ကျွန်မတို့ အားလုံး မသိလိုက်ဘဲ ပလတ်စတစ်တွေ စားနေကြတယ်

ကျွန်မတို့ အားလုံး မသိလိုက်ဘဲ ပလတ်စတစ်တွေ စားနေကြတယ်

ကျွန်မတို့ အားလုံး လူ့သက်တမ်းတွေ တဖြည်းဖြည်းတိုတောင်းလာကြတယ် ။ရောဂါအဆန်းအပြားတွေ ပေါလာတယ် ။နာတာရှည်ရောဂါတွေ ခံစားလာရတယ် ။ဆေးရုံဆေးခန်းတွေ ဟာ စည်ကားလာတယ် ။ကျွန်မတို့ဝင်ငွေရဲ့ တစ်ဝက်နီးပါးဟာ ကျန်းမာရေးအတွက် အသုံးပြုနေရတယ် ဆိုတာကိုတော့ အားလုံးသတိထားမိမယ်ထင်ပါတယ် ။ အဲ့လိုဖြစ်စေတဲ့ တစ်ချို့သော အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ် ။

ကျွန်မတို့အားလုံးနေ့စဉ်တိုင်းမှာ ဘာပဲဝယ်ဝယ် ဘာပဲစားစား ပလတ်စတစ်ကို အသုံးပြုကြပါတယ် ။ရေသောက်လည်း တစ်ခါသုံးရေသန့်ဘူးမှသောက်ကြပါတယ် ။ ကျွန်မတို့မြန်မာနိုင်ငံမှာ တစ်ခါသုံးပလတ်စတစ်ကို သုံးစွဲလာတာနှစ်ပေါင်း၃၀ကျော်လာခဲ့တာကြောင့် ပလတ်စတစ်ပေါ်မှာ မှိီခိုမှုနှုန်း များလာပါတယ်။ ဒါ့အပြင့် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် အမှိုက်ကိုအမှိုက်ပုံးထဲ ပစ်တတ်အောင် ဘာကြောင့် အမှိုက်ပုံးထဲ ပစ်ရသလဲ ဆိုတဲ့ အကြောင်းပြချက်ကို ငယ်စဉ်ကတည်းကမသင်ရခဲ့တာကြောင့် စည်းမဲ့ ကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းတွေများလာပါတယ် ။ အဲ့တာရဲ့ အကျိုးဆက်ကတော့ အားလုံးသိကြတဲ့ အတိုင်း ရေကြီး ရေလျှံမှူတွေပါ။သို့သော် ကျွန်မတို့ မထင်မိလိုက်တဲ့ နောက်ဆက်တွဲတစ်ခုက ကျွန်မတို့ မြောင်းထဲကို စည်းမဲ့ကမ်းမဲ့ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေဟာ ချောင်းထဲ မြစ်ထဲက မှတစ်ဆင့် ရေစီးကြောင်းအလိုက် ပင်လယ်နဲ့ သမုဒ္ဒရာမှာအဆုံးသတ်ပါတယ်။

ပလတ်စတစ်တွေက ပင်လယ်ထဲ ရောက်တဲ့အခါ ပင်လယ်ရဲ့ အငန်ဓာတ် လှိုင်းရဲ့ pressure ရိုက်ခတ်မှု နေရောင်ခြည်ရဲ့ ပြင်းပြတဲ့ အပူဒဏ်ကြောင့် ပလတ်စတစ်မြူမှုန်အဖြစ်ပြိုကွဲသွားပါတယ် ။ အဲ့ဒီ ပြို ကွဲသွားတာကို ရေနေသတ္တဝါလေးတွေက အစာထင်ပြီးစားကြပါတယ် ။ ဟုတ်ပါတယ် ထိုငါးတွေ ပင်လယ်စာတွေကို ကျွန်မတို့ လူသားတွေပဲပြန်စားကြတာပါ။အဲ့တာကြောင့် ကျွန်မတို့ ရဲ့ အစာကွင်းဆက်ထဲ ကို ပလတ်စတစ်တွေက သွယ်ဝိုက်တဲ့ နည်းနဲ့ ပြန်ရောက်လာတာပါ။မိတ်ဆွေတို့ ပင်လယ်ကမ်းခြေကို အလည်တစ်ခေါက်ရောက်ခဲ့ လျှင် သောင်ပြင်အပေါ်လမ်းလျှောက်တဲ့ အခါ ရောင်စုံအမှူန်လေးတွေကိုသတိထားပြီးကြည့်ကြည့်ပေးပါ။

အဲ့ဒီပလတ်စတစ် တွေ ကျွန်မတို့ စားမိတော့ ဘာဖြစ်လဲ ဆိုတာကို ဆက်ဖတ်ပေးပါနော်😀

Micro plastic တွေကျွန်မတို့ ခန္ဓာကိုယ်ထဲရောက်တဲ့ အခါ ကျွန်မတို့ ရဲ့ ဇီဝဖြစ်စဉ်တွေ ဟော်မုန်းတွေကိုပြောင်းလဲစေတာကြောင့်
၁။အမျိုးသမီးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဓမ္မတာလာတာ စောလာတယ် ဆိုတဲ့အပျိုဖော်ဝင်တာစောခြင်း
၂။ reproductive system ထိခိုက်ခြင်းဆိုတဲ့ မျိုးဆက်ပြန့်ပွါးရေးမှာ ကိုယ်ဝန်မရနိုင်တာတွေ ကလေးမရနိုင်တာတွေဖြစ်ပေါ်ခြင်း
၃။ကျောက်ကပ်ရောဂါ
၄။ ဆီးချို
၅။ကင်ဆာရောဂါနဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပေါ်စေပါတယ် ။
လက်ရှိလည်းခံစားနေရပါတယ်။

ကင်ဆာရောဂါကြောင့် နှစ်စဉ် မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၅သောင်းကျော် သေဆုံးနေပါတယ်။
ဒါတွေက ကျွန်မတို့ လူမှာပဲလားဆိုတော့ မဟုတ်ပါဘူး။ ရေနေသတ္တဝါလေးတွေမှာပါ ခံစားရတာပါ ဒါကြောင့် ငါးမျိုးပွါးမှုနှုန်းတွေကျဆင်းလာပြီး ငါးမျိုးစိတ်တွေရှားပါလာတာပါ။ ကျွန်မတို့တွေဟာ microplastic ကို တပတ်ကို အမှုန်ပေါင်း ၇၀၀၀၀ခန့် ATM တစ်ကဒ်စာ စားသုံးပါတယ် ။တစ်ခါသုံးရေသန့်ဘူးတွေကို သောက်သုံးနေသူ သို့မဟုတ်ထပ်ခါထပ်ခါ သုံးနေသူတွေကတော့ ရေမှတစ်ဆင့် တနှစ်ကို micro plastics ၁၃၀၀၀၀(၁သိန်း ၃သောင်းခန့်)သောက်သုံးနေပါတယ်။
ဒီအတိုင်းသာဆက်ပြီး ကျွန်မတို့ မဆင်မခြင်စွန့်ပစ်နေမယ် ဆိုရင် နောက်လာမဲ့ ၂၉ နှစ် (၂၀၅၀)မှာ ကျွန်မတို့ရဲ့ ပင်လယ်ကြီးဟာ ငါးတွေနဲ့ ပြည့်နေမဲ့အစား ပလတ်စတစ်အမှိူက်တွေနဲ့ ပဲပြည့်နေမှာဖြစ်ပါတယ်။

ဒါကြောင့် ပလတ်စတစ်တွေကို အမှိုက်ပုံးထဲသေချာစွန့်ပစ်ပေးပါ ၊လျှော့သုံးပေးပါ။

#plasticsreduction
#beatllasticpollution
#stoplittering

#Green 4 U by TS

About The Author

greenness_mm

No Comments

Leave a Reply