နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ဘယ်တီထွင်မှုတွေက ကုသပေးနေလဲ

နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ဘယ်တီထွင်မှုတွေက ကုသပေးနေလဲ

လူ့သမိုင်း ဆိုတာ တီထွင်မှုတွေနဲ့ ပြည့်နှပ်နေတဲ့ အချိန်လမ်းကြောင်း တစ်ခုပါပဲ။ လူတွေ အတော်မသတ်နိုင်တဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ အတွက် ရွေးချယ်မှုတွေကို လုပ်ရင်း တီထွင်မှုတွေက ဘေးထွက် ပစ္စည်းအဖြစ်နဲ့ ပေါ်ပေါက်လာတာပါ။ ကမ္ဘာဦးလေထုကို ကားတွေ နဲ့ ကျောက်မီးသွေးစက်ရုံ တွေက တစ်စိတ်တစ်ပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်။ ပိုးသတ်ဆေးတွေ က ဂဟ စနစ်ကို ဖျက်ဆီးလာကြတယ်၊ တောရိုင်းတွေကို အန္တရာယ်ဖြစ်စေတယ် ။
ပလပ်စတစ်တွေက သမုဒ္ဒရာကြီးကို မွန်းကျပ်စေပါတယ်။
အဲ့လိုတီထွင်မှုတွေ ရှိသလို ကမ္ဘာကြီး နာလံပြန်ထနိုင်ဖို့အတွက် အချို့ တီထွင်မှုတွေလည်း ကမ္ဘာကြီး ကို ဆေးပြန်ထိုးပေးဖို့ ပေါ်ပေါက်နေပါတယ်။

အပင်စိုက်ဒရုန်း

ကာဗွန်ဒိုင်အောက်ဆိုက်လို လေထုညစ်ညမ်းစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ဘာနဲ့သိမ်းထာလို့ ရလဲဆိုရင် သစ်ပင်စိုက်ခြင်းကလွဲလို့ အခြားနည်းလမ်းတွေက စရိတ်စက များတာပဲရှိပြီး မထိရောက်နိုင်ပါဘူး။ လေထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုတ်ယူပေးပြီး အပင်ကိုယ်ထည်းထဲမှာ သိမ်းထားပေးတယ်။ အလင်းမှီ အစာစု ဖွဲ့ ဖြစ်စဉ်ရဲ့ ဘေးထွက်ပစ္စည်းအဖြစ် အောက်စီဂျင်ထုတ်ပေးတယ် ၊ ပြီးတော့ လူနဲ့ တိရိစ္ဆာန်တွေ အတွက် အစားအစာတွေ နားခိုရာတွေကို ထုတ်ပေးတယ် ။ ဒါဆိုရင် သစ်ပင်များများ စိုက်ဖို့လိုလာပြီး ဖြစ်တယ်။

ဒါတင်ပဲလားဆိုတော့ မြေဆီဩဇာကို ပြန်လည်ဖြည့်ပေးတယ် ၊ ဂေဟစနစ်ကိုငြိမ်အောင်ထိန်းထားပေနိုင်တယ်။ ကမ္ဘာကြီးသစ်တောက တစ်နှစ်ကို ၁၈.၃ သန်း ဧက လျော့နည်းလာတယ်။အနီးစပ်ဆုံး ခန့်မှန်းလို့ ရအောင်ပြောရရင် တစ်မိနှစ်ကို ဘောလုံး ကွင်း ၂၇ ကွင်းစာ နီးပါးကိုလျော့နေတာပါ။ အဲ့ဒါတွေကို နောက်ကလိုက်ပြီး ပြန်ကယ်ဆယ်နိုင်ဖို့ က လူ့လုပ်အားနဲ့ မမီနိုင်တော့ပါဘူး။
ဒါကြောင့် ကမ္ဘာ့ အင်ဂျင်နီယာတွေက အစေ့စိုက် ရေလောင်း ပေါင်းသင်ဖို့အတွက် အဆင့်မြင့်နည်းပညာ တွေကို သုံးလာကြပါပြီ။ အင်္ဂလန် အခြေစိုက် ဘိုင်အိုကာဗွန်ကုမ္ပဏီက မျိုးစေ့ချဒရုန်းတွေကို ဖန်တီနးပြီး တစ်နှစ်ကို သစ်ပင် သန်း ၁ထောင်ကျော်ပြန်စိုက် နေပါတယ်။

သူတို့က ဒေသတွင်း အပင်စိုက်ပျိုး မှု မဟာဗျူဟာ ရေးဆွဲပြီး ဒရုန်းတွေနဲ့ မျိုးစေ့ချ ပြီးမြေပုံမှတ်ဉာဏ်ထည့်ထားပေးပါတယ်။ မြေပြင်အထက် ၆ပေကနေ မျိုးစေတွေကိုပစ်ထုတ်ပြီး အစေ့ချကာ အပင်စောင့်ရှောက်တဲ့လုပ်ငန်းတွေကို လုပ်နိုင်ခဲ့ကြပါတယ်။

မောင်ယဿ
REF: global citizen
Photo; zmescience

About The Author

greenness_mm

No Comments

Leave a Reply