တစ်နှစ်ကို ဖန်တီးအမဲသား ပေါင် ၄သိန်းလောက် စထုတ်နိုင်ပြီလို့ ဆို

တစ်နှစ်ကို ဖန်တီးအမဲသား ပေါင် ၄သိန်းလောက် စထုတ်နိုင်ပြီလို့ ဆို

အမဲသားထုတ်လုပ်ဖို့အတွက် မွေးမြူရေးခြံ တွေတည်ဆောက် ရပါတယ်။ အဲ့ဒိခြံတွေကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်တဲ့ မီသိန်း တွေက အမြောက်အများကိုပဲ ကမ္ဘာ့လေထုထဲကိုရောက်လာပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် လိုပဲ အပူကိုစုတ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို အားကောင်စေတဲ့ ထိတ်တန်းဓာတ်ငွေ့ ထဲမှာ ပါလာပါတယ်။

ကျနော်တို့ ရဲ့ စားသောက်ကုန်ဖြစ်တဲ့ မွေးမြူရေး လုပ်ငန်းတွေက ကျနော်တို့ကမ္ဘာကြီးကို ထိခိုက်စေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ တွေကို ထုတ်နေပါတယ်။ အဲ့ဒိပြဿနာကို သိပ္ပံပညာရှင်တွေ က အဖြေရှာကြရာမှာ နည်းလမ်း တစ်ခုကိုတွေ့ခဲ့ပါတယ်။ နွားတွေရဲ့ ဆဲလ်တွေ ကို ဓာတ်ခွဲခန်းမှာ မွေးမြူပြီး အသားတွေကို စမ်းသက်ထုတ်လုပ်ကြည့်ရာမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေး အရ တွက် ခြေကိုက်နိုင် မကိုက်နိုင် ကို ထည့်ပြီး စဉ်းစားတဲ့နေရာမှာ မကိုက်ဘူး ဖြစ်နေပါတယ်။

သူတို့တွေ နည်းပညာ အဆင့်မြှင့်ဖို့လို တယ်လို့ သိလာတဲ့နောက်မှာ နောက်ထပ်စမ်းသက်မှုတွေကို လုပ်ရင် ဒီနေ့တော့ ဓာတ်ခွဲခန်းတွေကနေ ထုတ်လုပ်တဲ့ ဖန်တီး အမဲသားက လက်ရှိ နွားမွေမြူရေး ကနေ ရောင်ချနေတဲ့ အမဲသားနဲ့ တစ်ဈေးတည်း ရောင်းလာနိုင်ပါပြီ။ လုပ်ငန်းမကျယ်ပြန့်သေးတဲ့အတွက်ကြောင့် တစ်နှစ်ကို ပေါင်ချိန် ၄သိန်လောက်စထုတ်နိုင်ပြီလို့ သိရပါတယ်။

ကယ်လီဖိုးနီးယားက အသားထုတ် ဓာတ်ခွဲခန်းကနေ ဖန်တီး အမဲသား တွေကို ထုတ်တဲ့ ကုမ္ပဏီက ဆိုလိုက်တာပါ။ သူတို့ ဈေးကွက်ထဲကို တစ်နှစ်ပေါင် ၅သောင်း ပို့နေရာက ၄သိန်းအထိ တိုးထုတ်နေပါတယ်။ အဲ့ဒိပမာဏကို ထုတ်ဖို့ ဆိုရင် မွေးမြူရေး လုပ်ငန်းတွေအတွက် မြေအကျယ် စတုရန်းပေ ၅သောင်းခွဲကျော် လိုပါတယ်။ ရိုးရာမွေမြူရေး လုပ်ငန်းတွေက ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်တာနဲ့ ဒေသတွင်းသန့်စင်သောရေချို ရရှိမှုကို အန္တရာယ်ဖြစ်စေပါတယ်။ ကျနော်တို့က ဖန်တီးအသားတွေတွေကို ပိုထုတ်နိုင်လေလေ လယ်ယာမြေနဲ့ သစ်တောမြေတွေကို ပိုပြီး ရရှိနိုင်တဲ့အပြင် သဘာဝပတ်ဝန်ကျင်ကို စောင့်ရှောက်မှု ပိုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လူသားတွေအတွက် စာနက်ရိက္ခာထုတ်လုပ်မှု ပိုပြီး အဆင့်မြင့်လာနိုင် မှာ ဖြစ်ပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၅ )

REF: euronews

Photo ; euronews

About The Author

greenness_mm

No Comments

Leave a Reply