ပြင်သစ်ကတော့ အသီးအရွက်တွေကို ပလက်စတစ်နဲ့ မထုပ်ဖို့ စ တားပြီ

ပြင်သစ်ကတော့ အသီးအရွက်တွေကို ပလက်စတစ်နဲ့ မထုပ်ဖို့ စ တားပြီ

ဒီအပတ်စနေနေ့ ကစပြီး ပြင်သစ်နိုင်ငံမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပလက်စတစ်နဲ့ မထုပ်ပိုး ဖို့အတွက် အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကုန်ပစ္စည်းထုပ်ပိုးတဲ့ လုပ်ငန်တွေအားလုံးကိုလည်း ဒိအမိန့်ကို ဖြန့်‌ဝေထားတယ်လို့လည်း သိရပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား‌တွေက အဲ့လို သမ္မတက အမိန့် ထုတ်ပြီး တားမြစ်ဖို့အတွက် နှစ်ပေါင်းများစွာ ကြို ပမ်းရကျိုး နပ်သွားပါတယ်။ သမ္မတ မာခွန်ကလည်း လက်တွေ့ကျပြီး ဖြစ်နိုင်တဲ့ တောင်ဆိုချက်ဖြစ်လို့ ထောက်ခံမှု အပြည့်ပေးလိုက်ပါတယ်။

အမိန့်ကို ထုတ်လိုက်တယ်ဆိုပေမဲ့ ဥပဒေအဖြစ် ၂၀၂၆ ရောက်မှ စတင်ကျငိ့သုံးမှာဖြစ်ပြီး နောက် ၆လ အတွင်း အမိန့်ကို အတိအကျလိုက်နာစရာ မလိုသေးဘူးလို့လည်း ဆိုပါတယ်။ သစ်သီးဆိုင် ပိုင်ရှင် အချို့ကတော့ အဲ့ဒိသမ္မတ က ဘယ်တုန်းကမှ တိုင်တိုင်ပင်ပင် မရှိဘူး .။ ကျနော်တို့နဲ့ မဆွေးနွေးဘူး လို့ ပြစ်တင်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

ပြင်သစ်ပန်းသီး တန်ချိန် ၄သောင်းလောက် နှစ်စဥ်ဝယ်နေတဲ့ ဗြိတိန် ကျွန်းစုကို ပလက်စတစ်မသုံးဘဲ တင်ပို့မယ်ဆိုရင် ထုတ်ပိုးမှုကုန်ကျစရိတ် ၂၀% ကျော် ကုန်ကျသွားဖွယ်ရာရှိနေတဲ့အတွက်ကြောင့် စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

ပလက်စတစ် အစာထိုး ပစ္စည်းတွေ အဆင်သင့်မဖြစ်သေးဘဲ သမ္မတက အတင်းအကျပ် မသုံးနဲ့လို့အမိန့်ထုတ်လိုက်ခြင်းက လက်တွေ့နဲ့ ကင်းကွာလို့ စီပွားရေးလုပ်ငန်းတွေကို ကယ်ရာမရာက်ဘဲ နှစ်ရာ‌ရောက်နေတယ်လို့ လည်း သစ်သီး နဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်ရေး ကုမ္ပဏီတွေက ဆိုကြပါတယ်။

 

မောင်ယဿ ( ဇန် ၂ )
REF: AFP
Photo: AFP

About The Author

greenness_mm

No Comments

Leave a Reply