ကျွန်တော်တို့ ဘာကြောင့် သစ်တောတွေ ထိန်းသိမ်းနေရတာလဲ

ကျွန်တော်တို့ ဘာကြောင့် သစ်တောတွေ ထိန်းသိမ်းနေရတာလဲ

ကျွန်တော်တို့ ဘာကြောင့်သစ်တောတွေကို ထိန်းသိမ်းနေရတာလဲ ဆိုတာကိုမေးလာရင် ရှည်ရှည်ဝေးဝေးတွေ လိုက်ရှင်းပြနေရပါတယ်။ ဒီမှာတော့ တိုတိုနဲ့ လိုရင်းရောက်တဲ့အချက် ၁၄ချက်ရှိပါတယ်။ တစ်ချက်ချင်းစီမှာ လေးနက်တဲ့အဓိပ္ပါယ်တွေရှိပေမဲ့ ဖတ်လိုက်တာနဲ့ လူတိုင်း နားလည်အောင် ရှင်းပြထားပါတယ်။ကျွန်တော်တို့ သစ်တောတွေကို မထိန်းသိမ်းရင် ကျွန်တော်တို့ရှူနေတဲ့လေကို ဘယ်သူက သန့်စင်ပေးမှာလဲ။ ကာဗွန်တွေကို ဘယ်သူ သိုလှောင်ပေးမှာလဲ။ ရေတွေကိုသန့်စင်အောင် ဘယ်သူလုပ်ပေးမှာလဲ။ ကျွန်တော်တို့ဂြိုဟ်အတွက် တကယ်အလုပ်လုပ်ပေးနေတဲ့ သစ်ပင်တွေမှာ အောက်ပါဂုဏ်သတ္တိတွေရှိပါတယ်။

၁။ တောထဲမှာ စခန်းချနေလိုသူတွေအတွက် သစ်တောတွေရှိနေတာက ဘယ်လောက်ကျေနပ်စရာကောင်းလဲ။ ရေငန်သစ်တောတွေ ၊ အပူပိုင်းသစ်တောတွေ ၊ တောကောင်တွေနေတဲ့သစ်တောတွေ အစရှိသဖြင့် တောတွေက ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ ၃၀% လောက်ကျန်နေသေးတယ်။ အများစုက ရုရှား ၊ကနေဒါနဲ့ အမေရိကားက တောတွေမှာ စခန်းချနေလို့ကောင်းပါတယ်။

၂။ ကျနော်တို့ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို အောက်စီဂျင်အဖြစ် ပြောင်းပေးတာ သစ်ပင်တွေပါ။ အမေဇုံ သစ်တော တစ်ခုတည်းကတောင် လူသန်းရဝဝဝကျော် ရှူထုတ် လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ၂၀%ကျော် အောက်စီဂျင်အဖြစ်ပြောင်းလဲပေးပါတယ်။

၃။ အနှစ်၅၀ အတွင်းမှာ သစ်ပင်တစ်ပင်က လူ၄ယောက် တစ်နှစ်စာရှူလို့ရတဲ့ အောက်စီဂျင် ပေါင် ၆၀၀၀ ကို ထုတ်ပေးပါတယ်။

၄။ မြစ်တွေချောင်းတွေ ဘေးနားက သစ်ပင်တွေက သက်ရှိရေစစ်တွေပါပဲ။ ရေထဲက အညစ်အကြေးတွေကို စုတ်ယူမယ်။သိုလှောင်မယ်။ ပြီးတော့ အပင်အတွက် အာဟာရတွေအဖြစ်ပြောင်းလဲလိုက်တယ်။ ရေထဲမှာရှိတဲ့ နိုက်ထရိုဂျင် ၉၀% နဲ့ ဖော့စဖိတ်၅၀% ကိုလျှော့ချပေးလိုက်တယ်လေ။

၅။အပူပိုင်းသစ်တောတွေက ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ ၇% ရှိပါတယ်။ ကျွန်တော်တို့ဂြိုဟ်ပေါ်က သက်ရှိ ၅၀% ရဲ့ အိမ်ရာဖြစ်ပါတယ်။

၆။ ပန်းနာရင်ကျပ်လိုမျိုး ကအစ ကင်ဆာရောဂါလိုမျိုးထိအဆုံး ရောဂါတွေကို ကုသဖို့အတွက် ဒီကနေ့ ရောင်းချနေတဲ့ နာမည်ရှိပြီးသား ဆေး အမျိုး ၁၂ဝကျော်က မိုးရေခံသစ်တောတွေကနေ တိုက်ရိုက် ထုတ်ယူ နေတာပါ။

၇။အပူပိုင်းသစ်တောတွေက ကမ္ဘာ့ရာသီစည်စည်းချက်ပျက်ယွင်းနေတာကို မှန်ကန်အောင်လုပ်ဖို့အတွက် အကောင်းဆုံး သစ်တောတွေပါပဲ။ဒီနေ့အထိ အပူပိုင်သစ်တောတွေကို ပြန်လည်ပြုစုပျိုးထောင်နေတာ ၂%ပဲတတ်နိုင်သေးတယ်။ ဒါတောင် ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ၃၀% ကို သူတို့ကထိန်းထားပေးနိုင်တုန်းပါ။

၈။ကမ္ဘာ့သစ်တောတွေမှာနေတဲ့ တောတွင်းသားတွေက သန်း၅၀ ကျော်ရှိပါတယ်။ အဲ့ဒိပမာဏက တိုကျို ၊မက္ကဆီကိုစီးတီး ၊လန်ဒန် ၊နယူးယောက်စီးတီး နဲ့ ကိုင်ရိုမြို့ တို့ပေါင်းတဲ့ လူဦးရေထက်များပါတယ်။

၉။ တောတွင်းသားတွေ စောင့်ရှောက်ထားတဲ့ သစ်တောတွေက တစ်နှစ်ကို ကာဗွန် မက်ထရစ် တန်ချိန် ၅၅ ထရီလီယံကို သိုလှောင်နေပါတယ်။ လူသားသန်းရဝဝဝကျော် တစ်နှစ်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏထက် အဆ၁၂၀၀ ကျော်ရှိပါတယ်။

၁၀။တောတွင်းသားတွေနေထိုင်တဲ့ သစ်တောတွေက ပုံမှန်သစ်တောတွေထက် သစ်တောပျက်စီးမှု ၃ဆလောက်သက်သာပါတယ်။

၁၁။ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ ဝင်ငွေရ အိမ်တွင်းမှု လုပ်ငန်း ၂၀% ကျော်က သစ်တောတွေက ရနေတာပါ။

၁၂။ ကျေးလပ်နေ လူသန်း၁ဝဝဝကျော်က သစ်တောတွေကို မှီခိုနေရပါတယ်။ ဆင်းရဲသား ၉၀% က သူတို့ရဲ့အသက်မွေးမှုကို သစ်တောတွေကို အသည်းအသန်မှီခိုနေရပါတယ်။

၁၃။သစ်ပင်တွေနဲ့အပင်တွေက သူတို့ရဲ့မျိုးစေ့တွေကို တောနေသတ္တဝါတွေကဖြန့်ပေးနေရတာပါ။ တောကောင်တွေကို လူတွေက သတ်ဖြတ်စားသောက်နေတော့ ကမ္ဘာ့သစ်တောတစ်ဝက်လောက် မဖြန့်ကျတ်နိုင်တာက တောကောင်တွေရှားပါးလာလို့ပါ။

၁၄။မိုးရေခံတောတွေက အပင်ကြီး တစ်ဧက က စိုက်ပျိုးအပင်ပေါက်တွေ ၅ ဧကထက်ပိုပြီး ကာဗွန်စုတ်နိုင်စွမ်းရှိပါတယ်။ လေ့လာမှု တစ်ရပ်က မိုးရေခံတောအတွင်းက အပင်ကြီး တစ်ဧက က တစ်နှစ်ကို ကာဗွန် ၃၄တန်စုတ်ယူနိုင်ပါတယ်။ အဲ့ဒါက စိုက်ပျိုးမြေက အပင်တွေ အနှစ်၂၀ လောက်စုတ်ယူတဲ့ပမာဏနဲ့ တူပါတယ်။

၁၅။ နော်ဝေနိုင်ငံကတောကောင်နေတဲ့သစ်တောတွေကို လုံးဝခုတ်ယူခြင်းမပြုရဆိုတဲ့ ဥပဒေကို ကမ္ဘာ့ ပထမဆုံးထုတ်ပြန်နိုင်ခဲ့ပါတယ်။ အပူပိုင်းသစ်တောတွေကတော့ ကံမကောင်းသေးပါဘူး။ လက်ရှိသစ်တော ပျက်စီးမှုနှုန်း အရဆိုရင် လာမယ့်နှစ်၁၀၀ အတွင်းမှာ မိုးရေခံတောတွေ အကုန်ကုန်သွားပါလိမ့်မယ်။

မောင်ယဿ
REF:conservation . 0rg

About The Author

greenness_mm

No Comments

Leave a Reply