စနေနေ့က အီရန်နိုင်ငံတောင်ပိုင်းမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် လူ၆ ဦးထက်မနည်း သေဆုံး

စနေနေ့က အီရန်နိုင်ငံတောင်ပိုင်းမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် လူ၆ ဦးထက်မနည်း သေဆုံး

အီရန် အစိုးရသတင်းဌာနအဆိုအရ ပြီးခဲ့တဲ့ စနေနေ့က တိုင်းပြည်တောင်ပိုင်းမှာ လှုတ်သွားတဲ့ ၆ ရက်ချက်စတာ စကေးရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး လူ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဟော်မောဇ်ဂန်ပြည်နယ် မှာ ငလျင် ၃ ခုက ဆက်တိုက်ဆိုသလိုလှုတ်ခဲ့ပါတယ်။ ဆာရက်ကိုရှာ ရွာက တစ်ရွာလုံး နီးပါးပျက်စီးခဲ့ပြီး လူ ၅၀လောက်အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်ငလျင်ဌာနရဲ့ တိုင်းတာချက်အရ ဒေသစံတော်ချိန် မနက်၂နာရီလောက်မှာ ၆ရစ်ချက်စတာစကေး အဆင့်ရှိတဲ့ ပထမငလျင် က မြေအောက် အနက် ၁၆ ကီလိုမီတာမှာ စ လှုတ်ခဲ့ပါတယ်။

အဲ့ဒိနောက် မြေအောက်အနက် ၁၀ ကီလိုမီတာအကွာမှာ နောက်ထပ် ငလျင် ၂ခု ဆက်တိုက်ဆိုသလိုဆက်လှုတ်ခဲ့ပါတယ်။ ရုပ်သံမြင်ကွင်းများအရ အဆောက်အအုံတော်တော်များများ ပြိုလဲပျက်စီးသွားတာကိုတွေ့ ရပါတယ်။ လျှပ်စစ်မီးပျက်တောက်မှုဖြစ်သွားလုံး အဲ့ဒိဒေသတစ်ခုလုံး မဲမှောင်သွားခဲ့ပါတယ်။

လူ၅သိန်းလောက်က မီးစက်တွေ မောင်းဖို့အတွက် ဆီဆိုင်မှာ တန်စီးပြီး စောင့်ဆိုင်းနေခဲ့ရတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒိဒေသက အနည်းဆုံးရွာ ၃၀ လောက် မီးပျက်တောက်ခဲ့ပါတယ်။ အစိုးရ ရုပ်သံကတော့ အခုဆိုရင် အဲ့ဒိဒေသမှာ ရွာအားလုံး နီးပါး လျှပ်စစ်မီးပြန်ရအောင် လုပ်ပေးနိုင်ပြီလို ဆိုပါတယ်။ အီရန်မှာ ၂၀၀၃ ခုနှစ်က လှုတ်ခဲ့တဲ့ ငလျင်က လူ ၃သောင်းကျော်သေဆုံးခဲ့ပြီး ၁၉၉၀ တုန်းကလှုတ်ခဲ့တဲ့ ၇.၃ အဆင့်ရှိတဲ့ ငလျင်က အဆိုးဝါးဆုံး ဖြစ်ပါတယ်။ လူ ၄သောင်းကျော် သေဆုံးခဲ့ပါတယ်။

 

မောင်ယဿ ( ဇူလိုင် ၁၄ )

REF: euronews

About The Author

greenness_mm

No Comments

Leave a Reply