တရုတ်ရေပြင်မှာ ရေနွားတွေမျိုးတုန်းသွားပြီ

တရုတ်ရေပြင်မှာ ရေနွားတွေမျိုးတုန်းသွားပြီ

ပင်လယ်ထဲမှာ အငြိမ်းချမ်းဆုံး သတ္တဝါ တစ်ကောင်ပြပါဆိုရင် ဒူဂေါင်း လို့ခေါ်တဲ့ ရေနွားတွေပါပဲ ။ အဲ့ဒိအကောင်တွေက ရေသူမပုံပြင်တွေမှာ မပါမဖြစ်အကောင်တွေဖြစ်ပါတယ်။ ရေချို ရေငန် ၂မျိုးလုံးမှာတွေ့ရတယ်ဆိုပေမဲ့ အခုတော့ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်တွေထဲမှာ မျိုးတုန်းသွားပြီလို့ သိရပါတယ်။ ရေနွားတွေက သမုဒ္ဒရာ ရေတိမ်ပိုင်းမှာ နေတဲ့ အပင်စား နို့တိုက်သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အများဆုံး တွေ့ရတာက ပစ္စိဖိတ်သမုဒ္ဒရာရဲ့ အာရှဇုံပိုင်းမှာ ဖြစ်ပါတယ်။ ရေနွားတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသား ၃ဦးက သီးခြား သုတေသန လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ စာတန်းမှာဆိုထားတာက ရေနွားတွေကို နောက်ဆုံး တွေ့လိုက်ရတာက လွန်ခဲ့တဲ့ ၅ နှစ်ကလို့ ကမ်ခြေနေ ဒေသခံတွေ ကပြောတယ်လို့ ပါရှိပါတယ်။ တကယ်လို့ တရုတ်ရေပြင်မှာ ရေနွားတွေမျိုးတုန်း ကုန်တယ်ဆိုရင် အဲ့ဒါက ပထမဆုံး ရေနေ ကျောရိုးရှိသတ္တဝါ မျိုးတုန်းခြင်း ဖြစ်ပါတယ်။

 

ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ အဆိုအရ ရေနွားတွေက ဝဖြိုးဖြိုး နဲ့ လင်းပိုင်လို အမြီးရှိတယ်လို့ ဆိုပါတယ်။ သမုဒ္ဒရာရေတိမ်ပိုင်း ကြမ်းခင်တွေက မြက်ခင်းတွေကြားမှာပဲ နေတယ်လို့ သိရပါတယ်။ ရေနွားတွေက မာနာတီး အကောင်တွေနဲ့ ပုံစံတော်တော်တူပါတယ်။ ဒါပေမဲ့ ရေနွားတွေက အာရှပစ္စိဖိတ်ဒေသတွေမှာ အနေများပြီး ရေချိုတွေမှာလည်းနေပါတယ်။ မာနာတီးတွေထက် အကောင်သေးပါတယ်။ အပင်စားအကောင်တွေဖြစ်တဲ့ အပြင် တိုက်ခိုက်မှုတွေ မလုပ်လို့ သူတို့အတွက် မျိုးတုန်း ဖို့အန္တရာယ်က ကြီးမားသွားတာပါ။ မာနာတီးတွေက ကမ္ဘာရေထု ပူနွေးလာလို့ မျိုးတုန်းသွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ရေနွားတွေကတော့ ဘယ်လို ပြဿနာတွေကို ရင်ဆိုင်နေရသလိုဆိုတာကို အခုထိ ရှာမတွေ့သေးပါဘူး ။ ရေနွားတွေ က ပင်လယ်ရေအောက်က မြက်ပင်တွေကိုကာကွယ်ပေးထားသလို ကာဗွန်စုဆောင်းထားတဲ့အတွက် ဂေဟစနစ်ကို အများကြီး အထောက်အကူဖြစ်စေပါတယ်။

 

ရေနွားတွေ အကောင်ရေ နည်းလာတာကို ၁၉၇၀ ခုနှစ်နောက်ပိုင်းကတည်းက သတိထားမိလာကြတာပါ။ ရေနွားတွေက ရေအောက်ရွံ့ထူတဲ့နေရာတွေမှာ နေတဲ့အပြင် လူတွေ့မခံတဲ့အတွက် စစ်တမ်းကောက်ယူဖို့က အလွန်ခက်ခဲတဲ့ အကောင်တွေဖြစ်ပါတယ်။ တရုတ်နိုင်ငံ က ပြည်နယ်၄ခုက ကမ်းခြေနေ လူထုကို သုတေသီတွေက ၂၀၀၈ခုကတည်းက အင်တာဗျူးခဲ့ပါတယ်။ ငါးဖမ်းလုပ်ငန်းတွေ ၊ ဒေသတွင်း ရေကြောင်းခရီးသွားတွေ နဲ့ရေအောက်သုတေသီတွေကို စုံစမ်းမေးမြန်ရာမှာ နောက်ဆုံးတွေခဲ့ရတာ လွန်ခဲ့တဲ့ ၅ နှစ်ကလို့ ဆိုကြပါတယ်။ တရုတ်မှာ ရေနွားမျိုးတုန်းသွားပြီလို့ သတ္တုချလိုက်ရတာပါ။

မောင်ယဿ

REF: euronews

#greenness

About The Author

greenness_mm

No Comments

Leave a Reply