ပလတ်စတစ်နဲ့ ပတ်သက်ပြီး ဥရောပက နောက်ကျကျန်နေတာလား

ပလတ်စတစ်နဲ့ ပတ်သက်ပြီး ဥရောပက နောက်ကျကျန်နေတာလား

                  ပလတ်စတစ်အိတ်တွေက နေရာတိုင်းမှာ ရှိပါတယ်။ ပလတ်စတစ်တွေက ကျနော်တို့ရဲ့လမ်းများပေါ်မှာအမှိုက်သရိုက်များအဖြစ်လည်းကောင်း မြစ်များချောင်းများကို ပိတ်ဆို့စေတတ်သည့် အရာအဖြစ်လည်းကောင်း သမုဒ္ဒရာများတွင် ရေနေတောရိုင်းတိရစ္ဆာန်များကို မွန်းကြပ်စေခြင်းဖြင့်လည်းကောင်း သဘာဝပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးနေပါတယ်။
ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ နှစ်ပေါင်းများစွာ မဲဆွယ်စည်းရုံးမှုအပြီးမှာ နေရာ တော်တော်များများက ပလတ်စတစ်သုံးစွဲမှုတွေကို လုံးဝတားမြစ်ခဲ့ပါတယ်။ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် တစ်ခါသုံး ပလတ်စတစ်အိတ်များကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း တားမြစ်ထားနိုင်ခဲ့သလို ၂၀၁၀ နှင့် ၂၀၁၉ ခုနှစ်အကြားတွင် ပလတ်စတစ်အိတ်များကို ဖယ်ရှားရန် ရည်ရွယ်သည့် အများပြည်သူဆိုင်ရာ မူဝါဒ အရေအတွက်များ သုံးဆတိုးလာပါတယ်။ တင်းကြပ်သော စည်းမျဉ်းများ၏ ရလဒ်များသည်လည်း ပေါ်ပါလာပါတယ်။
               ဥရောပတွင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အိုက်စလန်နှင့် အယ်လ်ဘေးနီးယားတို့ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ပါးလွှာသော ပလတ်စတစ်အိတ်များကို ပိတ်ပင်ထားပါတယ်။ နောက်ထပ် နိုင်ငံပေါင်း ၂၃ နိုင်ငံမှာလည်း စားသုံးသူများက ပလတ်စတစ်နဲ့ပတ်သတ်ပြီး အပိုအခကြေးငွေပေးဆောင် နေရပါတယ်။ ပလတ်စတစ်အိတ် အသုံးပြုမှုအပေါ်မှာ ဆွစ်ဇာလန်နှင့် နော်ဝေးတို့က ပလပ်စတစ်လုပ်ငန်းတွေကို ‘ဆန္ဒအလျောက် အခကြေးငွေ’ ချမှတ်ခွင့်ပြုထားပါတယ်။Eurostat ရဲ့ ၂၀၁၉ ဒေတာအရ ဘောလ်တစ်နှင့် နော်ဒစ်နိုင်ငံများတွင် ပလတ်စတစ်အိတ်သုံးစွဲမှုသည် အမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။ လတ်ဗီးယားနိုင်ငံတွင် လူတစ်ယောက်သည် တစ်နှစ်လျှင် ပလတ်စတစ်အိတ် ၂၈၄အိတ် အသုံးပြုနေပြီး လစ်သူယေးနီးယားနိုင်ငံတွင် ၃၃၂အိတ်ကို အသုံးပြုနေပါတယ်။ ၄င်းဒေတာက ဥရောပတွင် တခြားနိုင်ငံများထက် ပိုမိုစားသုံးနေတယ်ဆိုတာကို ပြသနေပါတယ်။ သို့သော် ၂၀၂၅ ခုနှစ်မှ စတင်၍ လတ်ဗီးယား ဆိုင်များတွင် အခမဲ့ ပလတ်စတစ်အိတ်များ ပေးဆောင်ခွင့် မပြုတော့ပါ။ အလားတူတားမြစ်ချက်ကို လစ်သူယေးနီးယားတွင် ယခုနှစ်အတွင်း အသက်ဝင်မည်ဖြစ်ပါတယ်။
            ပလတ်စတစ်အိတ် အနိမ့်ဆုံးအသုံးပြုမှုကို ပေါ်တူဂီ (၈)၊ ဘယ်လ်ဂျီယံ (၁၇) နှင့် ပိုလန် (၂၃) တို့တွင် တွေ့ရှိနိုင်ပါတယ်။ ပေါ်တူဂီသည် ပိုလန်ပြီးနောက် ၂ နှစ်အကြာ ၂၀၂၁ ခုနှစ်တွင် အိတ်များကို ပိတ်ပင်ခဲ့ပါတယ်။ပလတ်စတစ်သုံးစွဲမှုအခွန်ကောက်ခံခြင်းက အများပြည်သူအတွက် စိတ်အနှောက်အယှက်ဖြစ်စေသောလည်း ၄င်းကြောင့် ပလတ်စတစ်အိတ်သုံးစွဲမှု ၉၀%နီးပါ ကျဆင်းသွားခြင်းက သဘာဝပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့ အခွန်ကောက်ခံမှုဖြစ်ပါတယ်။
မောင်ယဿ ဘာသာပြန်သည်
ref: euronews

About The Author

greenness_mm

No Comments

Leave a Reply