နှစ် ၂၀၀ကျော် ပျောက်ကွယ်သွားပြီးနောက် ရိုမေးနီးယားကို သားမင်းတွေပြန်လာ

နှစ် ၂၀၀ကျော် ပျောက်ကွယ်သွားပြီးနောက် ရိုမေးနီးယားကို သားမင်းတွေပြန်လာ

ရိုးမေးနီးယားနိုင်ငံ ကာပါသီယံ တောင်တန်းတွေပေါ်မှာ မြင်ဖူးနေကျမဟုတ်တဲ့ ခွာရာတွေ သစ်ခေါက်တွေ ပေါ်က ဂျို ရာတွေကို တွေ့ ရလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ တော်တေ်ာ စိတ်ဝင်သွားခဲ့ကြပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ အဲ့ဒါက သားမင်း ဆိုတဲ့ အကောင်တွေဖြစ်နိုင်တယ်လို့ ဆိုလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ဝမ်းသာသွားကြပါတယ်။
ရိုမေးနီးယားမှာ သားမင်းကို နောက်ဆုံး တွေ့ခဲ့ လိုက်တာက ၁၉၂၇ ခုနှစ်ကပါ။ သားမင်းတွေ မျိုးတုံး သွားပြီးလို့ ပြောလို့ ရအောင်ကို ပဲ ရိုးမေးနီးယားမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကာပါသီယံကို ဘေးမဲ့တော ဖြစ်အောင် ပတ်ဝန်ကျင်ထိန်းသိမ်းရေသမားတွေ နှစ်အတော်ကြာအောင် ကြိုးစားခဲ့ပြီးနောက် မှာတော့ ရလဒ်အနေနဲ့ သားမင်းတွေက သူတို့ ရဲ့ နေရင်းဒေသကို ပြန်လာခဲ့ကြပါတယ်။ ကာပါသီယံတောင်တန်း ထိန်းသိမ်းရေး အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ မီကူလက်စ်ကူက “ ကျနော်တို့အတွက် အရေးပေါ် အကူအညီလိုနေပါတယ်။ ကျနော်တို့ တွေ့ထားတဲ့ သက်သေတွေအရဆိုရင် သားမင်းတွေ ကျနော်တို့ဆီကို ပြန်လာနေကြပြီလို့ ဆိုရမှာပါ” လို့ ဆိုပါတယ်။
မီကူလက်စ်ကူ တို့အဖွဲ့ က သားမင်းရှာပုံတော်ဖွင့် ပြီးနောက်မှာတော့ ဆောင်ဦး နေရောင်မှာ တောင်တန်းပေါ် က မြက်ခင်းပြင်တစ်ခုမှာ သားမင်း အုတ်တစ်အုတ်ကို တွေလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းမှာ တောတန်းပေါ်က တောတွေမှာ ဟင်းသီးဟင်ရွက် ပင်တွေကို တောတွင်းမှာလိုက်စိုက်ပျိုးခဲ့ကြပါတယ်။ အပင်စားတိရစ္ဆာန်တွေအတွက် စားစရာတွေပေါများအောင် လုပ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် သားကောင်းတွေ တောမှာ ဦးရေ တိုးခဲ့ပါတယ်။ အခုတော့ နေရင်းဒေသမှာ ပျောက်သွား သားမင်းတွေ ပြန်ရောက်လာကြလို့ ဝမ်းသာမဆုံး ဖြစ်ကြရပါတယ်။ အဲ့ဒိသားမင်းအုပ်ကြီးက အကောင်ရေ ၁၅၀ လောက်ရှိပါတယ်။ ဒီနှစ်ထဲမှာ အကောင်ရေ ၂၅၀ ကျော်ဖြစ်အောင် သူတို့ ကြိုးစားကြမယ်လို့ ဆိုလာပါတယ်။
ဟတ်တာ ၈ထောင်ကျော်ကျယ်တဲ့ ဘေးမဲ့တောထဲမှာ သားမင်းတွေ ကျက်စားနိုင်ဖို့အတွက် နေရာထိုင်ခင်းတွေ လုပ်ပေးဖို့အတွက် တောအနှံ့ လိုက်လံပြင်ဆင်ပေးနေကြပါတယ်။ “ ကျနော်တို့ က စီမံကိန်းနဲ့ လုပ်နေတာမဟုတ်ဘဲ တစ်ပိုင်တစ်နိုင် လုပ်နေရတဲ့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဖြစ်အောင်တော့လုပ်ကြရမှာပါ။ ကိုယ့်ဒေသက အကောင်တွေ သူတို့ အိမ်ကိုပြန်လာတာ ဘယ်လောက်ကြည်နှုးစရာကောင်းလဲ “ လို့ မီကူလက်စ်ကူတို့ အဖွဲ့ က ဆိုပါတယ်။
မောင်ယဿ ( ဒီဇင်ဘာ ၃ )
REF: euronews
photo : rewilding europe

About The Author

greenness_mm

No Comments

Leave a Reply