စကော်တလန်မှာ သစ်တောတွေပြန်လည်ဖြစ်ထွန်းဖို့ နှစ်၃၀ စီမံကိန်းနဲ့ ပြန်စနေ

စကော်တလန်မှာ သစ်တောတွေပြန်လည်ဖြစ်ထွန်းဖို့ နှစ်၃၀ စီမံကိန်းနဲ့ ပြန်စနေ

စကော်တလန် အစိုးရ က အက်ဖရစ်ဟိုက်လန်း လို့ခေါ်တဲ့ နေရာမှာ သစ်တောပြုန်းတီးမှု ဖြစ်သွားလို့ အဲ့ဒိ ဒေသက ဧက၅သိန်းကို နှစ်၃၀ စီမံကိန်းနဲ့သစ်တောတွေဖြစ်အောင်လို့ ပြန်လည်လုပ်ကိုင်နေပါတယ်။
အဲ့ဒိ အစီအစဉ်အရဆိုရင် စကော်တလန်ပြန်လည်ပေါင်းစည်းရေး မဟာမိတ်အဖွဲ့ က အစီအစဉ် အကောင် အထည် ပေါ်လာပြီ ဆိုရင် စကော်တလန်က ကမ္ဘာပထမဦးဆုံး တောရိုင်းသဘာ၀ ပြန်လည် တည်ထောင်တဲ့ နိုင်ငံဖြစ်သွားမှာပါ။
အက်ဖရစ်ဟိုက်လန် က စကော်တလန်မှာ ထင်ရှားတဲ့ နယ်မြေတစ်ခုဖြစ်ပြီး စိတ်လှုတ်ရှားစရာကောင်းတဲ့ သဘာဝရှု့ခင်းတွေ ပြည့်နှပ်နေပါတယ်။ ဇီဝမျိုးကွဲတွေလည်း အတော်ကိုရှိပါတယ်။ သစ်ပင်တွေကိုပြန်လည် စိုက်ပျိုးပြီး ထိန်းသိမ်းဖို့အတွက် စေတနာ့ဝန်ထမ်းတွေနဲ့ သူတို့ ရဲ့ ပါတနာတွေ ပေါင်းပြီး လုပ်ကြမှာပါ။
ဧက ၅သိန်းကို နေရာ ၉နေရာ ခွဲပြီး လုပ်ကြမှာပါ ၊ အဲ့ဒိက မြေတွေကို မြေပိုင်ရှင်တွေက ၂၅% စိုက်ထုတ် ကျခံမှာ ဖြစ်ပြီး အဖွဲ့အစည်း ၆ဖွဲ့ ကတာဝန်ယူလုပ်ကိုင်မှာပါ။ ၂၀၂၃ မှာ ဧက ၁၀၀၀၀ စိုက်မှာဖြစ်ပြီး စိုက်ပျိုးပြီး မြေကို ထိန်းသိမ်းရေး အဖွဲ့တွေက နောက်ကနေ လိုက်ပြီး ကူညီမှာပါ။ အဲ့ဒိဧက ၁သောင်းက ကိုယ်ပိုင်မြေတွေဖြစ်ပါတယ်။
စေတနာ့ဝန်ထမ်းတွေ ပိုမိုပါဝင်လာအောင် စည်းရုံးရေး အဖွဲ့ က လုပ်ဆောင်ပြီး ကမ္ဘာ့ပထမဆုံး သစ်တောပြန်ည်တည်ထောင်ရေး စင်တာကိုဖွင့်ပြီး လုပ်ကိုင်ကြမှာဖြစ်ပါတယ်။ အလုပ်တွေကတော့ အခုကတည်းက စတင်လုပ်နှင့်နေပါပြီ ၊
စကော်တလန်က သစ်တောမြေ အလိုအလျောက်ဆုံးရှုံးမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အပင်ရော အကောင်ရော ၂မျိုးစလုံးရဲ့ မျိုးစိတ်တွေ မျိုးပြားတွေ ဆုံးရှုံးမှုဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ အချို့ဆိုရင် မျိုးတုံးတဲ့ အနေအထားအထိဖြစ်နေပါပြီ။
သစ်တောပြန်လည်းပျိုးထောင်ခြင်းက လတ်တလောရှိနေတဲ့ တောရိုင်း မျိုးစိတ်တွေ လျော့ပါးလာခြင်းကနေ ကာကွယ်ထားပြီးသား ဖြစ်သလို ရာသီပြောင်းလဲလာမှုကိုလည်း ကာကွယ်တဲ့ သဘောသက်ရောက်နေပါတယ်။ ပြီးတော့ ကုန်ကြမ်းပေါများလာလို့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပြုပါတယ်။
မောင်ယဿ
REF; greencitizen
Photo : macs adventure
May be an image of nature and lake
640
People Reached
59
Engagements

-2.8x Lower

Distribution Score
Boost Post
27
5 Shares
Like

Comment
Share

About The Author

greenness_mm

No Comments

Leave a Reply