ချမ်ဘိုရာဇို မီးတောင်ပေါ်မှ ဆီးနှင်းရေခဲတုံးများ ပြိုကျမှုကြောင့် ၄ ဦးသေဆုံး

ချမ်ဘိုရာဇို မီးတောင်ပေါ်မှ ဆီးနှင်းရေခဲတုံးများ ပြိုကျမှုကြောင့် ၄ ဦးသေဆုံး

အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင်တည်ရှိသည့် ချမ်ဘိုရာဇို (Chimborazo) မီးတောင်ပေါ်မှ ဆီးနှင်းရေခဲတုံးများ ပြိုကျလိမ့်ဆင်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၄ (စနေနေ့) က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆,၁၀၀ မီတာကျော်ရှိသော ချမ်ဘိုရာဇို မီးတောင်အား တက်ရောက်နေသည့် လူ ၁၂ ဦးပါသော တောင်တက်အဖွဲ့တစ်ခုသည် ဆီးနှင်းရေခဲတုံးများ ပြိုကျလာမှုနှင့်ကြုံတွေ့ခဲ့ရသည်ဟု အီကွေဒေါ ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး တောင်တက်သမားများမှာ မည်သည့်နိုင်ငံသားများ ဖြစ်သည်ကို မသိရသေးဟု ဆိုသည်။
ချမ်ဘိုရာဇို မီးတောင်သည် အီကွေဒေါနိုင်ငံတွင် အမြင့်ဆုံးတောင်များထဲမှ တစ်လုံးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆,၂၆၃ မီတာ အမြင့်ရှိသည်။ ယင်းတောင်ထိပ်သည် ဆီးနှင်းများဖြင့်ဖုံးလွှမ်းနေရာ ပြည်တွင်းပြည်ပ ခရီးသြားများအား အထူးစွဲဆောင်ထားသည့် ခရီးသွားနေရာတစ်ခုဖြစ်သည်။
Ref:internet news

About The Author

greenness_mm

No Comments

Leave a Reply