ပိုးသတ်ဆေးတွေမှာ ထာဝရဓာတုပစ္စည်းတွေတွေ့လို့ အီးယူတိုင်ပတ်နေပြီ

ပိုးသတ်ဆေးတွေမှာ ထာဝရဓာတုပစ္စည်းတွေတွေ့လို့ အီးယူတိုင်ပတ်နေပြီ

ထာဝရ ဓာတုပစ္စည်းဆိုတာ PFAS (Per- and polyfluorinated alkyl substances) ဆိုတဲ့ ဓာတုပစ္စည်းဖြစ်ပြီး သဘာဝမှာမတွေ့ရဘဲ လူလုပ်ဓာတုပစ္စည်းဖြစ်ပါတယ်။ အဲ့ဒါတွေက ပျက်စီးမလွယ်ဘဲ ပျက်စီးဖို့ဆိုရင် နှစ်ကို ထောင်နဲ့ချီပြီး စောင့်ရပါတယ်။ အစားအသောက်ထဲကနေ လူရဲ့ခန္တာကိုယ်ထဲကိုရောက်သွားပြီး စုပုံလာမယ် ဆိုရင်တော့ အသည်းပျက်စီးမယ်၊ သိုင်းရွိုက်ဂလင်းပျက်စီးမယ်၊ အဝလွန် ၊ မျိုးမအောင်တာနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
NGOs Générations Futures and Pesticide Action Network (PAN) Europe အဖွဲ့က ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ပိုးသတ်ဆေးများတွင်ပါရှိတဲ့ ထာဝရဓာတုပစ္စည်းများ၏ ‘အရေးတကြီး’ ခြိမ်းခြောက်မှု ကိုစုံစမ်း ဖော်ထုတ်ဖို့ လိုလာပြီလို့ ဖော်ပြထားပါတယ်။
ဥရောပစိုက်ခင်းတွေမှာအသုံးပြုနေတဲ့ ပိုးသတ်ဆေးများတွင် ဒါဇင်ပေါင်းများစွာသော ဓာတုပစ္စည်းများသည် ‘ထာဝရဓာတုပစ္စည်း’ ဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြလာပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ၎င်းပိုးသတ်ဆေးအသုံးပြုမှုကို ကန့်သတ်ရန်နှင့် ဓာတုပစ္စည်းများကို ထိန်းချုပ်သည့် ၎င်း၏ REACH စည်းမျဉ်းကို ပြန်လည်သုံးသပ်ဖို့လိုလာပြီလို့ စာတမ်းက ထောက်ပြထားပါတယ် ။
PAN Europe မှ သိပ္ပံနှင့် မူဝါဒရေးရာ အကြီးအကဲ Angeliki Lysimachou က “အဲ့ဒါတွေရဲ့ ကြာရှည်ခံမှုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့်အတူရှိသွားမှာပါ။ ခက်တာက PFAS ကို လယ်ကွင်းများနဲ့ အစားအစာများပေါ်တွင် ရည်ရွယ်ချက်ရှိရှိ ဖြန်းနေတာကို တွေ့ရှိရခြင်းမှာ အံ့အားသင့်စရာဖြစ်နေတာပါပဲ။ သတ်မှတ်ထားသော အန္တရာယ်များအားလုံးကို သတိပေးပြီး ၎င်းတို့၏အသုံးပြုမှုကို ချက်ချင်းရပ်တန့် သင့်ပါတယ်” လို့ပြောသွားပါတယ်။
NGO နှစ်ခု၏ ပူးတွဲအစီရင်ခံစာသစ်တွင် ပိုးသတ်ဆေးများတွင် လက်ရှိအသုံးပြုရန် အတည်ပြုထားသည့် တက်ကြွသော ဓာတုပစ္စည်း ၃၇ မျိုးမှာ PFAS ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ် ။ ၎င်းသည် အတည်ပြုထားသော ဓာတုဗေဒပစ္စည်းအားလုံး၏ ၁၂ ရာခိုင်နှုန်းနှင့် ညီမျှနေပါတယ် ။
မကြာသေးမီက သုတေသနပြုချက်များအရ ကမ္ဘာမြေပေါ်ရှိ မိုးရေများသည် ကမ္ဘာနေရာတိုင်းတွင် အန္တရာယ် မကင်းသော ထာဝရ ဓာတုပစ္စည်းများပါဝင်သည်ဟူသော သတင်းကဲ့သို့သော ထိတ်လန့်ဖွယ်ရာ တွေ့ရှိချက်များ ကို ထုတ်ဖော်ပြသခဲ့သည်။ ဤညစ်ညမ်းမှုတွင် ဓာတုကုန်ထုတ်စက်ရုံများမှ မီးငြှိမ်းသတ်ရေး အမြှုပ်များအထိ ဖြစ်နိုင်ခြေအရင်းအမြစ်များစွာရှိပါတယ်။
ပြင်သစ်နိုင်ငံတွင် ၎င်းတို့၏အသုံးပြုမှုကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာခဲ့ရာ ပိုးသတ်ဆေးတွင် လက်ရှိအသုံးပြုရန် ခွင့်ပြုထားသည့် တက်ကြွသော ဓာတုပစ္စည်း ၃၀ မှာ PFAS ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါပစ္စည်းများ ရောင်းချမှုသည် ၂၀၂၁ ခုနှစ်တွင် ၂၃၃၂ တန်အထိရောက်ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်၍ သုံးဆကျော်တိုးလာခဲ့တယ်လို့ သိရပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply