ထရန့်အစိုးရ ကယ်လိုက်လို့ တောပြုန်းတောင်ပြုန်း မဖြစ်သွားတဲ့.. အလာစကား

ထရန့်အစိုးရ ကယ်လိုက်လို့ တောပြုန်းတောင်ပြုန်း မဖြစ်သွားတဲ့.. အလာစကား

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကစပြီး အမေရိကားတိုက်ရဲ့ မြောက်ဖက်အစွန် အမေရိကန်နိုင်ငံပြည်နယ် တစ်ခုဖြစ်တဲ့ အလာစကားမှာ ရေနံတူးဖော်ရေး လုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပါတယ်။ ထရန့် အစိုးရ တက်လာတော့ အလာစကားက စက်မှုလုပ်ငန်းတွေ နဲ့ ရေနံတူးဖော်ရေး လုပ်ငန်းတွေကို ပြန်စိစစ်ဖို့ အမိန့် ပေးခဲ့ပါတယ်။
အလာစကားပြည်နယ်အစိုးရက ထရန့်အစိုးရရဲ့အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း ပြည်နယ်အတွင်း မှာ ရှိတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ရေနံတူဖော်ရေးလုပ်ငန်းတွေက သဘာပတ်ဝန်းကျင်ထိခိုက်မှု ဘယ်အတိုင်း အတာရှိလဲဆိုတာကို ပြန်စစ်ဆေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းထိခိုက်မှု စံနှုန်းတွေနဲ့ တိုင်းတာပြီး ရပ်သင့်တဲ့လုပ်ငန်းတွေ ရပ်ခိုင်းပြီး လုံးဝပိတ်သင့်တဲ့ လုပ်ငန်းတွေကို ပိတ်ခဲ့ပါတယ်။
အနှစ် ၃၀ အတွင်း ရေနံစိမ်းစည် သန်း ၆၀၀ နီးပါးလောက် ထုတ်လုပ်ခဲ့ တဲ့ အလာစကားပြည်နယ်က ဒေသအချို့က လုံးဝပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန် ဇီ၀မျိုးစုံ မျိုးကွဲ တော်တော် များများ မျိုးသုဥ်းသွားပါတယ်။ အချို့ မြိုးစိတျတှကေ နေရာရွှေ့ပြောင်းသွားခဲ့ပါတယ်။ အခုတော့ ဘိုင်ဒန်အစိုးရက အဲ့ဒိဒေသတွေမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွေ ပြန်လုပ်နေပါပြီ။
အဲ့နေရာတွေကို ထင်သလိုလုပ်ခဲ့ကြတယ်ဗျာ လို့ ဒေသခံ အချို့က ပြောပါတယ်။ ပြည်နယ်အစိုးရ က ဒေသတွင်း အလုပ်အကိုင်ရရှိရေး ဆိုပြီး သူတို့ စိတ်ထဲမှာ ထင်တဲ့ အတိုင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ နှစ်တွေ ကြာလာတဲ့ အချိန်မှာ အဲ့ဒိစက်မှုလုပ်ငန်းတွေရယ် မိုင်းတွင်းတွေရယ် ။ ရေနံတူးဖော်ရေးလုပ်ငန်းတွေက ပြည်နယ်ရဲ့ အချို့နေရာတွေကို ဝါးစားသလိုစားပြီး တောပြုန်း တောင်ပြုန်း ဖြစ်ကုန်ရပါတယ် လို့လည်း ဆိုပါတယ်။
အခုပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ လုပ်နေရလို့ ပြည်နယ်တွင်း အချို့နေရာတွေကို တောရိုင်း တိရစ္ဆာန်တွေ ပြန်လည်အခြေချလာတာကိုတွေ့ ရတယ်လို့လည်း သိရပါတယ်။
မောင်ယဿ
REF: greencitizen
Photo : Gc

About The Author

greenness_mm

No Comments

Leave a Reply