ဂါဇာကမ်းမြှောင်နားက အစ္စရေးလယ်သမားတွေ ရေရှည်မှာ တိုင်ပတ်သွားနိုင်ဖွယ်ရာရှိနေ

ဂါဇာကမ်းမြှောင်နားက အစ္စရေးလယ်သမားတွေ ရေရှည်မှာ တိုင်ပတ်သွားနိုင်ဖွယ်ရာရှိနေ

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး -ဟားမတ်စစ်ကြောင့် ဂါဇာကမ်းမြှောင်နားက အစ္စရေးလယ်သမားတွေအတွက် ရေရှည်မှာ တိုင်းပတ်သွားနိုင်ပါတယ်။ စစ်ပွဲကြောင့်ဖြစ်တဲ့ စိုက်ခင်းတွေပျက်စီးမှုကို ပြန်ပြီးတော့ ပြင်လို့ရပေမဲ့ နိုင်ငံခြားသားအလုပ်သမားတွေပေါ်မှီခိုနေရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက အခုလိုမျိုး စစ်တွေဆက်ဖြစ်နေမယ် ဆိုရင် သူတို့တွေ အလုပ်လာလုပ်ဖို့အတွက် အခက်အခဲရှိလာလို့ လုပ်သားအင်အားရှားပါးလာပြီး စိုက်ပျိုးရေး လုပ်ငန်းတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ် ဆိုပြီး ကျွမ်းကျင်ပညာရှင်တွေကသုံးသပ်နေကြပါတယ်။
အစ္စရေးနဲ့ ဂါဇာဒေသ နယ်နမိတ်နားမှာရှိတဲ့ Kibbutz ဒေသက ကြက်ခြံတစ်ခြံ မနေ့က ဒုံးကျည်တစ်လုံး ထိမှန်သွားခဲ့ပါတယ်။ သေနေတဲ့ ကြက်တွေက ပလဲနေပြီး အဲ့ဒိကြက်တွေကို အခြားငှက်တွေက လာစားနေ ကြပါတယ်။ နောက်ပြီးလွတ်သွားတဲ့ကြက်တွေကိုလည်း အလုပ်သမားတွေက ကြောက်ကြောက်လန့်လန့်နဲ့ လိုက်ဖမ်းနေခဲ့ရပါတယ်။
ဒီကနေ့ထုတ် Times of Israel သတင်းဌာနက သတင်းထောက်တစ်ယောက်က အဲ့ဒိမြင်ကွင်းကို ဓာတ်ပုံရိုက်ယူခဲ့ပြီး သတင်းစာထဲမှာ တစ်ချီန်က သာယာဝပြောခဲ့တဲ့ ဂါဇာနယ်စပ်ဒေသတစ်လျှောက်က စိုက်ပျိုး မွေးမြူရေး အသိုင်းအဝိုင်ကြီးက အခုတော့ ကျီးလန့်စာ စားနေရသလိုဖြစ်နေတယ်လို့ ရေးသားခဲ့ပါတယ်။ ၎င်းတို့ရဲ့ စေ့စေ့စပ်စပ် စိုက်ပျိုးထားတဲ့ လယ်ကွင်းတွေနဲ့ ခေတ်မီအဆောက်အဦများက ဂါဇာရှိ ဟားမတ်စ်နှင့် အစ္စရေးတို့ကြား စစ်ပွဲကြောင့် အဖြူအမဲ ရုပ်ရှင်ကားထဲက ကျက်တီးကုန်း ပုံစံမျိုး အဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ။
အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်တွေက အစ္စရေးကိုကျူးကျော်ပြီး နယ်စပ်ဒေသမှာ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သလို ရာနဲ့ချီတဲ့ဓားစာခံတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အစ္စရေးရဲ့ အဓိက စိုက်ပျိုးရေး နယ်ပယ်တစ်ခုကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပြီး ဒေသတွင်း စားနတ်ရိက္ခာလုံခြုံရေးကိုလည်း ထိခိုက်သွားစေခဲ့ပါတယ်။
အစ္စရေးလယ်သမားများအသင်း၏ အထွေထွေအတွင်းရေးမှူး Uri Dorman က “ အစ္စရေးပြည်တွင်း၌ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်အားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်သည် ဂါဇာနယ်စပ်ဒေသမှဖြစ်ပြီး စုစုပေါင်း ထွက်ကုန်တွေထဲက အသီးအနှံ ၂၀ ရာခိုင်နှုန်းနှင့် နို့ ၆ ရာခိုင်နှုန်းခန့်ရှိပါတယ်” လို့ပြောသွားပါတယ်။ ဂါဇာစာအိတ် လို့ လူသိများတဲ့ အဲ့ဒိဒေသထွက်အသီးအနှံတွေထဲမှာ အာလူး အလုံးကြီးတွေက နာမည်ကြီးပါတယ်။ မကြာသေးမီနှစ်များအတွင်းက အဲ့ဒါတွေကို နယ်သာလန်နှင့် ဘယ်လ်ဂျီယံသို့ တင်ပို့နိုင်ခဲ့ပြီး အခြားသီးနှံအမျိုးအစားများစွာကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။
ရေမသွင်းနိုင်တာရယ် ပိုးမွှားထိန်းချုပ်မှုမရှိနိုင်တော့တာရယ်ကြောင့် ဂါဇာစာအိတ်ရဲ့ အာလူးခင်းများက တစ်ရက် တစ်ရက် မျက်စေ့ရှေ့မှာပဲ ညှိုးနွမ်းသွားကြပါတယ်။
“ပျက်စီးဆုံးရှုံးမှုတွေက သိသိသာသာကြီး ဖြစ်ပေမယ့် စိုက်ပျိုးရေး ပြန်လည်ထူထောင်ရေးလုပ်ဖို့ က ပြဿနာမရှိပပါဘူး။ မြန်ဆန်ပါတယ်” လို့ ဂိုလန်ကုန်းမြင့်ပြင်တွင် ၁၉၈၁ ခုနှစ်ကတည်းက ပန်းသီးနှင့် သစ်တော်သီးများကို စိုက်ပျိုးခဲ့သူ Dorman က ပြောပါတယ်။
“ ပြဿနာက ထိုင်းအလုပ်သမားတွေ အသတ်ခံရတယ် ၊ ပြန်ပြေးဆွဲခံရတယ်။ နိုင်ငံခြားသားအလုပ်သမားတွေ အတွက်က အများကြီး အန္တရာယ်ရှိနေတာပဲ ။ အဲ့ဒါက ရေရှည်မှာ အစ္စရေး စိုက်ပျိုးရေး လုပ်ငန်းကို အကြီးအကျယ်ထိခိုက်လာနိုင်စေတာပါပဲ ။ အခုရိပ်သိမ်းချိန်နီးနေပြီ ။ အဲ့ဒိသီးနှံတွေကိုစွန့်လွှတ်ရတော့မယ်” လို့ ၎င်းက ပြောပါတယ်။
ဂါဇာဒေသရဲ့အစ္စရေးဖက်အခြမ်းက စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၅၀၀၀ ကျော်ရှိပါတယ် ။ အများစုက ထိုင်းတွေပါ။ အခုတော့ အလုပ်သမားတွေက ကိုယ့်တိုင်းပြည် ကိုယ်ပြန်ချင် နေကြပါပြီ ။
မောင်ယဿ
REF: Time of isreal

About The Author

greenness_mm

No Comments

Leave a Reply