စားရဲရင်စားကြ ၊ အင်းဆက်တွေက အသားတွေထက်ပို အားရှိတယ်

စားရဲရင်စားကြ ၊ အင်းဆက်တွေက အသားတွေထက်ပို အားရှိတယ်

ပုရစ်ကိုကြိုက်လား ။ အဲ့လိုမေးရင်ကိုယ့်ကို လူထူးလူဆန်းလို ကြည့်ကြမယ်။ အဲ့တာထက်ပိုဆိုးတာက အင်းဆက်တွေ ကို စားရတာကြိုက်လားလို့ မေးရင် ပိုပြီး အံ့အားတကြီးနဲ့ ကြည့်ဦးမယ်။ ဒါပေမဲ့ ဒေါက်တာချက်တဂျီကတော့ လူတွေစားတဲ့ အစားအစာထဲကို အင်ဆက်တွေ ပိုထည့်ပြီး စားသင့်တယ်လို့ ပြောလာတယ်။ သူကိုယ်တိုင်ကလည်း အင်းဆက်တွေကို စားလားတာ ၇ နှစ်ကျော်လာပြီလို့ ဆိုပါတယ်။ အောက်စ်ဖို့ဒ်က ကုန်သွယ်မှုနဲ့ စားသုံးသူစိတ်ပညာ ဆိုင်ရာ ဒေါက်တာဘွဲ့ရ ချက်တဂျီ အင်းဆက်တွေ ကို အရသာရှိအောင် လုပ်ပြီး စားရင် ပိုအားရှိတာပေါ့ဗျာ လို့ ဆိုလိုက်ပါတယ်။

အင်ဆက်ပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာ အင်ဆက်စားတဲ့ လူဦးရေက သန်း ၂၀၀၀ နီးပါးလောက်ရှိပါတယ်လို့ ပြောပါတယ်။ အင်းဆက်ကိုအဓိက အစာအဖြစ်ပဲ စားစား ၊ မုန့်ပဲသရေစာအဖြစ် စားစား အင်ဆက်တွေကို စားတာ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တာပါပဲ။ လူတစ်ယောက်မှာ ပရိုတိန်း ၁ ကီလီုရ ဖို့အတွက် အမဲသား ကီလို ၂၀ ကိုစားသုံးရပါတယ်။ အင်းဆက်တွေကို ၁.၇ ကီလိုစားရင် ပရိုတိန်း ၁ကီလို ရနိုင်ပါတယ်။ ဆိုလိုချင်တာက မွေးမြူရေးလုပ်ငန်းတွေက နေထွက်နေတဲ့ မီသိန်း ဓာတ်ငွေ့ တွေကို တားဆီးဖို့ ဆိုရင် ပရိုတိန်း အစားထိုး စားသောက်ကုန်တွေ ကိုလိုအပ်ပါတယ်။

အင်းဆက်တွေက နည်းနည်းနဲ့ ထိရောက်တဲ့ ပရိုတိန်း စားသောက်ကုန်တွေပါပဲ။ နွားတစ်ကောင်ကို စားသုံးနိုင်ဖို့ဆိုရင် အနည်းဆုံး ခြောက်နှစ်လောက် စောင့်ရမယ် ။ နွားတစ်ကောင်က ရမယ့်ပရိုတိန်းပမာဏ ကို ပရစ် တွေကို ၆ ပတ်လောက် မွေးရုံနဲ့ ရနိုင်ပါတယ်။ အဲ့တော့ မီသိန်းဓာတ်ငွေ့ ထွက်မယ့် ပမာဏကို အများကြီးလျှော့ချနိုင်ပြီပေါ့။ ကြိုက်တဲ့ မွေးမြူရေးတိရစ္ဆာန်တွေ နဲ့ ယှဉ်ကြည့်ပါ ။ အင်းဆက်တွေဆီက ရတဲ့ သဘာဝအာဟာရတန်ဖိုးက ပိုမြှင့်ပါတယ်။ ပုရစ်တွေက အမဲသားထက် ပရိုတိန်းပိုရသလို ၊ အစားအစာလောက်ကောင်တွေက ဆော်လမွန်တွေထက်ပိုပြီး အိုမီဂါ ၃ တွေအများကြီးပိုပါတယ်။

ယင်ကောင်တွေက နို့ထက် ဗီတာမင် B2 ဓာတ်တွေ အများကြီးပိုပါတယ်။ ပြဿနာက အင်ဆက်တွေကို ဘယ်လိုစားရမလဲ ဆိုတာပါပဲ ။ ဒေါက်တာ ချက်တဂျီကတော့ “ အင်းဆက်နဲ့ ၃ ချိုး ဂျုံ ၁ ချိုးထည့် ပြီး ရင် ကိုယ့်ကြိုက်တဲ့ ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆိုရင် အဆင်ပြေပြီးပေါ့ ။ ကြော်လှော် ချက်ပြုတ် တာကတော့ ကိုယ့်သဘောပါပဲ” လို့ ဆိုပါတယ်။ ကဲ သဘာဝပတ်ဝန်းကျင် ထိန်သိမ်းချင် တယ်ဆိုရင် အင်ဆက်တွေ ကို စားလို့ရပါတယ်။ စားရဲရင်စားပေါ့ဗျာ။

မောင်ယဿ

REF: euronews

Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply