နေ့စဉ်ဘဝမှာ ပလက်စတစ်ကို ဘာ​တွေနဲ့အစားထိုးမလဲ

နေ့စဉ်ဘဝမှာ ပလက်စတစ်ကို ဘာ​တွေနဲ့အစားထိုးမလဲ

မောင်ယဿ-ဘာသာပြန်သည်✍🏻✍🏻
ကမ္ဘာမှာ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ညစ်ညမ်းမှုတွေထဲမှာ ပလက်စတစ်ညစ်ညမ်းမှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရီဆိုက်ကယ် ( ပြန်သုံး )တွေနဲ့ အစားထိုးဖို့ ပညာရှင်တွေ ကြိုးစားနေပေမဲ့ ထုတ်လုပ်မှုပမာဏရဲ့ ၁၀ % လောက်ကိုပဲ စားထိုးနိုင်ပါသေးတယ်။ ၉၀% ကတော့ ကမ္ဘာမြေပေါ်မှာ အမှိုက်အဖြစ်နဲ့ အဆုံးသက်သွားကြပါတယ်။ ဒါပေမဲ့ ပလက်စတစ်တွေကို ကျနော်တို့ရဲ့ နေ့စဉ်ဘဝကနေ တဖြည်းဖြည်းချင်း ဖယ်ထုတ်လို့ရတဲ့ အလွယ်နည်းတွေ ရှိပါတယ်။ ကျနော်တို့ အမှတ်တမဲ့ဖြစ်နေလို့ပါ။

ကျနော်တို့က တစ်နှစ်ကို ဈေးဝယ်ထွက်ဖို့ ပလက်စတစ်အိတ် ကုဋေ ၁သိန်းလောက်ကို သုံးနေပါတယ်။ အဲ့ဒိထဲက ၅% ကိုပဲ ရီဆိုက်ကယ် အဖြစ်ပြန်သုံးဖြစ်ပါတယ်။ ကျနော်တို့ က အပြင်ထွက်လို့ရှိရင် ပြန်သုံးလို့ ရမယ့် အိတ်ကလေးကို ဆောင်သွားခြင်းအားဖြင့် ပလက်စတစ်အမှိုက်တွေကို ကိုယ့်ပတ်ဝန်းကျင်မှာ လျှော့ပါးသက်သာသွားမှာပါ။

ပညာရှင်တွေရဲ့ တွက်ချက်မှုအရ တစ်နှစ် တစ်နှစ် ကို စွန့်ပစ်လိုက်တဲ့ ပလက်စတစ်သွားပွတ်တံက ကုဋေ ၂၀၀၀ ကျော်တယ်လို့ ဆိုတယ်။ နှစ် ၅၀ ဆိုရင် တောင်လိုတောင်ပုံသွားနိုင်ပါတယ်။ ဝါးသွားပွတ်တံသုံးရင် စွန့်ပစ်လိုက်တဲ့ ဝါးက ၆လအကြာမှာ ပျက်စီးသွားပါပြီ။ နည်းနည်းလေးဂရုစိုက်ရမှာက သွားပွတ်တံအမျှင်တွေက ပြန်သုံးလို့ရလို့ သွားပွတ်တံမစွန့်ပစ်ခင်မှာ ဖြုတ်ထားလိုက်ဖို့ပါပဲ။

ပလက်စတစ်ပုံးတွေ ခွက်တွေ စတီးကို သုံးရင် ၁၀၀% ရီဆိုက်ကယ်ဖြစ်တာပေါ့ ၊ အလေးချိန်သိပ်မကွာပါဘူး ၊ ကိုယ့်ပတ်ဝန်းကိင်မှာ ပလက်စတစ်အမှိုက်တွေ မစုပုံချင်ရင်တော့ နည်းနည်းလေးပဲ ပို ပင်ပန်းသွားတာပါ။

ခေါင်းလျှော်ရည်တွေကို အထုတ်နဲ့ ပဲဝယ်ဝယ် ၊ ဗူးနဲ့ပဲ ဝယ်ဝယ် သုံးပြီးသွားရင် အခွံတွေကို ဘယ်လိုမှ ပြန်မသုံးနိုင်တော့ဘူး ။ ဒီအတိုင်း ပဲလွတ်ပစ်လိုက်ကြတာ ၊ ရေချိုးတဲ့ နေရာပတ်ဝန်းကျင်မှာ ခေါင်းလျှော်ရည် ထုတ်အခွံတွေက မနည်းဘူး။ အဲ့တော့ ခေါင်းလျှော်ရည်ကို အထုတ်ကလေးတွေနဲ့ ဝယ်သုံးမလား ၊ပိုက်ဆံစုပြီး ဗူးနဲ့ ဝယ်သုံး မလား ၊ တရော်ကင်ပွန်းရည်နဲ့ လျှော်မလား ၊ အခြားခေါင်းလျှော်တဲ့ နည်းစနစ်တွေကို ကြိုးစားကြည့်မလား ။စဉ်းစားပေါ့။

ဆီကြော်မုန့်နဲ့ စွန်းပေတတ်တဲ့ စားသောက်ကုန်တွေကို ပလိက်စတစ်သုံးပြီး ထုတ်ပိုးတာက အဆင်ပြေတာ မှန်ပေမဲ့ သဘာ၀ ပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့အတွက် ကတော့ ပျားဖယောင်းစက္ကူတွေနဲ့ ထုတ်ပိုးတာက ပိုပြီး သဘာဝကျပါတယ်။ အဓိကကတော့ တစ်ခါသုံး ပလက်စတစ်တွေနေရာမှာ အစားထိုးနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ဆေးကြောလျှော်ဖွတ်ပြီး ပြန်သုံးလို့ရတဲ့ ချည်မျှင် ၊ ဖယာင်း နဲ့ အပင်ထွက်အစေးတွေက ထုတ်တဲ့ ပစ္စည်းတွေကို သုံးတာက ပိုသင့်တော်တာပါပဲ။

အစားအသောက်ကို ကြိုက်တဲ့သူတွေ အတွက် ပလက်စတစ် ဇစ်အိတ်ကလေးတွေက တော်တော် အသုံးဝင် ပါတယ်။ အထားခံတဲ့ အစားအသောက်တွေကို ဇစ်အိတ်ကလေးနဲ့ ထည့်ထားပြီး သိမ်းဆည်းကြတယ်။ ကုန်သွားရင် အဲ့ဒိဇစ်အိတ်တွေကို ပြန်မသုံးဘဲ လွတ်ပစ်လိုက်ကြတယ်။ အဲ့ဒိနေရာမှာ ဆီလီကွန် ဇစ်အိတ်တွေကို သုံးလို့ ရတယ်ဆိုတာကို သတိထားလိုက်ရင် ကိုယ့်ပတ်ဝန်းကျင်မှာ ပလက်စတစ်အမှိုက် တစ်ခုသက်သာသွားတာပါ။ ဆီလီကွန် အိတ်ကလေးတွေက ဆေးကြောပြီး ပြန်သုံးလို့ ရလို့ပါပဲ။

About The Author

greenness_mm

No Comments

Leave a Reply