ဒီနှစ်ဆောင်းကို ယူကရိန်းသားတွေ ဘယ်လိုဖြတ်သန်းကြမလဲ

ဒီနှစ်ဆောင်းကို ယူကရိန်းသားတွေ ဘယ်လိုဖြတ်သန်းကြမလဲ

(ဒီအင်တာဗျူးခေါင်းစဉ်ကို မြင်ရရုံနဲ့ ဟဟ လုပ်သွားသူတွေရှိတယ်။ ကျနော်တို့ အပြစ်မမြင်လိုပါဘူး။ ဒါပေမယ့် ကျနော်တို့ ပို့စ်တစ်ခုကို ဘယ်တော့မှ အကြောင်းမဲ့မတင်ပါဘူး။ ကျနော်တို့ပြောချင်တာတွေ အများကြီး၊ ပြချင်တာတွေ အများကြီးပါ။ မြင်တတ်ဖို့ပဲလိုပါတယ်။)
ဆောင်းဝင်လာပြီဖြစ်လို့ ယူကရိန်းသားတွေအတွက် အနွေးဓာတ်ရဖို့ရာ စွမ်းအင်တစ်ခုခုကို မှီခိုရတော့မှာ ဖြစ်ပါတယ် ။
တကယ်လို့ ရုရှားတွေက ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ဒရုန်းနှင့် ဒုံးကျည်များကို ပစ်လွှတ်ကာ ပြည်တွင်းဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက်များကို ပစ်မှတ်ထားတိုက်ခိုက်လာမယ်ဆိုတဲ့အတွေးက ယူကရိန်းသားတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။
ယူကရိန်း စီးပွားရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်ရေးအဖွဲ့ Razumkov Centre မှ စွမ်းအင်ဆိုင်ရာ ပရိုဂရမ်များ ဒါရိုက်တာ Volodymyr Omelchenko က ယူကရိန်းသည် အေးခဲနေသော နေ့ရက်များအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံရနိုင်မယ်လို့ အကြံပြုထားပါတယ်။
ယူကရိန်းမှ Naftogaz ရေနံကုမ္ပဏီ ၏အဆိုအရ ယခုနှစ်တွင် စံချိန်တင်ရေနံတွင်း ၅၈ တွင်းကို တူးဖော်ဖို့အတွက် ကြိုးစားနေပါတယ် ။ Naftogaz ၏ CEO ဖြစ်သူ Oleksiy Chernyshov က ယူကရိန်းသည် ပြည်တွင်း၌ သဘာဝ ဓာတ်ငွေ့ကို လုံးလုံးလျားလျား မှီခိုနေရသည့် ၎င်း၏ ပထမဆုံး ဆောင်းရာသီကို တွေ့ကြုံရမယ်လို့ ပြောသွား ပါတယ် ။
အပူပေးရန်အတွက် သဘာဝဓာတ်ငွေ့ကိုသာ အားကိုးရတော့မယ့် ယူကရိန်းနိုင်ငံသားများသည် ဤဆောင်းရာသီတွင် ဘယ်အရာကို မျှော်လင့်နိုင်မှာလဲ ။ NV နှင့်အင်တာဗျူးတွင် Volodymyr Omelchenko သည် လာမည့်ဆောင်းရာသီအတွက် စိန်ခေါ်မှုများနှင့် အလားအလာများကို ထည့်သွင်းစဉ်းစားချက်များကို ပြောသွားပါတယ်။
မေး ။ ။ ရုရှားဂတ်စ်ကို မဝယ်ကြတော့တဲ့ နောက်ပိုင်း ဥရောပက ဘာတွေတိုးတက်လာသလဲ ။ ဘယ်နိုင်ငံက အအောင်မြင်ဆုံးလဲ ။ ဘယ်နိုင်ငံက ရုရှား ဂတ်စ်ကို အမှီခိုရဆုံးလဲ ။
ဖြေ ။ ။ လက်ရှိ အခင်းအကျင်းအရ ပြောရမယ်ဆိုရင်တော့ ရုရှားဂတ်စ်ကို မဖြစ်မနေ မှီနေရတာတော့ ဟန်ဂေရီနဲ့ စလိုဗတ်ကီးယာတို့ပါပဲ။ သူတို့ ကစိန်ခေါ်မှုကြီးကြီး နဲ့ ရင်ဆိုင်နေရတာပါ ။ နောက်ပြီးတော့ ဂျာမဏီ ၊ စပိန် ၊ ဘယ်လ်ဂျီယံနဲ့ အခြားနိုင်ငံအချို့ကလည်း ရုရှားဂတ်စ်နဲ့ ကင်းလို့မရသေးပါဘူး ။ အအောင်မြင်ဆုံး နိုင်ငံတွေကတော့ ဒိန်းမတ်နဲ့ ဆွီဒင်တို့ပါပဲ ။ သူတို့က ရုရှားဂတ်စ်တွေကို အပြီးတိုင်ဖယ်ရှားနိုင်ဖို့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်တွေ ဆီကိုရောက်ဖို့အတွက် အကောင်းဆုံးလုပ်နိုင်တဲ့အနေအထားကို ‌ရောက်နေပါတယ် ။ အီးယူအတွက်ကတော့ နမူနာယူရမဲ့ နိုင်ငံတွေပါပဲ ။
ဂျာမဏီရဲ့ လက်ရှိအခြေအနေကတော့ တော်တော်ကို အဆင်မပြေဘူးဖြစ်နေပါတယ် ။ အရင် အဓိပတိဟောင်း အိန်ဂျယ်မာကယ် လက်ထက်တုန်းက ရုရှားက လျှော့စျေး နဲ့ ပေးခဲ့တာ ၊ အခုအခြေအနေက ရုရှားဖက်က LNG တွေကို စျေးတင်ထားတယ်။ အဲ့မှာ ကုန်ကျစရိတ်တွေကများနေတော့တာပါပဲ ။ ဂျာမဏီက ဓာတုပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ၊ ဘိလပ်မြေ နဲ့ သတ္တုထုတ်လုပ်ငန်းတော်တော်များများကို ပိတ်သိ်မ်းပြီး စွမ်းအင် သုံးစွဲမှုကို လျှော့ချနေရတယ် ။
အဲ့တော့ စီးပွားရေးက ရုန်းကန်နေရတဲ့အခြေအနေထဲကို ရောက်သွားရတာပေါ့ ။ ချက်သမ္မတနိုင်ငံနှင့် အခြားသော ဗဟိုဥရောပနိုင်ငံများတွင်လည်း အလားတူပါပဲ ။ စိန်ခေါ်မှုဖြစ်လောက်အောင် မရှိပေမဲ့ သဘာဝဓာတ်ငွေ့ကိုစွန့်လွှတ်ပြီး အသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်နေတဲ့အချိန်မှာ အီးယူနိုင်ငံတွေ ဆောင်းတွင်း မှာ အေးခဲမသွားဖို့ပဲ လိုတာပါ ။ ရုရှားဓာတ်ငွေ့သည် ကုန်ပစ္စည်းတစ်ခုထက် ပိုတယ်ဆိုတဲ့ အဓိကပြဿနာက သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား စျေးနှုန်းကြီးမြင့်နေသေးတာပါပဲ ။ စွမ်းအင်စစ်ပွဲပုံစံတစ်ခုဖြစ်လာနိုင်ပါတယ်။
မေး ။ ။ ကဲ ယူကရိန်းရဲ့ အခြေခံအဆောက်အအုံတွေဖက်ကို ပြန်လှည့် ကြရအောင် ၊ ရုရှားရဲ့ တိုက်ခိုက်မှုကို ဘယ်လောက်ကာကွယ်နိုင်မှာလဲ ။
ဖြေ ။ ။ စောစောကပြောသလိုပေါ့ဗျာ ။ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ဖြန့်ဖြူးရေး ကိစ္စက ထည့်စည်းစားစရာမလိုပါဘူး ။ မြေအောက်မှာရှိနေလို့ပါပဲ ။ ဖောက်ခွဲ ဖျက်ဆီးဖို့က ခက်ပါတယ် ။ ဒါပေမဲ့ ကွန်ပရက်ဆာတွေလို ဓာတ်‌ငွေ့တွေကိုတွန်းပို့တဲ့ မြေပြင်ပေါ်က စခန်းတွေကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ လျှပ်စစ်ဓာတ်အားဖြန်ဖြူးတဲ့ နေရာတွေကတော့ အဓိက ကာကွယ်ရမယ့်နေရာတွေပါပဲ
။ အဲ့နေရာတွေက အားနည်းချက်ဖြစ်နေတယ် ။ ကျနော် အသေးစိတ် မပြောချင်ဘူးဗျာ ။
မေး ။ ။ မနှစ်ကနဲ့ယှဉ်ကြည့်ရင် ဒီနှစ်အတွက် ဂတ်စ်သိုလှောင်မှုက လုံလောက်မှု ရှိရဲ့လား ။ မြေအောက် သိုလှောင်ရုံတွေမှာ အရန် ပမာဏကရော လုံလောက်ရဲ့လား။
ဖြေ ။ ။ လက်ရှိ ကျနော်တို့ရဲ့သိုလှောင်ရုံတွေမှာ ၁၆ ဘီလီယံ ကုဗမီတာရှိပါတယ် ။ ဥရောပက လိုအပ်တယ် ဆိုရင်တောင် ကျနော်တို့ ပို့လို့ရပါတယ် ။ ၂.၄ ဘီလီယံ ကုဗမီတာဆိုရင် ကျနော်တို့လောက်ပါတယ် ။ မနှစ်ကလိုပဲ လုံလုံလောက်လောက် နဲ့ ဖြတ်သန်းသွားနိုင်မှာ ပါ ။ ဒါပေမဲ့ စျေးတော့ နည်းနည်း တက်သွားလိမ့်မယ် ။
မောင်ယဿ ဘာသာပြန်သည်။

About The Author

greenness_mm

No Comments

Leave a Reply