ကိုဗစ်-၁၉ ထက်ပိုပြီးကြောက်စရာကောင်းတာက ကမ္ဘာ့ရာသီစည်းချက်ပျက်တာလို့ဆို

ကိုဗစ်-၁၉ ထက်ပိုပြီးကြောက်စရာကောင်းတာက ကမ္ဘာ့ရာသီစည်းချက်ပျက်တာလို့ဆို

လက်ရှိ ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့မှုထက် ပိုပြီး ကြောက်စရာကောင်းတာက ကမ္ဘာ့ ရာသီစည်ချက်ပျက်ယွင်း မှုလို့ခေါ်တဲ့ ရာသီဥတုပြောင်းလဲမှုပဲဖြစ်တယ်လို့ ၂၀၂၀ နို၀င်ဘာလ ၁၇ရက်နေ့က ကမ္ဘာ့ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မတ်လအတွင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ ၁၉၆၀ ခုနှစ်နောက်ပိုင်းကနေ ဒီနေ့အထိ ရာသီဥတုဖောက်ပြန်ပြီး ဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ခဲ့တာ ရာနဲ့ချီ နေပြီလို့ သိရပါတယ်။ အဲ့ဒိဘေးအန္တရာယ်တွေကြောင့် သေဆုံးခဲ့ရသူမှာ သန်း၅၀ ကျော်သွားပြီလို့လည်း ဆိုပါတယ်။

“ ကိုဗစ်-၁၉ဖြစ်နေတယ်။ ကျနော်တို့ မျက်စေ့ရှေ့မှောက်မှာကိုဖြစ်နေတာပါ။ ကျနော်တို့ရဲ့ မိသားစုတွေ ၊မိတ်ဆွေတွေ ၊ ဆွေမျိုးတွေ ရောဂါ ကူးစက်ခံနေရပါတယ်။ ကိုဗစ်က လတ်တလောမှာ ကမ္ဘာကြီးရင်ဆိုင် နေရတဲ့ တကယ့်တကယ် ပြဿနာကြီးပါဗျာ။လူတစ်သန်းကျော်ရဲ့ အသက်တွေကို ယူဆောင်သွားပါပြီ။ ဒါပေမဲ့ ရာသီဥတုဖောက်ပြန်နေတာက ကျနော်တို့အတွက် ရေရှည်ရင်ဆိုင်ရမယ့်ပြဿနာဖြစ်နေတယ်။ ဒါက လူသားမျိုးနွယ်တွေ ရဲ့ အသက်တွေကို မျိုးသုဉ်းသွားတဲ့အထိ ယူဆောင်သွားနိုင်တဲ့ပြဿနာဖြစ်လို့ ပိုပြီးအရေးကြီးပါတယ်” လို့ ကြက်ခြေနီအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဂျာဂန်ချာပါဂိန်း ကဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးရှာဖွေနေကြလို့ မကြာခင်မှာပဲ တွေ့ရှိပြီး ရောဂါကို ကာကွယ်နိုင်တော့မှာပါ။ ဒါပေမဲ့ ရာသီဥတုဖောက်ပြန်တာကို ကာကွယ်ဖို့အတွက်ကတော့ ကာကွယ်ဆေးမရှိပါဘူးလို့ လည်း သူက ဆိုပါတယ်။

“ ကမ္ဘာ့လူသားတွေရဲ့ အသက်ကို ကာကွယ်ဖို့အတွက် ရေရှည်ခိုင်မာတဲ့ လှုတ်ရှားမှုတွေ ၊ရင်းနှီးမြုပ်နှံ မှုတွေ ပိုပြီ လိုအပ်နေပါတယ်။ ဒီဖက် ၁၀စုနှစ်တွေမှာတော့ ရာသီဥတုဖောက်ပြန်မှု ကို ကာကွယ်တဲ့လုပ်ငန်းတွေ ပိုတွေ့လာရပါတယ်။ ဒါပေမဲ့ ၂၀၁၉ တစ်နှစ်တည်းမှာပဲ ရာသီဥတုဖောက်ပြန်လို့ ဖြစ်ရတဲ့ သဘာဝဘေးအန္တရာယ်က ၃၀၈ ခုဖြစ်ပွားခဲ့တယ်။ သေဆုံးသူ ၂၄၄၀၀ ရှိခဲ့တယ်။ ၁၉၆၀ ကနေ ၁၉၉၀ အထိ ရာသီစည်းချက်ပျက်ပြီး သေဆုံးမှုနှုန်းက ၃၅% အထိ တိုးတက်လာခဲ့ပါတယ်” လို့ ၄င်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၀စုနှစ်အတွင်းက သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၄၁၀၀၀၀ ကျော်ခဲ့ပါတယ်။ အများစုက ဆင်းရဲတဲ့နိုင်ငံတွေမှာဖြစ်ပြီး သေကြေသူ အများစုမျာ အပူလှိုင်းကြောင့်နဲ့ မုန်တိုင်းတွေကြောင့် လို့ သိရပါတယ်။

နောင်လာမယ့် ၁၀စုနှစ်တွေအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံ၅၀တစ်စုစီအတွက် သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ဖို့ တစ်နှစ်ကို ကန်ဒေါ်လာ သန်း ၅၀၀၀၀ကျော် လိုအပ်နေပါတယ်။ အကြမ်းဖျင်းတွက်ချက်မှု အရ ကိုဗစ်ကို ကာကွယ်ဖို့အတွက် ကန်ဒေါ်လာ ၁၀ ထရီလီယံ သုံးလို့ရနိုင်ပေမဲ့ သဘာဝဘေးအန္တရာယ် အတွက် ဆိုရင် အဲ့ဒိပမာဏထက် အများကြီးပိုတဲ့ ရန်ပုံငွေတစ်ရပ်ကို တည်ထောင်ဖို့လိုအပ်တယ်လို့ သိရပါတယ်။

မောင်ယဿ

REF:phys .org

 

About The Author

greenness_mm

No Comments

Leave a Reply