ဂျာမန်လယ်သမားတစ်ဦးက ဆိုလာနဲ့စိုက်ခင်း ၂ခုတွဲသုံးနိုင်ဖို့ လုပ်ကိုင်

ဂျာမန်လယ်သမားတစ်ဦးက ဆိုလာနဲ့စိုက်ခင်း ၂ခုတွဲသုံးနိုင်ဖို့ လုပ်ကိုင်

ကမ္ဘာကြီးက ပူနွေးလာတယ် ၊ ရာသီဥတုက နွေရာသီရောက်ရင် ပိုပိုပြီး ပူလာတဲ့အတွက် ဘလူးဘယ်ရီ တို့ ၊ ရက်စ်ဘယ်ရီတို့ လို အရည်ရွမ်းတဲ့အသီးတွေ ကို စိုက်ပျိုး ဖို့အတွက် အခက်အခဲ ဖြစ်လာတယ် ၊ ရာသီဥတု ပူတော့ အရည်ရွမ်းတဲ့ အသီးတွေကို ထုတ်ပေးတဲ့ အပင်ငယ်တွေက ရေငွေ့ပျံမှုများသွားလို့ အသီး ကောင်းကောင်း မတင်တာရယ် ၊ တင်တော့လည်း ဈေးကွက် မဝင်တာတွေ ဖြစ်လာပါတယ်။

ဂျာမန်လယ်မားတ်ဦးဖြစ်တဲ့ ကာသရက် က ဆိုလာစနစ်နဲ့ ဘယ်ရီ စိုက်ခင်းတွေ တွဲလို့ ရအောင် စမ်းသက် ခဲ့ပါတယ်။

ဘယ်ရီစိုက်ခင်းတွေကို ထားမယ့် အိမ်အမိုးကို ဆိုလာပြား အကြည် ကို တပ်ပြီး စိုက်ခင်းလည်း နေရောင်ရ လျှပ်စစ်လည်း ထုတ်လို့ ရတဲ့ စနစ်ကို ဖန်တီးလိုက်တာပါ။ အမိုးကို ဆိုလာပြားတွေ တပ်ထားတော့ ဘယ်ရီပင်တွေက ရေငွေ့ပျံမှု နည်းသွားပြီး အသီးထွက်နှုန်းတိုး လာသလို ဆိုလာပြာတွေကနေ ကီလိုဝပ် ၆ သိန်းကျော်ထွက် လို့ အိမ်ထောင် ၁၆၀ ကိုမီးပေးလိုက်နိုင်ပါတယ်။

အခုကျနော်တို့ အစိမ်းရောင်လျှပ်စစ်စွမ်းအားထုတ်တဲ့ လုပ်ငန်းကို လုပ်နိုင်ပါပြီ ၊ စိုက်ခင်းတွေ မှာ ဆိုလာစနစ်တွေနဲ့ တပ်ဆင်လိုက်ပြီး ဆိုရင် လျှပ်စစ်မီးလည်းရ စိုက်ပျိုး သီးနှံလည်း ရလို့ ၂ကျပ်ကွက် နင်းလို့ ရပါပြီ ၊ ပျော့တဲ့ အသီးတွေပေါ့ဗျာ ၊ ပန်းသီး ၊ အာလူး ၊ ချယ်ရီ ၊ ခရမ်းချဉ်သီး နဲ့ သခွားသီး စိုက်ခင်းတွေ မှာ သုံးလို့ ရပါတယ်။ အဓိကကတော့ လုပ်ချင်စိတ်ပါပဲဗျာ လို့ ဂျာမဏီလယ်သမားကြီး က ဆိုလိုက်ပါတယ်။

အဲ့ဒိစနစ်က ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံ အချို့မှာ လုပ်နေပါပြီ။ ၈ စတုရန်းမိုင် ဆိုလျှင် မဂ္ဂဝပ် ၁၀၀၀ အထိထုတ်နိုင်တယ်လို့ သိရပါတယ်။

မောင်ယဿ
REF : green citizen
Photo : today online

About The Author

greenness_mm

No Comments

Leave a Reply