ပင်လယ်ရေမြင့်တက်လာလို့ တူဗာလူကျွန်းမြုပ်သွားရင် ကျွန်းနိုင်ငံသားတွေ ဘယ်မှာနေခွင့်ရမလဲ

ပင်လယ်ရေမြင့်တက်လာလို့ တူဗာလူကျွန်းမြုပ်သွားရင် ကျွန်းနိုင်ငံသားတွေ ဘယ်မှာနေခွင့်ရမလဲ

တူဗာလူကျွန်းဆိုတာက သြစတေးလျရဲ့ အရှေ့ဖက် ပစ္စိဖိတ်သမုဒ္ဒရာ ကြီးထဲက ကျွန်းခွေလေးတစ်ခုဖြစ်ပါတယ်။ အဲ့ဒိကျွန်းခွေမှာ အကျယ်ဆုံးကုန်းမြေက ပေ ၁၅၀၀ ထက်မပိုပါဘူး ။ ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေ မြှင့်တက်လာတာရယ် ၊ မုန်းတိုင်းတွေ အဆက်မပြတ် ဖြစ်ပေါ်လာတယ်ဆိုရင် တူဗာလူ ကျွန်းလို ပစ္စိဖိတ် သမုဒ္ဒရာထဲမှာ လူနေတဲ့ ကျွန်းထောင်နဲ့ချီပြီး ရေမြုပ်သွားနိုင်ပါတယ်။
နိုဝင်ဘာလ ၁၀ ရက် သောကြာနေ့က Cook ကျွန်းစုရှိ ပစိဖိတ်ခေါင်းဆောင်များ အစည်းအဝေးတွင် သြစတြေးလျ ၀န်ကြီးချုပ် Anthony Albanese က တစ်နှစ်လျှင် တူဗာလူကျွန်းသား ၃၀၀ အထိ သြစတြေးလျသို့ လာခွင့်ပြုမည့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
တူဗာလူမှာက လူဦးရေ ၁၁၀၀၀ ရှိပါတယ်။
“ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုတွေ ပိုဆိုးလာတဲ့အတွက် Tuvalu ကနေထွက်ပြီး တခြားနေရာမှာ နေထိုင်၊ ကျောင်းတက်၊ အလုပ်လုပ်ဖို့ ရွေးချယ်ခွင့် ထိုက်တန်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု Albanese မှ ပြောကြားခဲ့သည်။ “သြစတေးလျသည် တူဗာလူနိုင်ငံသားများ သြစတြေးလျသို့လာရောက်ရန် အထူးလမ်းကြောင်းတစ်ခု ပေးဆောင်ရန် ကတိကဝတ်ပြုထားပါတယ်။ ‌ရွေ့ပြောင်းနေထိုင်မှုနဲ့ ပတ်သက်ပြီး သြစတြေးလျ ဝန်ဆောင်မှုများကို ဂုဏ်သိက္ခာရှိစွာ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
တူဗာလူ၏ မေတ္တာရပ်ခံချက်ဖြင့် နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေး ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စာချုပ်အသစ်ကို Falepili Union ဟုခေါ်ပြီး အိမ်နီးချင်းကောင်း၊ ဂရုစိုက်မှုနှင့် အပြန်အလှန်လေးစားမှုတို့၏ အစဉ်အလာ တန်ဖိုးများအတွက် တူဗာလူ စကားနဲ့ ချုပ်ဆိုခဲ့ပါတယ်။
Tuvalu ဝန်ကြီးချုပ် Kausea Natano က အဆိုပါ အစီအစဉ်သစ်သည် နှစ်နိုင်ငံစလုံး၏ အချုပ်အခြာအာဏာကို လေးစားပြီး ရာသီဥတုပြောင်းလဲမှုလို စိန်ခေါ်မှုများကို ဖြတ်ကျော်ကာ နိုင်ငံတစ်ခုချင်းစီကို ပံ့ပိုးကူညီသွားရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပါတယ်။
နာဆာပင်လယ်ရေမျက်နှာပြင်တိုင်းတာရေး အဖွဲ့ရဲ့ တွက်ချက်မှုအရ လာမယ့် ၂၀၅၀ မှာ တူဗာလူကျွန်းခွေက ဒီရေလှိုင်းတွေ အောက်ကိုရောက်လာနိုင်ပြီး ၂၁ ရာစုမကုန်ခင်မှာ ကျွန်းခွေတစ်ခုလုံး ပင်လယ်ရေအောက် မြုပ်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ “ရေငန်ဝင်ရောက်မှုကဲ့သို့ ရေလွှမ်းမိုးခြင်းထက် ပင်လယ်ရေ မျက်နှာပြင် သက်ရောက်မှုသည် ပိုမိုမကြာခဏဖြစ်လာပြီး လာမည့်ဆယ်စုနှစ်များအတွင်း ပိုမိုဆိုးရွားလာမည်” ဟု အဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားပါတယ် ။
မောင်ယဿ
Ref; euronews

About The Author

greenness_mm

No Comments

Leave a Reply