ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၅ပေပဲရှိတဲ့ မနီလာမြို့ရဲ့ ရာသီပြောင်းလဲမှု

ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၅ပေပဲရှိတဲ့ မနီလာမြို့ရဲ့ ရာသီပြောင်းလဲမှု

ဖိလစ်ပိုင်ဆိုတဲ့ အရှေ့တောင်အာရှ ကျွန်းနိုင်ငံကလေးက မြေငလျှင် ၊ ဆူနာမီ ၊ ရေလွှမ်းမိုးမှု နဲ့ ဟာရီကိန်း မုန်တိုင်းတွေလို သဘာဝဘေးအန္တရာယ်တွေ မပြတ်တမ်း ခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လူဇွန်ကျွန်း ပေါ်မှာ ရှိတဲ့ မြို့တော် မနီလာရဲ့ နောက်ဖက်တစ်ခြမ်းလုံးကလည်း ပင်လယ်ကမ်းခြေဒေသဖြစ်နေပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ပေသာမြင့်တဲ့ အဲ့ဒိမြို့ က လူဦးရေသိပ်သည်းတယ်။ မြို့လယ်ကလွဲရင် တစ်ခုခုဖြစ်ရင် ရွှေ့လိုပြောင်းလို့ မလွယ်ကူလောက်အောင်ကိုပဲ အိမ်ယာတွေက သိပ်သည်းလွန်းပါတယ်။
ပြည်သူ့ဝန်ဆောင်မှု အားနည်းခြင်း ၊ သဘာဝဘေးအန္တရာယ်တစ်ခုခုပြီးရင် ပြန်လည်တည်ဆောင်မှု အားနည်းခြင်း ၊ တိုင်းပြည်အခြေခံ အဆောက်အအုံ ခိုင်ခိုင်မာမာ မရှိခြင်း ၊ ရေးဆိုးနဲ့ မိလ္လာစွန်ပစ်မှု စနစ် မကောင်းခြင်း တို့က ရာသီဥတုပြောင်းလဲမှုဖြစ်လို့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမယ်ဆိုရင် အရင်ဆုံးခံရမယ့် မြို့ ဖြစ်နေပါတယ်။
၂၀၀၉ က တိုင်းတာမှုအရ မြို့ ရဲ့ ၈၀% နှုန်းလောက်က ပင်လယ်ရေ ဝင်ရောက်မှု ကို ခံနေရပါတယ်။ ရေလွှမ်းမိုးမှုကိုကြုံနေရပါတယ်။ ၂၀၁၂ မှာ ဖိလစ်ပိုင်အစိုးရက မြို့ရေလွှမ်းမိုးမှု ကာကွယ်ရေးကို ဝန်ကြီးဌာန အဆင့်အထိတိုးချဲ့ပြီး အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် ဘတ်ဂျက် သုံးစွဲမှုတွေ လုပ်နေပါတယ်။ အဲ့ဒိဌာနရဲ့ ရည်မှန်းချက်ကတော့ အနာဂတ် မနီလာကို ရေလွှမ်းမိုးမှု က ကာကွယ်ဖို့ နဲ့ မုန်တိုင်းဒဏ်ခံ ခေတ်မီ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ပဲဖြစ်ပါတယ်။ အာရှ အခြေခံအဆောက်အအုံ ရင်နှီးမြှုပ်နှံမှုဘဏ် အဆိုအရ မနီလာမှာဆောက်နေတဲ့ အဆောက်အအုံသစ်တွေမှာ ရေစုပ်စက်တွေ ၊ ဆားငံရေ အလွယ်တကူမဝင်နိုင်မယ့်အကာကွယ်တွေ နဲ့ ရေထုတ်လမ်းကြောင်းအသစ်တွေ ကို ဖောက်လုပ်ထားတယ်လို့ သိရပါတယ်။
ရာသီပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်မနီလာမှာ ကမ္ဘာရာသီ ပြောင်းလဲမှု ကော်မရှင်ဖွဲ့ထားပါတယ်။ အဲ့ဒိကော်မရှင်က အမျိုးသားရာသီဥတုပြောင်းလဲမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေး စီမံကိန်း ၊ ရေလွှမ်းမိုးမှု ဦးစားပေး နှစ်ရှည်မဟာဗျူဟာ ၊ ရေချိုလုံလောက်မှုရှိရေး ၊ လူသားလုံခြုံဘေးကင်းရေး ၊ ရာသီဥတုပြောင်လဲမှုနဲ့ လိုက်ဖက်မယ့် စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှု တိုးလာလာစေရေး ၊ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲရေး ၊ ရေရှည်သုံးလို့ရမယ် စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်း နဲ့ ဗဟုသုတနဲ့ အသိပညာမြင့်မားရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

မောင်ယဿ
REF: time
Photo: green left

About The Author

greenness_mm

No Comments

Leave a Reply