ကီအာလီယာ ရေကန်ကြီးပန်း‌ရောင်ပြောင်းသွားတာ မိုးခေါင်ခြင်းကြောင့်လား အဖြေရှာနေရပြီ

ကီအာလီယာ ရေကန်ကြီးပန်း‌ရောင်ပြောင်းသွားတာ မိုးခေါင်ခြင်းကြောင့်လား အဖြေရှာနေရပြီ

ပစ္စိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ဟာဝိုင်ရီကျွန်းစုထဲက ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟာလီရာကာလာကျွန်းမှာ ဧက ၇၀၀ လောက်ကျယ်တဲ့ ကီအာလီယာ ရေကန်ကြီးရှိပါတယ်။ ပင်လယ်ဘေးက ရေကန်ဖြစ်လို့ ဆားငန်ရေပေါက်နေတဲ့ ရေကန်ဖြစ်ပေမဲ့ မိုးရွာတဲ့ ရာသီမှာဆိုရင် မာဝီမြစ်ထဲကရေတွေစီးဝင်လို့ ကန်ရဲ့ ၄ပုံ ၃ပုံက ရေချိုတွေဖြစ်ပါတယ်။
ဒါပေမဲ့ အောက်တိုဘာလကုန်လောက်က စပြီး အဲ့ဒိရေကန်ကြီးက တဖြည်းဖြည်း ပန်းရောင်ဖြစ်လာပါတယ်။ ခရီးသွားတွေက ကန်ဘေးပတ်လည်မှာရှိတဲ့ လမ်းပေါ်မှာ လမ်းလျှောက်နေစဉ်မှာ ရေကန်အလယ်ကနေ ပန်းရောင် ပုံစံ ဖြစ်လာပါတယ်။
ကြည့်နေရင်နဲ့ ရေကန်ကြီးက အရောင်ပြောင်းလာလို့ ရေကန်နားမှာရှိတဲ့ အမျိုးသား တောရိုင်းထိန်းသိမ်းရေးအဖွဲ့ ကို သွားရောက်ပြောပြကြပါတယ်။ တာဝန်ရှိသူတွေလာရောက် ကြည့်ရှု့ ပြီးတဲ့ နောက်မှာတော့ ရေကန်ထဲကို ရေဆင်းချိုးတာတွေ ၊ ငါးဖမ်းတာတွေ နဲ့ ရေထဲကို မဆင်းဖို့အတွက် တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။
ဟာဝိုင်ရီတက္ကသိုလ်က ရေနမူနာ လာယူပြီးနောက် ဓာတ်ခွဲစမ်းသတ်တဲ့အခါမှာတော့ ဘတ်တီးရီးယားတစ်မျိုး ကြောင့်လို့ ဆိုလာပါတယ်။ အမေရိကန် ငါးနဲ့တောရိုင်းထိန်းသိမ်းရေးဌာနအဆိုအရာ ဆားကြိုက်တဲ့ ဘတ်တီးရီးယားတွေက အရောင်ပြောင်ပြောင်လက်လက်တွေကို ထုတ်ပေးလို့ အဲ့လိုဖြစ်ရတာဆိုပြီးရှင်းပါတယ်။
လက်ရှိသုံးသပ်ထားတဲ့အဖြေအရ ကီအာလီယား ရေကန်ပန်းရောင်ပြောင်းသွားရတာက ဟေလိုဘတ်တီးရီးယား တွေကြောင့်လို့ သိရပါတယ်။ Halobacteria ဆိုတာ archaea သို့မဟုတ် ဆဲလ်တစ်ခုတည်းရှိသော သက်ရှိတစ်မျိုး ဖြစ်ပြီး ဆားဓာတ်မြင့်မားသော ရေထဲမှာ ရှင်သန်ပေါက်ပွားသော အမျိုးအစားဖြစ်သည်။ ကီအာလီယာကန်က ဟာဝိုင်ရီမှာမိုးခေါင်မှုဖြစ်နေလို့ ရေထဲမှာ ဆားဓာတ်က ပင်လယ်ရေထက် ၂ ဆ မကပိုပြီးငန်နေပါတယ်။
အနှစ်၇၀ ကျော်ကန်နားမှာ နေထိုင်တဲ့ ဒေသခံ အဖိုးတစ်ဦးရဲ့အဆိုအရ အဲ့လိုမျိုးပန်းရောင်ပြောင်းသွားတာ တစ်ခါမှာ မကြုံဖူးဘူးလို့ပြောပါတယ်။ မိုးခေါင်းတာရယ်၊ ကန်ထဲမှာဆားဓာတ်တွေမြှင့်လာတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ စပ်စုတတ်တဲ့ ခရီးသွားတွေ ကန်နားကိုလာပြီး ဓာတ်ပုံရိုက်ကာ လိုင်းပေါ်တင်နေကြပါတယ်။
အဲ့ဒိကန်မှာ လာရောက်ကျက်စားနေတဲ့ ရေကြက်တွေနဲ့ အခြားငှက်တွေ သေကြေပျက်စီးတာ မတွေ့သေးဘူးလို့ လက်ရှိ ကန်အခြေအနေကို စောင့်ကြည့်နေတဲ့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply