ပေါင်းသတ်ဆေးအသုံးပြုခြင်း‌ရဲ့ နောက်ဆက်တွဲပြဿနာ

ပေါင်းသတ်ဆေးအသုံးပြုခြင်း‌ရဲ့ နောက်ဆက်တွဲပြဿနာ

ပေါင်းသတ်ဆေးဟာ ပေါင်းပင်တွေ၊ကိုင်းပင်တွေကိုသာမက အပင်ကြီးတွေကိုပါ အမြစ်အထိသေသွားအောင် အာနိသင်ပြင်းထန်ပါတယ်။
အဆိုပါပေါင်းသတ်ဆေးနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းထဲက တောင်သူနှစ်ဦးနဲ့ Greenness က မေးမြန်းခဲ့ပါတယ်။
မေး။ ဒီဆေးနှင့်ပတ်သက်ပြီး အတွေ့အကြုံလေးပြောပေးပါလား။
တောင်သူ (၁) ။ ကျနော့မှာ ပဲခင်းလေးကွက်ရှိပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ပဲမကျဲခင် ပေါင်းတွေကို ပေါင်းသတ်ဆေးနဲ့သတ်လိုက်တယ်။ လူအတော်သက်သာတာကိုး။ ပြီးတော့ပဲစိုက်။ အဲ့ဒီနှစ်က ပဲတစ်ကွက်ကိုနှစ်ဆယ်နှုန်းနဲ့ ပဲရှစ်ဆယ်ရခဲ့တယ်။ နောက်နှစ်လည်း ဒီ‌ပေါင်းသတ်ဆေးနဲ့ပဲ ပဲမစိုက်မီပေါင်းသတ်တယ်။ အဲ့ဒီနှစ်ကစပြီး ပဲတစ်ကွင်းဟာ တစ်ဆယ်အပြင်မထွက်တာခုထိပါပဲ။ လုံးဝကိုမြေဆီလွှာပျက်သွားတာပေါ့။ ခုထိပဲထွက်နူန်းက တက်မလာသေးပါဘူး။ ရှစ်ဆယ်ရတဲ့ပဲခင်းလေးကွက်ဟာ လေးဆယ်ဝန်းကျင်ပဲရနေတာ လေးနှစ်ရှိပါပြီ။ ဘယ်အချိန်ပြန်ကောင်းမလဲမပြောနိုင်ဘူး။
တောင်သူ (၂)။ ကျွန်မတို့ကတော့ ဒီပေါင်းသတ်ဆေးကို လယ်ရေပေးတဲ့မြောင်းဘောင်ကို ဖျန်းမိတာပါ။ ကိုင်းပင်တွေသေအောင်ပေါ့။ ကိုင်းပင်တွေသေရုံမကဘူး။ ရွံ့နေနဲ့စေးနေတဲ့မြေဟာ အချပ်လိုက်ကြီးတွေဖြစ်ပြီး ကမ်းပါးတွေပြိုတာ။ ကျွန်မတို့လည်းတော်တော်လန့်သွားတယ်။ နှစ်တိုင်းမုန့်ညင်းတွေစိုက်ရနေတဲ့ ဒီမြောင်းဘောင်တွေဟာ ခုထိစိုက်မရသေးဘူး။ သုံးနှစ်လောက်ရှိပြီ။
ဒီပေါင်းသတ်ဆေးနဲ့ပတ်သက်ပြီး မေးရာမှာ အဆိုပါတောင်သူနှစ်ဦးက ပေါင်းသတ်ဆေးကို ဖြစ်နိုင်မယ်ဆိုရင် လုံးဝအသုံးမပြုကြဖို့ ပြောကြပါတယ်။
-ဒါဟာ သတိထားစရာပါ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာတွေဟာ သုံးတိုင်းကောင်းတဲ့အရာတွေမဟုတ်ပါဘူး။ အစပိုင်းမှာ အဆင်ပြေသလိုဖြစ်ပေမယ့် နောက်ပိုင်းကျရင် ဆုံးရှုံးမှုနဲ့ပဲ ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးပညာရှင်တွေက ဓာတုကင်းစင်စိုက်ခင်းတွေ၊ အော်ဂဲနစ်စိုက်ခင်းတွေကို စိုက်ပျိုးဖို့ အကြံပြုနှိုးဆော်‌ နေကြတာဖြစ်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply