲ့အပြင် စက်မှုဇုံတွေကထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ပိုက်လိုင်းတွေနဲ့ စုယူပြီး မြောက်ပင်လယ်အောက်ခြေမှာ သွားပြီးစုထားမှာဖြစ်ပါတယ်။
ေမာင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply