စက်ဘီးမြို့တော်ဖြစ်အောင် ယူရိုသန်း၂၅၀ကို ပါရီ ရင်းနှီးမြှုပ်နှံ

စက်ဘီးမြို့တော်ဖြစ်အောင် ယူရိုသန်း၂၅၀ကို ပါရီ ရင်းနှီးမြှုပ်နှံ

ဥရောပမှာ စက်ဘီးအများဆုံးမြို့ဖြစ်ချင်တဲ့ ပြင်သစ်နိုင်ငံမြို့တော် ပါရီက ၂၀၂၆မှာစက်ဘီးမြို့တော ်ဖြစ်ဖို့အတွက် ရင်းနှီးမြှုပ်နှုံမှုတွေ လုပ်နေပါတယ်။ ပြင်သစ်မြို့တော်က စက်ဘီးမြို့တော်ဖြစ်လာအောင် အခြေခံအဆောက်အအုံတွေနဲ့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေအတွက် လာမယ့်၄နှစ်အတွင်း အပြီးလုပ်နိုင်အောင် ယူရိုသန်း၂၅၀ကို သုံးစွဲလိုက်ပါတယ်။ စက်ဘီးထားစရာနေရာ တောင်နဲ့ချီပြီးဖန်တီးလိုက်ပါတယ်။ ပြီးတော့ စက်ဘီးစီးလမ်းတွေကိုလည်း ဘေးကင်းလုံခြုံအောင်ဖန်တီးနေပါတယ်။ အဲ့ဒီစီမံကိန်းကို ( Plan velo: act 2 ) လို့ခေါ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ပါရီက ဘေးကင်းလုံခြုံတဲ့စက်ဘီးလမ်း ကီလို၁ထောင်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကပ်ရောဂါကာလအတွင်းမှာ ၅၂ကီလိုစလုပ်နိုင်ခဲ့တယ်။ အဲ့ဒိလမ်းရဲ့နောက်ဆက်တွဲအဖြစ် ကီလို၁၀၀၀ကိုဆက်လုပ်နိုင်ခဲ့တာပါ။ စက်ဘီးလမ်းတွေ တိုးလုပ်ပြီး ပြည်သူတွေကို စက်ဘီးစီးဖို့ လှုံဆော်တိုက်တွန်းနိုင်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ဗျာ ပါရီမြို့ကို ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ထိစက်ဘီးကိုဘေးကင်းစွာ စီးလို့ရအောင် အကောင်အထည်ဖော်လိုက်တာပါ လို့ပါရီမြို့တော်ဝန်ကဆိုတယ်။
ပါရီမြို့တော် အရာရှိတွေကလည်း စက်ဘီးကို အလွယ်တကူစီးလို့ရအောင် လမ်းကြောင်းတွေကို အလွယ်တကူကြည့်လို့ရအောင် စီစဉ်ပေးထားပါတယ်။ အခုဆိုရင် ပါရီမြို့အပြင် မြို့စွန်တွေမှာပါ စက်ဘီးစီးလမ်းတွေကို ဖောက်လုပ်နေပါတယ်။
စက်ဘီးရဲ့အဓိကပြဿနာက ယာဉ်ကြောရှုပ်တဲ့လမ်းတွေဖြတ်ကူးတဲ့အခါမှာ အန္တရာယ်ဖြစ်နိုင်တာပါပဲ။ ဒါကြောင့် စက်ဘီးနဲ့ လူကူးဖို့အတွက် မီးပွိုင့်စနစ်တွေကို ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ၂၀၂၀ကစပြီးတိုးတက် လာတဲ့စက်ဘီးခိုးမှု ၇%ကို အကာအကွယ်ပေးနိုင်အောင် မြို့တော်ရဲတွေကြိုးစားနေပါတယ်။
စက်ဘီးမစီးချင်တဲ့သူ ၈၀%က စက်ဘီးအခိုးခံရမှာကြောက်တာနဲ့ လမ်းဆုံတွေမှာ အန္တရာယ်ဖြစ်မှာကြောက်နေကြတာပါ။ ဒါကြောင့် မြို့တော်ဝန်က လူစီးဘီးတွေထားဖို့ နေရာ၁သောင်းနဲ့ ကုန်တင်ဘီးတွေထားဖို့ နေရာ၁ထောင်ကျော်ကို ဖန်တီးပေးခဲ့ပါတယ်။
ရင်ငြိမ်းနွေ
Ref :euro news
Photo : euro news

About The Author

greenness_mm

No Comments

Leave a Reply