ပန်သီးပုံနဲ့ ငှက်ပျောသီးအရသာ သရက်ပင် စိုက်ပျိုးအောင်မြင်

ပန်သီးပုံနဲ့ ငှက်ပျောသီးအရသာ သရက်ပင် စိုက်ပျိုးအောင်မြင်

အိန္ဒိယနိုင်ငံတောင်ပိုင်း မန်ဒရာခရိုင်က ကီရူဂါဗာလူ ရွာက ခြံသမားတစ်ဦးက သူ့ခြံကနေ သရက်မျိုး ၁၁၉ မျိုးတောင် စိုက်ပျိုးနိုင်ခဲ့လို့ ဒေသတွင်း သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်း မှာ ဖော်ပြခံနေရပါတယ်။ ဒေသအတွင်းကလူတွေတင်မကဘူး ၊ ပြည်နယ်အတွင်းက လူတွေပါ စိတ်ဝင်စားမှု ခံရလို့ သူ့ခြံကို လာရောက်ကြည့်ရှု့ကြပါတယ်။
ဆေးရက်ဂန်ဒီခန်ရဲ့ ခြံက နည်နည်ရရတော့မဟုတ်ပါဘူး။ အဲ့ဒိခြံကို မျိုးဆက်နဲ့ ချီပြီး ထိန်းသိမ်းလာတာပါ ။ အခုဆိုရင် ခြံရဲ့ သက်တမ်းက နှစ် ၂၀၀ ကျော်နေပါပြီ ၊ ခြံထွက်သရက်သီးက အရသာအမျိုးမျိုး ကိုရှိလို့ မိုင်ဆိုးက မဟာရာဇာတွေတောင် ကြိုတင်မှာ စားရပါတယ်။
အခုဆိုရင် ခြံကို ထိန်သိမ်းလာတာ မျိုးဆက် ၇ ဆက်ရှိနေပါပြီ ၊ နာမည်က ဘာဒါဘောက် ( ဥယျာဉ်ကြီး ) လို့ခေါ်ပါတယ်။ ကျနော် ကလေးဘဝကတည်းက မြင်လာတာ သရက်မျိုး ၁၆၀ ကျော်ရှိပါတယ် လို့ ဂန်ဒီခန်က ဆိုပါတယ်။
ခန်ရဲ့ ခြံက အလကားနေရင်း နာမည်ကြီးတာမဟုတ်ပါဘူး ၊ သူတို့ဆီက သရက်ပင်အချို့က စပ်မျိုးတွေပါ။ အချို့ က ပုံစံရော အရသာပါ ထူးခြားနေပါတယ်။ အပင် ၅ပင်လောက်က ပန်းသီးပုံနဲ့ ငှက်ပျောသီး အရသာ ရှိနေပါတယ်။ အဲ့လို ထူးဆန်းတဲ့ အပင်တွေကလည်း အများကြီးရှိနေပါတယ်။
ခြံကိုလာလည်တဲ့သူတွေက အဲ့လို ထူးထူးဆန်းဆန်း သရက်သီးတွေကို စားချင်လို့ လာလည်ကြတာပါ။ အချို့ အပင်တွေက ရှောက်ချိုသီးအရသာရှိပါတယ်။ အချို့ ကတော့ ပုံမှန်သရက်သီး အနံ့နဲ့ လုံး၀ အချိုဓာတ်ရော အရသာပါမရှိတာပါ။ အချို့ သရက်သီးက ဇီယာစေ့ ရနံ့ နဲ့ ဆင်တူတဲ့ အနံ့ရ ပါတယ်။
အခုတော့ သူ့ရဲ့ ခြံကို စိုက်ပျိုးရေး ဝန်ကြီးဌာနက သုတေသနလုပ်ဖို့အတွက် ငှားထားပါတယ်။ အဲ့ဒိထဲက သရက်မျိုးကွဲ ၆၀ လောက်က ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိလို့ အစိုးရ ဝန်ကြီးဌာနကတော်တော် စိတ်ဝင်စားနေပါတယ်။ ဝန်ကြီးဌာန ညွှန်ချုပ်ကလည်း ဒီခြံထဲက သရက်သီးတွေက စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်မရလို့ ဈေးကောင်းရတာလည်းမပြောပါနဲ့လို့တောင် ဆိုလိုက်ပါသေးတယ် ၊၊
မောင်ယဿ
REF: world of buzz
Photo : national news

About The Author

greenness_mm

No Comments

Leave a Reply